Credit
ဝက်ခြံကင်းစင်ပြီး ညီညာတဲ့အသားအရည်ဖြစ်အောင် မျက်နှာကိုဆေးကြောနည်း…
မျက်နှာပေါ်မှာရှိတဲ့ အရေပြားက တစ်ခါတစ်လေ မညီညာပါဘူး။ နဖူးပေါ်မှာ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကြောင့် အမဲစက်တွေဖြစ်နေတာတွေ နှာခေါင်းမှာ နေလောင်ဒဏ်ကြောင့် မဲနေတာမျိုးတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် အဲ့လို မညီမညာဖြစ်နေတဲ့ မျက်နှာက အရေပြားတွေကို မျက်နှာပုံမှန် သစ်ပေးတာနဲ့ ညီညာပျောက်ကင်းစေမယ့် နည်းလေးကို ဖော်ပြပေးပါမယ်နော် …။
ပါဝင်တဲ့ ပစ္စည်းနှစ်ခုကတော့ ခရမ်းချဉ်သီးရယ် နွားနို့ရယ်ပါ။ ခရမ်းချဉ်သီးနဲ့ နွားနို့ကို ရောပြီး အပါတ်တိုင်းမျက်နှာကို ဆေးကြောပေးခြင်းက မျက်နှာမှာရှိတဲ့ ဝက်ခြံတွေကိုလျော့ပါးစေပြီးတော့ ညီညာတဲ့ အသားအရေကို ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ် …။
ပထမဦးဆုံးအနေတဲ့ လတ်ဆတ်ပြီး မကြိုချက်ရသေးတဲ့ နွားနို့လိုအပ်ပါတယ်။ပြီးရင် ခရမ်းချဉ်သီး အမှည့် လိုအပ်ပါတယ်။ ခရမ်းချဉ်သီးအမှည့်ကို အလယ်ကလှီးပြီး အထဲက အနှစ်ကို ယူရမှာပါ။ အစေ့တွေကို စစ်ပြီးယူဖို့တော့ လိုပါတယ်။ အစေ့တွေကို ဇကာစ သေးသေးလေး ဒါမှမဟုတ် ပိတ်စပါးပါးလေးနဲ့ စစ်ပြီးတော့ ညှစ်ချလိုက်ပါ …။
ပြီးရင် နွားနို့နဲ့ ဆတူရောပြီး ပုလင်းတစ်ခုထဲကိုထည့်ထားပါ။ မျက်နှာပေါ်ကို ဝါဂွမ်းစကိုသုံးပြီး နွားနို့နဲ့ ခရမ်းချဉ်သီးအရည်ကို ဖြေးဖြေးချင်း လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးရင် မျက်နှာလိမ်း Cream တစ်ခုခု လိမ်းပေးပါ။တစ်နေ့ကို နှစ်ခါလောက်လုပ်ပေးခြင်းဖြင့် ညီညာတဲ့ အသားအရေကို ပိုင်ဆိုင်လာစေမှာပဲ ဖြစ်ပါတယ်နော် …။ ။
မူရင်းအား လေးစားစွာဖြင့်
Credit
Unicode Version ဖြင့်ဖတ်ရန်