လံုေလာက္စြာအခ်စ္မခံရတဲ့ ကေလးေတြ အသက္ႀကီးလာရင္ ႀကံဳေတြ႔ရမယ့္အရာမ်ား…

လံုေလာက္စြာအခ်စ္မခံရတဲ့ ကေလးေတြ အသက္ႀကီးလာရင္ ႀကံဳေတြ႔ရမယ့္အရာမ်ား…

လူတိုင္းက အခ်စ္ခံလိုစိတ္ ရွိၾကပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕သူေတြက အေၾကာင္းေၾကာင္းေၾကာင့္ ကေလးဘဝမွာ အခ်စ္မခံ ခဲ့ၾကရပါဘူး။ မိဘေတြ အိမ္ေထာင္ေရး အဆင္မေျပတာေၾကာင့္ေသာ္ လည္းေကာင္း၊ မိဘေတြ လိုခ်င္တဲ့ အရည္အခ်င္းေတြ ကိုယ့္မွာ မရွိလို႔ ေသာ္လည္းေကာင္း၊ တစ္ျခား ေမြးခ်င္းေတြကို ပိုဂရုစိုက္ေနၾကလို႔ေသာ္လည္းေကာင္း အခ်စ္မခံခဲ့ၾကတဲ့ သူေတြ ရွိပါတယ္။ သူတို႔ေတြကေတာ့ ႀကီးျပင္းသြားတဲ့အခါ အခ်စ္ခံရတဲ့ ကေလးေတြနဲ႔ မတူစြာဘဲ အခုလိုမ်ိဳး ခံစားၾကံဳေတြ႔ရေလ့ ရွိပါတယ္ေနာ္ …။

(၁) လူမႈဆက္ဆံေရး ညံ့တာ”

ဒီလိုမ်ိဳး ခြဲျခားဆက္ဆံခံရသလို ခံစားမႈ ျဖစ္ေစသလိုမ်ိဳး ျဖစ္တဲ့ လံုလံုေလာက္ေလာက္ အခ်စ္မခံျခင္းက ကိုယ့္ကိုယ္ကို မယံုၾကည္စိတ္ ျဖစ္လာ ေစတတ္ပါတယ္။ ငါက အခ်စ္ခံရဖို႔ မထိုက္တန္တဲ့သူလားလို႔ ေတြးမိေစတဲ့ အထိ ျဖစ္ေစတဲ့အရာမို႔ သူတို႔ေတြက ျပင္ပမွာ မိတ္ေဆြဖြဲ႕ရာတြင္ အခက္အခဲ ျဖစ္တတ္ၾကပါတယ္။ ဒီအေျခအေနက အရြယ္ေရာက္တဲ့ အထိ လူမႈဆက္ဆံေရးမွာ ညံ့ေနတာမ်ိဳး ျဖစ္ေနေစႏိုင္ပါတယ္ …။

(၂) ခ်စ္ျပတတ္တာ”

အခ်စ္မခံရတဲ့သူေတြက သူမ်ားေတြထက္ ပိုၿပီး အခ်စ္ခံခ်င္ၾကေလ့ ရွိပါတယ္။ ဒါေၾကာင့္ သူတို႔က သူမ်ားေတြကို ခ်စ္ေပးတတ္ၾကပါတယ္။ အခ်စ္မခံရတဲ့ ခံစားမႈကို ေကာင္းေကာင္း သိၾကတာေၾကာင့္ တျခားသူေတြကို ေကာင္းေကာင္း ဂရုစိုက္ေပး တတ္ၾကပါတယ္။ တျခားသူေတြ လိုအပ္တဲ့ အခ်ိန္တိုင္းမွာလည္း သိနားလည္ၿပီး ဂရုစိုက္ေပးႏိုင္၊ ခ်စ္ေပးႏိုင္တာမ်ိဳးေတြက အရည္အခ်င္းလိုမ်ိဳး ရွိေနတတ္ပါတယ္ …။

(၃) ကိုယ္ခ်င္းစာစိတ္ ႀကီးမားတာ”

သူတုိ႔ေတြ နာက်င္ခဲ့ရတဲ့သူေတြပီပီ တျခားသူေတြ နာက်င္တာမ်ိဳးကိုလည္း ေကာင္းေကာင္း နားလည္ေပးႏိုင္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔က ကိုယ္ခ်င္းစာစိတ္လည္း သိပ္ကို ႀကီးမားတတ္ၾကပါတယ္။ ဝမ္းနည္း နာက်င္မႈေတြကို ခံစားေနရတာေတြကို မၾကည့္ရက္တဲ့ သူေတြအျဖစ္လည္း ႀကီးျပင္းလာတတ္ၾကပါတယ္ …။

(၄) ရန္လိုတာ”

အေပၚက ေဖာ္ျပခဲ႔တဲ႔ အခ်က္လို ကိုယ္ခ်င္းစာစိတ္ ႀကီးမားတဲ့သူ အျဖစ္ ႀကီးျပင္းလာသူေတြ ရွိေပမယ့္လည္း တစ္ခ်ိဳ႕ကေတာ့ ဆန္႔က်င္ဘက္ ပံုစံလည္း ျဖစ္တတ္ပါေသးတယ္။ အခ်စ္မခံရတဲ့ ေနာက္ဆက္တြဲအျဖစ္ မေက်နပ္တဲ့ စိတ္ေတြ ျဖစ္လာၿပီး အဲ့ကေန ရန္လိုတတ္တဲ့ စရိုက္လကၡဏာေတြ ျဖစ္လာရတာပါ။ ရန္လိုစရာ ေဒါသထြက္စရာမလိုတဲ့ ကိစၥရပ္ေတြေတာင္မွ အကဲဆတ္ေနတတ္တဲ႔သူ ျဖစ္တတ္ပါတယ္ …။

(၅) အာရံုစိုက္ခံခ်င္လြန္းတာ”

အခ်စ္ငတ္တဲ့သူက အခ်စ္ကို ပို လိုခ်င္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔က တျခားသူေတြ သူတို႔ကို သတိထားမိတာမ်ိဳးကို လိုခ်င္တတ္ၾကပါတယ္။ လူတိုင္းက အာရံုစိုက္ခံခ်င္တာမ်ိဳး ရွိတတ္ေပမယ့္ အခ်စ္ငတ္သူေတြကေတာ့ ပံုမွန္ပိုၿပီး လြန္ကဲစြာ အာရံုစိုက္ခံခ်င္တာမ်ိဳး ရွိေနတတ္ပါတယ္ေနာ္ …။ ။

Kham

(Aunty May)

Unicode Version ဖြင့်ဖတ်ရန်

လုံလောက်စွာအချစ်မခံရတဲ့ ကလေးတွေ အသက်ကြီးလာရင် ကြုံတွေ့ရမယ့်အရာများ…

လူတိုင်းက အချစ်ခံလိုစိတ် ရှိကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သူတွေက အကြောင်းကြောင်းကြောင့် ကလေးဘဝမှာ အချစ်မခံ ခဲ့ကြရပါဘူး။ မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတာကြောင့်သော် လည်းကောင်း၊ မိဘတွေ လိုချင်တဲ့ အရည်အချင်းတွေ ကိုယ့်မှာ မရှိလို့ သော်လည်းကောင်း၊ တစ်ခြား မွေးချင်းတွေကို ပိုဂရုစိုက်နေကြလို့သော်လည်းကောင်း အချစ်မခံခဲ့ကြတဲ့ သူတွေ ရှိပါတယ်။ သူတို့တွေကတော့ ကြီးပြင်းသွားတဲ့အခါ အချစ်ခံရတဲ့ ကလေးတွေနဲ့ မတူစွာဘဲ အခုလိုမျိုး ခံစားကြုံတွေ့ရလေ့ ရှိပါတယ်နော် …။

(၁) လူမှုဆက်ဆံရေး ညံ့တာ”

ဒီလိုမျိုး ခွဲခြားဆက်ဆံခံရသလို ခံစားမှု ဖြစ်စေသလိုမျိုး ဖြစ်တဲ့ လုံလုံလောက်လောက် အချစ်မခံခြင်းက ကိုယ့်ကိုယ်ကို မယုံကြည်စိတ် ဖြစ်လာ စေတတ်ပါတယ်။ ငါက အချစ်ခံရဖို့ မထိုက်တန်တဲ့သူလားလို့ တွေးမိစေတဲ့ အထိ ဖြစ်စေတဲ့အရာမို့ သူတို့တွေက ပြင်ပမှာ မိတ်ဆွေဖွဲ့ရာတွင် အခက်အခဲ ဖြစ်တတ်ကြပါတယ်။ ဒီအခြေအနေက အရွယ်ရောက်တဲ့ အထိ လူမှုဆက်ဆံရေးမှာ ညံ့နေတာမျိုး ဖြစ်နေစေနိုင်ပါတယ် …။

(၂) ချစ်ပြတတ်တာ”

အချစ်မခံရတဲ့သူတွေက သူများတွေထက် ပိုပြီး အချစ်ခံချင်ကြလေ့ ရှိပါတယ်။ ဒါကြောင့် သူတို့က သူများတွေကို ချစ်ပေးတတ်ကြပါတယ်။ အချစ်မခံရတဲ့ ခံစားမှုကို ကောင်းကောင်း သိကြတာကြောင့် တခြားသူတွေကို ကောင်းကောင်း ဂရုစိုက်ပေး တတ်ကြပါတယ်။ တခြားသူတွေ လိုအပ်တဲ့ အချိန်တိုင်းမှာလည်း သိနားလည်ပြီး ဂရုစိုက်ပေးနိုင်၊ ချစ်ပေးနိုင်တာမျိုးတွေက အရည်အချင်းလိုမျိုး ရှိနေတတ်ပါတယ် …။

(၃) ကိုယ်ချင်းစာစိတ် ကြီးမားတာ”

သူတို့တွေ နာကျင်ခဲ့ရတဲ့သူတွေပီပီ တခြားသူတွေ နာကျင်တာမျိုးကိုလည်း ကောင်းကောင်း နားလည်ပေးနိုင်ကြပါတယ်။ ဒါကြောင့် သူတို့က ကိုယ်ချင်းစာစိတ်လည်း သိပ်ကို ကြီးမားတတ်ကြပါတယ်။ ဝမ်းနည်း နာကျင်မှုတွေကို ခံစားနေရတာတွေကို မကြည့်ရက်တဲ့ သူတွေအဖြစ်လည်း ကြီးပြင်းလာတတ်ကြပါတယ် …။

(၄) ရန်လိုတာ”

အပေါ်က ဖော်ပြခဲ့တဲ့ အချက်လို ကိုယ်ချင်းစာစိတ် ကြီးမားတဲ့သူ အဖြစ် ကြီးပြင်းလာသူတွေ ရှိပေမယ့်လည်း တစ်ချို့ကတော့ ဆန့်ကျင်ဘက် ပုံစံလည်း ဖြစ်တတ်ပါသေးတယ်။ အချစ်မခံရတဲ့ နောက်ဆက်တွဲအဖြစ် မကျေနပ်တဲ့ စိတ်တွေ ဖြစ်လာပြီး အဲ့ကနေ ရန်လိုတတ်တဲ့ စရိုက်လက္ခဏာတွေ ဖြစ်လာရတာပါ။ ရန်လိုစရာ ဒေါသထွက်စရာမလိုတဲ့ ကိစ္စရပ်တွေတောင်မှ အကဲဆတ်နေတတ်တဲ့သူ ဖြစ်တတ်ပါတယ် …။

(၅) အာရုံစိုက်ခံချင်လွန်းတာ”

အချစ်ငတ်တဲ့သူက အချစ်ကို ပို လိုချင်ကြပါတယ်။ ဒါကြောင့် သူတို့က တခြားသူတွေ သူတို့ကို သတိထားမိတာမျိုးကို လိုချင်တတ်ကြပါတယ်။ လူတိုင်းက အာရုံစိုက်ခံချင်တာမျိုး ရှိတတ်ပေမယ့် အချစ်ငတ်သူတွေကတော့ ပုံမှန်ပိုပြီး လွန်ကဲစွာ အာရုံစိုက်ခံချင်တာမျိုး ရှိနေတတ်ပါတယ်နော် …။ ။

Kham

(Aunty May)