အဆင္ေျပေနတယ္လို႔ေတာ့ ဘယ္ဟုတ္ပါ့မလဲ ဒီလိုပဲ ေျပေအာင္ေနေနတာပါ

အဆင္ေျပေနတယ္လို႔ေတာ့ ဘယ္ဟုတ္ပါ့မလဲ ဒီလိုပဲ ေျပေအာင္ေနေနတာပါ

အဆင္ေျပေနတယ္လို႔ေတာ့ ဘယ္ဟုတ္ပါ့မလဲ . . ..

ဒီလိုပဲ လဲက်လိုက္ ျပန္ထလိုက္နဲ႔ ဒဏ္ရာေတြၾကားမွာ ေပ်ာ္ေအာင္ေနေနတာပါ ။

တစ္ခါတစ္ေလ ဘာဆိုဘာမွ အဆင္မေျပတတ္တဲ့ရက္ေတြေတာင္ ဘဝမွာ အမ်ားႀကီးပဲ ။

ဒါေပမယ့္ ထပ္ၿပီး မညည္းညဴခ်င္ေတာ့ဘူး အဆင္ေျပသည္ ျဖစ္ေစ မေျပဘူးျဖစ္ေစ ျပဳံးႏိုင္ေအာင္ ျပဳံးပါတယ္

ဒုကၡေတြကို မ်က္ႏွာမွာ မေပၚေအာင္ထားတယ္ ဒါေၾကာင့္ ျပဳံးေနတိုင္း ေပ်ာ္ေနတယ္လို႔ေတာ့ တရားေသ မတြက္ထားပါနဲ႔

ေပ်ာ္လာမလားဆိုၿပီး ျပဳံးၾကည့္ရတဲ့ ရက္ေတြလဲ ႐ွိပါတယ္ ကိုယ့္ရဲ႕ အဆင္ေျပျခင္း မေျပျခင္းဆိုတာ ကိုယ္ကိုယ္တိုင္နဲ႔ပဲဆိုင္တာေလ ဟုတ္တယ္မလား

အဲ့ဒီအတြက္ ဘယ္လိုအပူမ်ိဳးမွ ကိုယ့္ခ်စ္ရ ခင္ရတဲ့သူေတြ မေပးခ်င္ဘူး အဆင္ေျပေနတဲ့အခါ အတူတူရယ္ေကာင္း ရယ္ၾကမယ္

ကိုယ္အဆင္မေျပတဲ့အခါ အလွဆုံးျပဳံးထားၿပီး ကိုယ္တစ္ေယာက္တည္းသာ ငိုပါမယ္ ကိုယ့္အပူ မကူးစက္ေစလိုတဲ့ တကယ့္ေစတနာပါ ဟန္ေဆာင္လိမ္ညာျခင္းလို႔ ေခါင္းစဥ္မတပ္ပါနဲ႔

လူတိုင္းမွာ ေမြးဖြားလာကတည္းက သူ႕ကံ ကိုယ့္ကံဆိုၿပီး ပါလာၿပီးသားပါ အဆင္မေျပလို႔လဲ ဘယ္သူ႕ကိုမွ အျပစ္တင္ပုံမခ်နဲ႔

ကံဆိုတာ အၿမဲတမ္း အဆိုးဘက္မွာႀကီး ႐ွိေနတာမဟုတ္ဘူး ငါးပ်ံတစ္လွည့္ ဗုံလုံတစ္လွည့္ေပါ့ ေကာင္းတဲ့ကံေတြ ေရာက္လာတဲ့အထိ ခံႏိုင္ရည္႐ွိဖို႔လို႔တယ္ေလ

ကိုယ္ ခံႏိုင္ရည္လဲ ႐ွိသင့္သေလာက္ေတာ့ ႐ွိေနပါၿပီ ဘဝမွာ အၿမဲတမ္း အဆင္ေျပေနတယ္လို႔လဲ ဘယ္ဟုတ္ပါ့မလဲ

ဒီလိုပဲ လဲက်လိုက္ ျပန္ထလိုက္နဲ႔ ဒဏ္ရာေတြၾကားမွာ ေပ်ာ္ေအာင္ေနေနရတာပါ

ကိုယ္မေပ်ာ္ရင္ ကိုယ္ရဲ႕ တစ္ရက္ အလကားနစ္နာသြားခဲ့မွာေလ အတတ္ႏိုင္ဆုံးေတာ့ ေပ်ာ္ေအာင္ ေနေနရတာပါပဲ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

Unicode

အဆင်ပြေနေတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ဒီလိုပဲ ပြေအောင်နေနေတာပါ

အဆင်ပြေနေတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ . . ..

ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့ ဒဏ်ရာတွေကြားမှာ ပျော်အောင်နေနေတာပါ ။

တစ်ခါတစ်လေ ဘာဆိုဘာမှ အဆင်မပြေတတ်တဲ့ရက်တွေတောင် ဘဝမှာ အများကြီးပဲ ။

ဒါပေမယ့် ထပ်ပြီး မညည်းညူချင်တော့ဘူး အဆင်ပြေသည် ဖြစ်စေ မပြေဘူးဖြစ်စေ ပြုံးနိုင်အောင် ပြုံးပါတယ်

ဒုက္ခတွေကို မျက်နှာမှာ မပေါ်အောင်ထားတယ် ဒါကြောင့် ပြုံးနေတိုင်း ပျော်နေတယ်လို့တော့ တရားသေ မတွက်ထားပါနဲ့

ပျော်လာမလားဆိုပြီး ပြုံးကြည့်ရတဲ့ ရက်တွေလဲ ရှိပါတယ် ကိုယ့်ရဲ့ အဆင်ပြေခြင်း မပြေခြင်းဆိုတာ ကိုယ်ကိုယ်တိုင်နဲ့ပဲဆိုင်တာလေ ဟုတ်တယ်မလား

အဲ့ဒီအတွက် ဘယ်လိုအပူမျိုးမှ ကိုယ့်ချစ်ရ ခင်ရတဲ့သူတွေ မပေးချင်ဘူး အဆင်ပြေနေတဲ့အခါ အတူတူရယ်ကောင်း ရယ်ကြမယ်

ကိုယ်အဆင်မပြေတဲ့အခါ အလှဆုံးပြုံးထားပြီး ကိုယ်တစ်ယောက်တည်းသာ ငိုပါမယ် ကိုယ့်အပူ မကူးစက်စေလိုတဲ့ တကယ့်စေတနာပါ ဟန်ဆောင်လိမ်ညာခြင်းလို့ ခေါင်းစဉ်မတပ်ပါနဲ့

လူတိုင်းမှာ မွေးဖွားလာကတည်းက သူ့ကံ ကိုယ့်ကံဆိုပြီး ပါလာပြီးသားပါ အဆင်မပြေလို့လဲ ဘယ်သူ့ကိုမှ အပြစ်တင်ပုံမချနဲ့

ကံဆိုတာ အမြဲတမ်း အဆိုးဘက်မှာကြီး ရှိနေတာမဟုတ်ဘူး ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ပေါ့ ကောင်းတဲ့ကံတွေ ရောက်လာတဲ့အထိ ခံနိုင်ရည်ရှိဖို့လို့တယ်လေ

ကိုယ် ခံနိုင်ရည်လဲ ရှိသင့်သလောက်တော့ ရှိနေပါပြီ ဘဝမှာ အမြဲတမ်း အဆင်ပြေနေတယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲ

ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့ ဒဏ်ရာတွေကြားမှာ ပျော်အောင်နေနေရတာပါ

ကိုယ်မပျော်ရင် ကိုယ်ရဲ့ တစ်ရက် အလကားနစ်နာသွားခဲ့မှာလေ အတတ်နိုင်ဆုံးတော့ ပျော်အောင် နေနေရတာပါပဲ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း