အိုေသြး အမ်ိဳးအစား ပိုင္ရွင္ေတြမွာသာ ရွိေနတတ္တဲ့ လကၡဏာရပ္ေလးမ်ား

အိုေသြး အမ်ိဳးအစား ပိုင္ရွင္ေတြမွာသာ ရွိေနတတ္တဲ့ လကၡဏာရပ္ေလးမ်ား

ကဗ်ာဆရာလွသန္းရဲ႕ နာမည္ႀကီး ကဗ်ာစာေၾကာင္းတစ္ေၾကာင္း ရွိပါတယ္။ ကိုယ့္ေသြးအမ်ိဳးအစား ကိုယ္သိဖို႔လိုတယ္တဲ့။

ဒါကေတာ့ ေသြးအမ်ိဳးအစားကေန ကိုယ့္ရဲ႕ အေၾကာင္းေတြကို ေသခ်ာ သိႏိုင္တယ္ဆိုတဲ့ သေဘာပါပဲ။

ကိုယ့္ရဲ႕ ေသြးအမ်ိဳးအစားရဲ႕ အေၾကာင္းအျပင္ ဒီေသြးအမ်ိဳးအစား ပိုင္ရွင္ေတြမွာ ရွိေနတတ္တဲ့ လကၡဏာရပ္ေတြကို သိထားရင္ေတာ့ ပိုၿပီးေကာင္းပါတယ္။

ဒါေၾကာင့္ အိုေသြးအုပ္စုပိုင္ရွင္ေတြမွာသာ ရွိတဲ့ လကၡဏာေတြကို ေျပာျပလိုက္ရပါတယ္ေနာ္။

(၁) အိုေသြးအုပ္စုက အျခားေသြးအုပ္စုေတြအတြက္ ေသြးလႉလို႔ရတယ္

ဒါကေတာ့ အိုေသြးအုပ္စုပိုင္ရွင္ေတြ ပိုင္ဆိုင္ထားတဲ့ အထူးျခားဆုံးလကၡဏာပဲ ျဖစ္ပါတယ္။ ေသြးကေနတဆင့္ ကုသိုလ္ယူဖို႔ သဘာဝတရားက ေပးလိုက္တဲ့ လက္ေဆာင္လို႔ေတာင္ ေျပာလို႔ရပါတယ္။

positive ေသြးအုပ္စုပိုင္ရွင္ကိုမဆို အိုေသြးအုပ္စုပိုင္ရွင္ေတြက ေသြးကေနတဆင့္ ကုသိုလ္ျပဳလို႔ရပါတယ္။ ဒါေပမယ့္ သူ႕တို႔ကိုယ္တိုင္အတြက္က်ေတာ့ ေသြးအုပ္စုတူတာကိုပဲ အသုံးျပဳလို႔ရပါတယ္။

ဒါေလးကေတာ့ အိုေသြးအုပ္စုပိုင္ရွင္ေတြမွာ ရွိေနတဲ့ အားနည္းခ်က္ေလးပဲေပါ့ေနာ္။

(၂) ရည္မွန္းခ်က္ႀကီးၾကတယ္

အိုေသြးအုပ္စုပိုင္ရွင္ေတြဟာ ဆုံးျဖတ္ခ်က္ ျပတ္သားၿပီး သူ႕တို႔မွာ ရွိတဲ့အားအကုန္သုံးၿပီး လိုခ်င္တာရေအာင္ ယူတတ္ၾကတဲ့ ရည္မွန္းခ်က္ႀကီးၾကသူေတြပဲ ျဖစ္ပါတယ္ .. ။

သူတို႔ ဘာကို စြမ္းနိုင္တယ္၊ သူတို႔လိုခ်င္တာကို ရေအာင္ယူနိုင္တယ္လို႔ သူတို႔ကိုသူတို႔ ယုံၾကည္ၾကသူေတြျဖစ္တာေၾကာင့္ ေအာင္ျမင္ၾကသူေတြလည္း ျဖစ္ၾကပါတယ္။

အေသးအဖြဲကိစၥေလးေတြေလာက္နဲ႕ သူတို႔က ရင္မခုန္တတ္ၾကပါဘူး။ အႀကီးႀကီးေတြး၊ အႀကီးႀကီးလုပ္ကိုင္ၾကသူေတြကိုး။

(၃) အလိုက္သင့္ေနထိုင္တတ္သူေတြ ျဖစ္ၾကတယ္

ေနရာေဒသအလိုက္ အျပဳအမူ အေျပာအဆို၊ အေတြးအေခၚ ေျပာင္းရတာ ရွိပါတယ္။ ဒီလို အလိုက္သင့္အလ်ားသင့္ ေနနိုင္မွသာ ရည္မွန္းခ်က္ကို ေပါက္ေျမာက္ေအာင္ျမင္ဖို႔အတြက္ အခြင့္ေကာင္းေတြ ရလာမွာပဲ ျဖစ္ပါတယ္။
ဒီလိုေနရာမွာေတာ့ အိုေသြးအုပ္စုပိုင္ရွင္ေတြက ဆရာက်ၾကတယ္လို႔ ေျပာရမွာပါ။ သူတို႔ေတြဟာ ေဒသအလိုက္၊ အခက္အခဲအလိုက္၊ သူတို႔နဲ႕ကိုက္ေအာင္ ေနထိုင္တတ္ၾကတဲ့ စရိုက္ရွိၾကတာေၾကာင့္ ဘယ္ေနရာမွာမဆို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရွင္သန္ေနထိုင္တတ္ၾကသူေတြ ျဖစ္ပါတယ္။

(၄) ရက္ေရာၾကသူေတြ ျဖစ္ၾကတယ္

ဒီအခ်က္ကေတာ့ ပထမဆုံးအခ်က္ကေန လာတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ေသြးရဲ႕ ဇီဝေဗဒ ဗီဇအရကို အမ်ားအတြက္ ေကာင္းက်ိဳးျပဳတာေၾကာင့္ သူတို႔ေတြဟာ ရက္ေရာၾကသူေတြ ျဖစ္ပါတယ္။

လိုအပ္တဲ့သူေတြ၊ မိတ္ေဆြအတြက္ ခ်စ္ျခင္းေမတၱာနဲ႕ လူလူခ်င္း တန္ဖိုးထားတတ္ၾကတာေၾကာင့္ သူတို႔မွာရွိတဲ့ ႐ုပ္ဝတၳဳပစၥည္းေတြကို ေပးလိုက္ဖို႔၊ လႉလိုက္ဖို႔ ဒုတိယအႀကိမ္ မစဥ္းစားၾကတဲ့သူေတြ ျဖစ္ၾကပါတယ္။

(၅) ေခါင္းေဆာင္မႈစြမ္းရည္ ျပည့္ဝၾကတယ္

အခက္အခဲေတြနဲ႕ စိန္ေခၚမႈေတြက အိုေသြးအုပ္စုပိုင္ရွင္ေတြကို တုန္လႈပ္ေစမွာ မဟုတ္ပါဘူး။ အဲ့ဒီအစား သူတို႔ေတြက အခက္အခဲေတြနဲ႕ စိန္ေခၚမႈေတြကို ေထြးပိုက္ၿပီး တျခားသူေတြကို ေရွ႕ကေန မားမားမတ္မတ္ ဦးေဆာင္ျပနိုင္ၾကပါေသးတယ္။

အနစ္နာလည္း ခံတတ္ၿပီး ျပႆနာေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႕ ေျဖရွင္းတတ္ၾကတာေၾကာင့္ ေခါင္းေဆာင္မႈစြမ္းရည္အတြက္ လိုအပ္တဲ့ အရည္အခ်င္းေတြက သူတို႔ဆီမွာ ရွိေနျပန္ပါတယ္။

(၆) အေပါင္းအသင္းမ်ားၾကတယ္

လူေတြကို ခ်စ္ခင္တယ္၊ တျခားလူေတြရဲ႕ အခက္အခဲေတြကို စိတ္ဆႏၵရွိရွိ ေျဖရွင္းေပးတတ္ၾကတာေၾကာင့္ သူတို႔ေဘးမွာ အေပါင္းအသင္းေတြ ဝိုင္းေနတတ္ၾကသူေတြလည္း ျဖစ္ပါတယ္။

မိတ္ေဆြအေပါင္းအသင္းမ်ားျခင္းဟာ ဗုဒၶဘုရားရွင္ရဲ႕ မဂၤလာတရားေတာ္နဲ႕အညီျဖစ္တာေၾကာင့္ မဂၤလာရွိေနၾကသူေတြလည္း ျဖစ္ၾကျပန္ပါေသးတယ္။

(၇) ေအေသြးအုပ္စုပိုင္ရွင္ေတြအေပၚေတာ့ တစ္ကိုယ္ေကာင္းနည္းနည္း ဆန္တတ္ၾကတယ္

ဒီအခ်က္ကေတာ့ အိုေသြးအုပ္စုပိုင္ရွင္ေတြမွာ ရွိတတ္တဲ့ အားနည္းခ်က္ျဖစ္ပါတယ္။ သူတို႔ေတြဟာ တျခားသူေတြအေပၚ ဘယ္ေလာက္ပဲ ရက္ေရာရက္ေရာ ေအေသြးအုပ္စုပိုင္ရွင္ေတြအေပၚေတာ့ တစ္ကိုယ္ေကာင္းဆန္တတ္ၾကပါတယ္။
ဒါကိုေတာ့ အိုေသြးအုပ္စုပိုင္ရွင္ေတြအနနဲ႕ ျပင္ယူရမယ့္အခ်က္လည္း ျဖစ္ပါတယ္။

Kham

Unicode

အိုသွေး အမျိုးအစား ပိုင်ရှင်တွေမှာသာ ရှိနေတတ်တဲ့ လက္ခဏာရပ်လေးများ

ကဗျာဆရာလှသန်းရဲ့ နာမည်ကြီး ကဗျာစာကြောင်းတစ်ကြောင်း ရှိပါတယ်။ ကိုယ့်သွေးအမျိုးအစား ကိုယ်သိဖို့လိုတယ်တဲ့။

ဒါကတော့ သွေးအမျိုးအစားကနေ ကိုယ့်ရဲ့ အကြောင်းတွေကို သေချာ သိနိုင်တယ်ဆိုတဲ့ သဘောပါပဲ။

ကိုယ့်ရဲ့ သွေးအမျိုးအစားရဲ့ အကြောင်းအပြင် ဒီသွေးအမျိုးအစား ပိုင်ရှင်တွေမှာ ရှိနေတတ်တဲ့ လက္ခဏာရပ်တွေကို သိထားရင်တော့ ပိုပြီးကောင်းပါတယ်။

ဒါကြောင့် အိုသွေးအုပ်စုပိုင်ရှင်တွေမှာသာ ရှိတဲ့ လက္ခဏာတွေကို ပြောပြလိုက်ရပါတယ်နော်။

(၁) အိုသွေးအုပ်စုက အခြားသွေးအုပ်စုတွေအတွက် သွေးလှူလို့ရတယ်

ဒါကတော့ အိုသွေးအုပ်စုပိုင်ရှင်တွေ ပိုင်ဆိုင်ထားတဲ့ အထူးခြားဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ သွေးကနေတဆင့် ကုသိုလ်ယူဖို့ သဘာဝတရားက ပေးလိုက်တဲ့ လက်ဆောင်လို့တောင် ပြောလို့ရပါတယ်။

positive သွေးအုပ်စုပိုင်ရှင်ကိုမဆို အိုသွေးအုပ်စုပိုင်ရှင်တွေက သွေးကနေတဆင့် ကုသိုလ်ပြုလို့ရပါတယ်။ ဒါပေမယ့် သူ့တို့ကိုယ်တိုင်အတွက်ကျတော့ သွေးအုပ်စုတူတာကိုပဲ အသုံးပြုလို့ရပါတယ်။

ဒါလေးကတော့ အိုသွေးအုပ်စုပိုင်ရှင်တွေမှာ ရှိနေတဲ့ အားနည်းချက်လေးပဲပေါ့နော်။

(၂) ရည်မှန်းချက်ကြီးကြတယ်

အိုသွေးအုပ်စုပိုင်ရှင်တွေဟာ ဆုံးဖြတ်ချက် ပြတ်သားပြီး သူ့တို့မှာ ရှိတဲ့အားအကုန်သုံးပြီး လိုချင်တာရအောင် ယူတတ်ကြတဲ့ ရည်မှန်းချက်ကြီးကြသူတွေပဲ ဖြစ်ပါတယ် .. ။

သူတို့ ဘာကို စွမ်းနိုင်တယ်၊ သူတို့လိုချင်တာကို ရအောင်ယူနိုင်တယ်လို့ သူတို့ကိုသူတို့ ယုံကြည်ကြသူတွေဖြစ်တာကြောင့် အောင်မြင်ကြသူတွေလည်း ဖြစ်ကြပါတယ်။

အသေးအဖွဲကိစ္စလေးတွေလောက်နဲ့ သူတို့က ရင်မခုန်တတ်ကြပါဘူး။ အကြီးကြီးတွေး၊ အကြီးကြီးလုပ်ကိုင်ကြသူတွေကိုး။

(၃) အလိုက်သင့်နေထိုင်တတ်သူတွေ ဖြစ်ကြတယ်

နေရာဒေသအလိုက် အပြုအမူ အပြောအဆို၊ အတွေးအခေါ် ပြောင်းရတာ ရှိပါတယ်။ ဒီလို အလိုက်သင့်အလျားသင့် နေနိုင်မှသာ ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်ဖို့အတွက် အခွင့်ကောင်းတွေ ရလာမှာပဲ ဖြစ်ပါတယ်။
ဒီလိုနေရာမှာတော့ အိုသွေးအုပ်စုပိုင်ရှင်တွေက ဆရာကျကြတယ်လို့ ပြောရမှာပါ။ သူတို့တွေဟာ ဒေသအလိုက်၊ အခက်အခဲအလိုက်၊ သူတို့နဲ့ကိုက်အောင် နေထိုင်တတ်ကြတဲ့ စရိုက်ရှိကြတာကြောင့် ဘယ်နေရာမှာမဆို ပျော်ပျော်ရွှင်ရွှင် ရှင်သန်နေထိုင်တတ်ကြသူတွေ ဖြစ်ပါတယ်။

(၄) ရက်ရောကြသူတွေ ဖြစ်ကြတယ်

ဒီအချက်ကတော့ ပထမဆုံးအချက်ကနေ လာတယ်လို့တောင် ပြောလို့ရပါတယ်။ သွေးရဲ့ ဇီဝဗေဒ ဗီဇအရကို အများအတွက် ကောင်းကျိုးပြုတာကြောင့် သူတို့တွေဟာ ရက်ရောကြသူတွေ ဖြစ်ပါတယ်။

လိုအပ်တဲ့သူတွေ၊ မိတ်ဆွေအတွက် ချစ်ခြင်းမေတ္တာနဲ့ လူလူချင်း တန်ဖိုးထားတတ်ကြတာကြောင့် သူတို့မှာရှိတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ပေးလိုက်ဖို့၊ လှူလိုက်ဖို့ ဒုတိယအကြိမ် မစဉ်းစားကြတဲ့သူတွေ ဖြစ်ကြပါတယ်။

(၅) ခေါင်းဆောင်မှုစွမ်းရည် ပြည့်ဝကြတယ်

အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေက အိုသွေးအုပ်စုပိုင်ရှင်တွေကို တုန်လှုပ်စေမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား သူတို့တွေက အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ထွေးပိုက်ပြီး တခြားသူတွေကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ပြနိုင်ကြပါသေးတယ်။

အနစ်နာလည်း ခံတတ်ပြီး ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်ကြတာကြောင့် ခေါင်းဆောင်မှုစွမ်းရည်အတွက် လိုအပ်တဲ့ အရည်အချင်းတွေက သူတို့ဆီမှာ ရှိနေပြန်ပါတယ်။

(၆) အပေါင်းအသင်းများကြတယ်

လူတွေကို ချစ်ခင်တယ်၊ တခြားလူတွေရဲ့ အခက်အခဲတွေကို စိတ်ဆန္ဒရှိရှိ ဖြေရှင်းပေးတတ်ကြတာကြောင့် သူတို့ဘေးမှာ အပေါင်းအသင်းတွေ ဝိုင်းနေတတ်ကြသူတွေလည်း ဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းအသင်းများခြင်းဟာ ဗုဒ္ဓဘုရားရှင်ရဲ့ မင်္ဂလာတရားတော်နဲ့အညီဖြစ်တာကြောင့် မင်္ဂလာရှိနေကြသူတွေလည်း ဖြစ်ကြပြန်ပါသေးတယ်။

(၇) အေသွေးအုပ်စုပိုင်ရှင်တွေအပေါ်တော့ တစ်ကိုယ်ကောင်းနည်းနည်း ဆန်တတ်ကြတယ်

ဒီအချက်ကတော့ အိုသွေးအုပ်စုပိုင်ရှင်တွေမှာ ရှိတတ်တဲ့ အားနည်းချက်ဖြစ်ပါတယ်။ သူတို့တွေဟာ တခြားသူတွေအပေါ် ဘယ်လောက်ပဲ ရက်ရောရက်ရော အေသွေးအုပ်စုပိုင်ရှင်တွေအပေါ်တော့ တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။
ဒါကိုတော့ အိုသွေးအုပ်စုပိုင်ရှင်တွေအနနဲ့ ပြင်ယူရမယ့်အချက်လည်း ဖြစ်ပါတယ်။

Kham

Leave a Comment