

အမှားနဲ့အမှန် ….




























Nan Khin May Win

Credit

Unicode

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ပြုပြင်ပြောင်းလဲလို့မှမရတာ..

အမှားနဲ့အမှန်

ဒီခေတ်မှာ အီတတ်တဲ့ယောင်္ကျားကတော့

မိန်းမမြင်တိုင်းအီနေမှာပဲ။

ပွေရှူပ်တတ်တဲ့ယောင်္ကျားကတော့ မိန်းမမြင်တိုင်းရှူပ်ပွေဖို့ကြိုးစားမှာပဲ။

ချူစားတတ်တဲ့ယောင်္ကျားကတော့

မိန်းမမြင်တိုင်း ချူလို့ရမလားလို့လိုက်ဖမ်းနေမှာပဲ။

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ပြုပြင်ပြောင်းလဲလို့မှမရတာ..

မိန်းမသားတွေကသာ အမှားနဲ့အမှန်ကိုခွဲခြားတတ်ဖို့ပဲလိုပါတယ်။

ယောင်္ကျားတစ်ယောက်က ဆင်းရဲရဲ,ချမ်းသာသာ

ကိုယ်ကျင့်တရားနဲ့ဗီဇမကောင်းရင် အစထဲကမစဉ်းစားတာကောင်းပါတယ်။

ခက်နေတာကမိန်းမသားတွေပါပဲ။

ငွေမက်တဲ့မိန်းမတွေက ယောင်္ကျားတစ်ယောက်ရဲ့ဗီဇဆိုးကိုမမြင်ပဲ

ချမ်းသာကြွယ်ဝမူတွေကိုပဲမြင်တတ်ကြတယ်။

အချစ်ကိုကိုးကွယ်တဲ့မိန်းမတွေက

ယောင်္ကျားတစ်ယောက်ရဲ့

အပြစ်ဆိုးတွေကိုမမြင်ပဲ အချစ်တွေပဲဝင်နေတတ်ကြတယ်။

နောက်ဆုံးရလဒ်ကတော့ဝမ်းနည်းနာကျင်စရာတွေပဲ ကျန်ခဲ့ရတယ်မဟုတ်လား…?

တစ်ကယ်က, ဘဝတစ်ခုလုံးအတွတ်ဆိုရင်

ယောင်္ကျားတစ်ယောက်ရဲ့ ရာထူးဂုဏ်ရှိန်တွေကိုမမက်မောပါနဲ့။

ယောင်္ကျားတစ်ယောက်ဆီကချမ်းသာကြွယ်ဝမူတွေကိုမမြော်လင့်ပါနဲ့။

ယောင်္ကျားတစ်ယောက်ရဲ့

အဆိပ်လူးထားတဲ့စကားချိုချိုတွေကြားမှာလည်းမသာယာလိုက်ပါနဲ့။

ယောင်္ကျားတစ်ယောက်က,ကိုယ့်ဆီက

တစ်ခုခုကိုမြော်လင့်လို့မြူဆွယ်နေတဲ့ထောင်ချောက်တွေကြားမှာလည်းနစ်မြောမသွားပါနဲ့။

မိန်းမသားတစ်ယောက်ရဲ့ဘဝမှာ

ယောင်္ကျားတစ်ယောက်ရဲ့ဆင်းရဲခြင်း,ချမ်းသာခြင်းတွေကိုမကြည့်ရဘူး။

ကိုယ့်ကိုအပျော်ရွှင်ဆုံး,စိတ်အချမ်းသာဆုံး,

ထားပေးနိုင်တဲ့သူတစ်ယောက်ကိုသာမှန်မှန်ကန်ကန်ရွေးချယ်တတ်ပါစေ။

Nan Khin May Win

Credit

Leave a Comment