ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ မယူသင့္တဲ့ ေယာက်္ား….
{လင္မြဲ}
ဘယ္ေလာက္ပဲခ်စ္ခ်စ္စီးပြားေရးအသိတရားမရွိဘူးဆိုရင္အိမ္ေထာင္ေရးဟာ ေရမ႐ွိတဲ့အိုင္မွာ ေနရတဲ့ ငါးလိုပဲ ပူေလာင္ေျခာက္ေသြ႔လြန္းပါတယ္။ဒါ့ေၾကာင္႔ မြဲတဲ့ေယာက်္ားကို မယူေလနဲ႔ …။
{လင္နာ}
မဂၤလာဦးညကစလို႔ျဖစ္လိုက္တဲ့ေရာဂါႀကီးေသးေပါင္းစံု၊ပိုးေမြးသလိုေမြးေနရမယ့္ ကိုခ်ဴ ခ်ာ၊ကုလိုက္ရတဲ့ေဆး၊႐ွိသမ်ွ အကုန္ေျပာင္ …၊
အက်ိဳးစီးပြားတိုးတက္ရာလမ္းမျမင္ ဆုတ္ယုတ္ရန္သာ႐ွိ မယူေလနဲ႔အမိ …။
{လင္အရက္သမား(လင္သူရာႀကိဳက္)}
အရက္ေသစာ၊ယခုေခတ္ေတာ့ မူးယစ္ေဆးေသာက္စား မူးယစ္တတ္တဲ့ ေယာက်္ားမိတ္ေကာင္းေဆြေကာင္းမ႐ွိ၊ ဂုဏ္သိကၡာကင္းမဲ့၊ ေက်ာ္ေစာမႈနတၳိ၊ စီးပြားဥစၥာပ်က္ျပား …၊
ကိုယ့္လက္ထဲေရာက္မွ ျပဳ ျပင္ပါ့မယ္၊ကိုယ္ကိုင္တြယ္ပါ့မယ္လို႔မေတြးနဲ႔ ကတိေတ္ ေလနဲ႔။လ်ွာမွာ အ႐ိုးမ႐ွိ။အလကား ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ပဲ …။
{လင္မိုက္ (လင္ရမ္းကား)}
ထစ္ခနဲ႐ွိ ဆဲေရး၊ ေပးစား၊အိုးခြက္ ပန္းကန္မက်န္ ကုန္ေအာင္ ႐ိုက္ခြဲ …။
ေျခပါလက္ပါ ရမ္းကား။ ယူမိရင္ မ်က္ရည္နဲ႔ ဒူးနဲ႔ ဝမ္းဆက္ ျဖစ္ရလိမ့္မယ္ …။
{လင္ဖ်င္း}
အစစအရာရာ မိန္းမကသာ ဦးေဆာင္ရတယ္။ အစပိုင္းေတာ့ မိုက္တယ္ …။
ခ်စ္လို႔ပဲ ဦးစားေပးသေယာင္ေယာင္၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ္ပိုင္ ရပ္တည္ခ်က္ မ႐ွိ …။
ႏြားမ်ားလို သူမ်ားခိုင္းတာ နားစြင့္ၿပီး လုပ္တတ္တဲ့ ေယာက်္ား။ လင္႐ုပ္ေသး ေဝးေဝးကသာ ေ႐ွာင္ …။
{လင္ပ်င္း}
ေသခ်ာတယ္ ခ်စ္သူဘဝမွာ ကတည္းကထမင္းေတာင္ခြံ႔ေကြၽးရလိမ့္မယ္။ မိခင္စိတ္႐ွိတတ္တဲ့မိန္းကေလးေတြအဖို႔သေဘာက်စရာပဲ …။
ဒီလိုအစားၾကာၾကာဝါးမွ ခါးမွန္းသိမယ္။မိတ္ေဆြေကာင္းမ႐ွိ။ အပ်င္းထူအေရထြက္ စီးပြားမတက္ …။
{လင္အို}
အိုတဲ့ေယာက်္ားသူမ်ားအတြက္ေရာ၊မိန္းမအတြက္ေရာဘယ္ေနရာမ်ားအသံုးတဲ့တာ႐ွိသတုန္း။သဝန္တိုတတ္တာ ႏွစ္ေယာက္မ႐ွိ …။
သူမစြမ္းတာ သူသိတိုင္းလူတစ္ကာနဲ႔ေပးစား စိတ္ကိုမီးလိုပူေစတဲ့ေယာက်္ား ေဝးရာက႐ွားေလာ့ ခ်စ္သမီး …။
{လင္အလိုမျပည့္}
ဘယ္ေလာက္ပဲ…ေကာင္းေအာင္လုပ္ေပးေပး ေက်းဇူးတရားကို မသိ၊ အဆိုးအျပစ္သာ ျမင္တတ္ေျပာတတ္တဲ့ ေယာက်္ား..၊
အျပဳသေဘာမေဆာင္ အပ်က္သေဘာ၊ အဖ်က္သေဘာသာ ႐ွိတဲ့ေယာက်္ား အလကားပဲ။ ႀကိဳက္ရင္လည္း ယူေတာ္မူ…မတားလိုပါ …။
(ဝဋ္ေႂကြးဆပ္လိုတဲ့သေဘာ)
ဤစာဖတ္သူမ်ား အားလံုးခ်စ္ရေသာသူနွင့္ ရိုးေျမက် ေပါင္းဖက္နိုင္ပါေစလို႔ ေရႊခ်စ္သူမွ ဆုေတာင္းေမတၱာ ပို႔သေပးပါတယ္ …။
မွ်ေဝေပးျခင္းဟာလည္း ေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္ …။ ။
Credit: ဘဝသုတ_စာေပ Page
Unicode
ဘယ်လောက်ပဲ ချစ်ချစ် မယူသင့်တဲ့ ယောက်ျား….
{လင်မွဲ}
ဘယ်လောက်ပဲချစ်ချစ်စီးပွားရေးအသိတရားမရှိဘူးဆိုရင်အိမ်ထောင်ရေးဟာ ရေမရှိတဲ့အိုင်မှာ နေရတဲ့ ငါးလိုပဲ ပူလောင်ခြောက်သွေ့လွန်းပါတယ်။ဒါ့ကြောင့် မွဲတဲ့ယောက်ျားကို မယူလေနဲ့ …။
{လင်နာ}
မင်္ဂလာဦးညကစလို့ဖြစ်လိုက်တဲ့ရောဂါကြီးသေးပေါင်းစုံ၊ပိုးမွေးသလိုမွေးနေရမယ့် ကိုချူ ချာ၊ကုလိုက်ရတဲ့ဆေး၊ရှိသမျှ အကုန်ပြောင် …၊
အကျိုးစီးပွားတိုးတက်ရာလမ်းမမြင် ဆုတ်ယုတ်ရန်သာရှိ မယူလေနဲ့အမိ …။
{လင်အရက်သမား(လင်သူရာကြိုက်)}
အရက်သေစာ၊ယခုခေတ်တော့ မူးယစ်ဆေးသောက်စား မူးယစ်တတ်တဲ့ ယောက်ျားမိတ်ကောင်းဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာပျက်ပြား …၊
ကိုယ့်လက်ထဲရောက်မှ ပြု ပြင်ပါ့မယ်၊ကိုယ်ကိုင်တွယ်ပါ့မယ်လို့မတွေးနဲ့ ကတိတေ် လေနဲ့။လျှာမှာ အရိုးမရှိ။အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ …။
{လင်မိုက် (လင်ရမ်းကား)}
ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊အိုးခွက် ပန်းကန်မကျန် ကုန်အောင် ရိုက်ခွဲ …။
ခြေပါလက်ပါ ရမ်းကား။ ယူမိရင် မျက်ရည်နဲ့ ဒူးနဲ့ ဝမ်းဆက် ဖြစ်ရလိမ့်မယ် …။
{လင်ဖျင်း}
အစစအရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ် …။
ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ်ပိုင် ရပ်တည်ချက် မရှိ …။
နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ ယောက်ျား။ လင်ရုပ်သေး ဝေးဝေးကသာ ရှောင် …။
{လင်ပျင်း}
သေချာတယ် ချစ်သူဘဝမှာ ကတည်းကထမင်းတောင်ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ်ရှိတတ်တဲ့မိန်းကလေးတွေအဖို့သဘောကျစရာပဲ …။
ဒီလိုအစားကြာကြာဝါးမှ ခါးမှန်းသိမယ်။မိတ်ဆွေကောင်းမရှိ။ အပျင်းထူအရေထွက် စီးပွားမတက် …။
{လင်အို}
အိုတဲ့ယောက်ျားသူများအတွက်ရော၊မိန်းမအတွက်ရောဘယ်နေရာများအသုံးတဲ့တာရှိသတုန်း။သဝန်တိုတတ်တာ နှစ်ယောက်မရှိ …။
သူမစွမ်းတာ သူသိတိုင်းလူတစ်ကာနဲ့ပေးစား စိတ်ကိုမီးလိုပူစေတဲ့ယောက်ျား ဝေးရာကရှားလော့ ချစ်သမီး …။
{လင်အလိုမပြည့်}
ဘယ်လောက်ပဲ…ကောင်းအောင်လုပ်ပေးပေး ကျေးဇူးတရားကို မသိ၊ အဆိုးအပြစ်သာ မြင်တတ်ပြောတတ်တဲ့ ယောက်ျား..၊
အပြုသဘောမဆောင် အပျက်သဘော၊ အဖျက်သဘောသာ ရှိတဲ့ယောက်ျား အလကားပဲ။ ကြိုက်ရင်လည်း ယူတော်မူ…မတားလိုပါ …။
(ဝဋ်ကြွေးဆပ်လိုတဲ့သဘော)
ဤစာဖတ်သူများ အားလုံးချစ်ရသောသူနှင့် ရိုးမြေကျ ပေါင်းဖက်နိုင်ပါစေလို့ ရွှေချစ်သူမှ ဆုတောင်းမေတ္တာ ပို့သပေးပါတယ် …။
မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် …။ ။
Credit: ဘဝသုတ_စာပေ Page