(၁) ရှားစောင်းလက်ပတ်
(၂) ဒိန်ချဉ်
(၄) ပဲမှုန့်
Credit – မူရင်း
Unicode Version ဖြင့်ဖတ်ရန်
မဲညစ်နေတဲ့ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ…
ပျိုမေတို့ အနေနဲ့ အတိုတွေ၊ လက်ပြတ်တွေ ဝတ်တဲ့အခါ ချိုင်းသားတွေ၊ ပေါင်ခြံတွေမဲနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့နည်းနေတတ်ပါတယ် . . .။
အခုဖော်ပြပေးမှာကတော့ ငွေကုန်ကြေးကျလည်း သက်သာတဲ့အပြင် လွယ်ကူရိုးရှင်းပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် အားလုံး လုပ်ကြည့်လို့ အဆင်ပြေမှာပါနော် . . .။
(၁) ရှားစောင်းလက်ပတ်
လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အနှစ်ကိုယူပြီး မည်းနေတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်ခြံတွေအပြင် တခြားမဲနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေအားလုံးကို လိမ်းပေးပါ . . .။
လိမ်းပေးပြီးတဲ့အခါမှာတော့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲ။ ထူးခြားတဲ့ အာနိသင်ကို ချက်ချင်းတွေ့မြင်ပါ လိမ့်မယ် . . .။
(၂) ဒိန်ချဉ်
ဒိန်ချဉ်အသန့်ကိုယူပြီး မည်းနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးလိုက် ရုံပါပဲနော် . . .။
(၃) စနွင်းမှုန့်နဲ့ လိမ္မော်ရည်
လိမ္မော်ရည်နဲ့ စနွင်းမှုန့်အနည်းငယ်ကိုရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို မည်းနေတဲ့ အစိတ်အပိုင်းတွေမှာ လိမ်းပြီး မိနစ် ၂၀ ခန့်ထားပြီးမှ ရေနွေးဖြင့် ဆေးကြောပေးလိုက်ပါ . . .။
နေ့စဉ်ပုံမှန် ပြုလုပ်ပေးသွားရင် သိသာထင်ရှားတဲ့ ရလဒ်ကို ရက်ပိုင်းအတွင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ် . . .။
(၄) ပဲမှုန့်
ပဲမှုန့်ကို ရေအနည်းငယ်ရောပြီး ခပ်ပျစ်ပျစ် ဖျော်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မည်းနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ လိမ်းပြီး နာရီဝက်အကြာမှာ ရေနွေးလေးနဲ့ ဆေးကြောပေးပါ . . .။
နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် သိသာထင်ရှားတဲ့ ရလဒ်ကို အမြန်ဆုံးရရှိမှာပဲ ဖြစ်ပါတယ်နော် . . .။ ။
Credit – မူရင်း