သင့္မွာ မၾကာခဏတြဲလိုက္၊ျပတ္္လိုက္ အခ်စ္ေရးရွိေနတာ ဒီအခ်က္ေတြေၾကာင့္ပါ…

သင့္မွာ မၾကာခဏတြဲလိုက္၊ျပတ္္လိုက္ အခ်စ္ေရးရွိေနတာ ဒီအခ်က္ေတြေၾကာင့္ပါ…

သင့္အခ်စ္ေရးက ခ်စ္သူေတြေတာ့ ရွိေနပါရဲ႕။ ဒါေပမယ့္ တြဲလိုက္ ျပတ္လိုက္ နဲ႔ အခ်စ္ေတြ လြယ္လြယ္ ျပတ္ျပတ္သြားတာ ကေတာ့ အေၾကာင္းအရင္း ရွိပါတယ္ ။ ဒီလို တြဲျပတ္အခ်စ္ေရးကို ပိုင္ဆိုင္ထားရတာကေတာ့ အခုလို အခ်က္ တစ္ခ်ိဳ႕ေၾကာင့္ပဲ ျဖစ္ပါတယ္ …။

(၁) ခံစားလြယ္လို႔”

အခ်စ္နဲ႔ ပတ္သတ္လာရင္ ခံစားလြယ္တဲ့သူေတြ ရွိပါတယ္။ သူတုိ႔ေတြကေတာ့ သူတို႔ကို ခ်စ္လာတဲ့သူေတြကို နားလည္ေပးတတ္သလို သူတို႔ကို ခ်စ္ျပတဲ့ သူေတြအေပၚလည္း ရင္ခုန္တတ္ပါတယ္။ ဒါေၾကာင့္ အခ်စ္ကို ခံစားမိၿပီး ခ်စ္သူအျဖစ္ လက္ခံတတ္ၾကပါတယ္။ ၿပီးေတာ့လည္း ထားသြားတာ ခံလိုက္ ရတာပါပဲ …။

(၂) မစဥ္းစားလို႔”

လူေတြအေၾကာင္း သိပ္မသိတဲ့ ရိုးသားလြန္းတဲ့ ေကာင္မေလးေတြ ရွိပါတယ္။ သူတို႔ေတြကေတာ့ သူတို႔ကို ခ်စ္တယ္လို႔ လာေျပာရင္လည္း တကယ္လို႔ ထင္တတ္ၾကၿပီး ခ်စ္ျပရင္လည္း ခ်စ္ေနၾကလို႔ပဲ ယူဆတတ္ၾကပါတယ္။ တကယ္တမ္းေတာ့ က်ားဆိုတာက ကစားတတ္တဲ့ သေဘာရွိတာကို မသိၾကတာပါ။ ဒါေၾကာင့္ ျပန္ခ်စ္မိရင္ ကိုယ္ပဲ ရင္ကြဲရ တတ္ပါတယ္ …။

(၃) စိတ္ႏုလြန္းလို႔”

စိတ္္ႏုလြန္းတဲ့ ေကာင္မေလးေတြကေတာ့ သူမ်ားကို ခံစားေပးတတ္ၾကသလို လြယ္လြယ္ခ်စ္မိတတ္ၾကပါတယ္။ သူတို႔ေတြက သူတို႔ကို အသနားခံလိုက္တာနဲ႔ အေျဖေပးမိတတ္ၾကသူေတြလည္း ျဖစ္ပါတယ္။ သူတုိ႔က စိတ္ႏုလြန္းတာကို ေကာင္ေလးေတြက စိတ္ျပတ္ၿပီး ထားခဲ့တာမ်ိဳးကိုလည္း ၾကံဳေနရတတ္ပါေသးတယ္ေနာ္ …။

(၄) အခ်စ္စစ္ မဟုတ္ေသးလို႔”

အခ်စ္စစ္ မဟုတ္သေရြ႕ေတာ့ အခ်စ္ေတြ ခိုင္ျမဲဦးမွာ မဟုတ္ပါဘူး။ သင့္ကို တကယ္ခ်စ္္တဲ့သူ မေတြ႔သေရြ႕ေတာ့ သင္ ေရြးခ်ယ္မိတိုင္းမွာ တြဲျပတ္ဆက္ဆံေရး ျဖစ္ေနမွာပါပဲ။ ဒီေတာ့ ေသခ်ာစဥ္းစားမွသာ တြဲျပတ္အခ်စ္ေရးကို မၾကာခဏ မၾကံဳမွာပဲ ျဖစ္ပါတယ္ …။

(၅) အခ်စ္ကို ကစားသူေတြေၾကာင့္”

အခ်စ္ကို ေပါ့ေပါ့ပဲပဲ သေဘာထားသူေတြ ရွိပါတယ္။ သင့္ဘက္က တည္တည္တံ့တံ့ ေတြးေပမယ့္ တည္တည္တံ့တံ့ မေတြးသူေတြ ရွိေနပါတယ္။ ေယာက်ၤားေလး အခ်ိဳ႕ကေတာ့ ခ်စ္မွ ေကာင္မေလးေတြကို ခ်စ္ေၾကာင္း ေျပာၾကတာ မဟုတ္ပါဘူး။ စိတ္ဝင္စားရံုေလာက္နဲ႔ ေျပာတာမ်ိဳးအျပင္ ပါးစပ္ေဆာ့ၿပီး ေျပာၾကတာေတြလည္း ရွိပါတယ္။ သူတို႔ကေတာ့ သင့္ဆီက လိုခ်င္ရရင္ သို႔မဟုတ္ ၿငီးေငြ႔လာရင္ သင့္ကို ထားသြားေနမွာပါပဲေနာ္ …။ ။

Kham

(Aunty May)

Unicode Version ဖြင့်ဖတ်ရန်

သင့်မှာ မကြာခဏတွဲလိုက်၊ပြတ်လိုက် အချစ်ရေးရှိနေတာ ဒီအချက်တွေကြောင့်ပါ…

သင့်အချစ်ရေးက ချစ်သူတွေတော့ ရှိနေပါရဲ့။ ဒါပေမယ့် တွဲလိုက် ပြတ်လိုက် နဲ့ အချစ်တွေ လွယ်လွယ် ပြတ်ပြတ်သွားတာ ကတော့ အကြောင်းအရင်း ရှိပါတယ် ။ ဒီလို တွဲပြတ်အချစ်ရေးကို ပိုင်ဆိုင်ထားရတာကတော့ အခုလို အချက် တစ်ချို့ကြောင့်ပဲ ဖြစ်ပါတယ် …။

(၁) ခံစားလွယ်လို့”

အချစ်နဲ့ ပတ်သတ်လာရင် ခံစားလွယ်တဲ့သူတွေ ရှိပါတယ်။ သူတို့တွေကတော့ သူတို့ကို ချစ်လာတဲ့သူတွေကို နားလည်ပေးတတ်သလို သူတို့ကို ချစ်ပြတဲ့ သူတွေအပေါ်လည်း ရင်ခုန်တတ်ပါတယ်။ ဒါကြောင့် အချစ်ကို ခံစားမိပြီး ချစ်သူအဖြစ် လက်ခံတတ်ကြပါတယ်။ ပြီးတော့လည်း ထားသွားတာ ခံလိုက် ရတာပါပဲ …။

(၂) မစဉ်းစားလို့”

လူတွေအကြောင်း သိပ်မသိတဲ့ ရိုးသားလွန်းတဲ့ ကောင်မလေးတွေ ရှိပါတယ်။ သူတို့တွေကတော့ သူတို့ကို ချစ်တယ်လို့ လာပြောရင်လည်း တကယ်လို့ ထင်တတ်ကြပြီး ချစ်ပြရင်လည်း ချစ်နေကြလို့ပဲ ယူဆတတ်ကြပါတယ်။ တကယ်တမ်းတော့ ကျားဆိုတာက ကစားတတ်တဲ့ သဘောရှိတာကို မသိကြတာပါ။ ဒါကြောင့် ပြန်ချစ်မိရင် ကိုယ်ပဲ ရင်ကွဲရ တတ်ပါတယ် …။

(၃) စိတ်နုလွန်းလို့”

စိတ်နုလွန်းတဲ့ ကောင်မလေးတွေကတော့ သူများကို ခံစားပေးတတ်ကြသလို လွယ်လွယ်ချစ်မိတတ်ကြပါတယ်။ သူတို့တွေက သူတို့ကို အသနားခံလိုက်တာနဲ့ အဖြေပေးမိတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့က စိတ်နုလွန်းတာကို ကောင်လေးတွေက စိတ်ပြတ်ပြီး ထားခဲ့တာမျိုးကိုလည်း ကြုံနေရတတ်ပါသေးတယ်နော် …။

(၄) အချစ်စစ် မဟုတ်သေးလို့”

အချစ်စစ် မဟုတ်သရွေ့တော့ အချစ်တွေ ခိုင်မြဲဦးမှာ မဟုတ်ပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူ မတွေ့သရွေ့တော့ သင် ရွေးချယ်မိတိုင်းမှာ တွဲပြတ်ဆက်ဆံရေး ဖြစ်နေမှာပါပဲ။ ဒီတော့ သေချာစဉ်းစားမှသာ တွဲပြတ်အချစ်ရေးကို မကြာခဏ မကြုံမှာပဲ ဖြစ်ပါတယ် …။

(၅) အချစ်ကို ကစားသူတွေကြောင့်”

အချစ်ကို ပေါ့ပေါ့ပဲပဲ သဘောထားသူတွေ ရှိပါတယ်။ သင့်ဘက်က တည်တည်တံ့တံ့ တွေးပေမယ့် တည်တည်တံ့တံ့ မတွေးသူတွေ ရှိနေပါတယ်။ ယောင်္ကျားလေး အချို့ကတော့ ချစ်မှ ကောင်မလေးတွေကို ချစ်ကြောင်း ပြောကြတာ မဟုတ်ပါဘူး။ စိတ်ဝင်စားရုံလောက်နဲ့ ပြောတာမျိုးအပြင် ပါးစပ်ဆော့ပြီး ပြောကြတာတွေလည်း ရှိပါတယ်။ သူတို့ကတော့ သင့်ဆီက လိုချင်ရရင် သို့မဟုတ် ငြီးငွေ့လာရင် သင့်ကို ထားသွားနေမှာပါပဲနော် …။ ။

Kham

(Aunty May)

Leave a Comment