အခ်စ္ကိုမယံုၾကည္တဲ့သူေတြရဲ႕ အေတြးထဲမွာ ရွိေနတတ္တဲ့ အေၾကာင္းျပခ်က္(၅)ခု…

အခ်စ္ကိုမယံုၾကည္တဲ့သူေတြရဲ႕ အေတြးထဲမွာ ရွိေနတတ္တဲ့ အေၾကာင္းျပခ်က္(၅)ခု…

အခ်စ္မွာ မ်က္စိမရွိဘူး ဆိုၿပီး အခ်စ္ကို ယံုၾကည္ေနၾကသူေတြ ရွိပါတယ္။ အခ်စ္ကို ဘယ္လိုမွ ယံုၾကည္မေပးႏိုင္တဲ့ သူေတြလည္း ရွိေန ျပန္ပါေသးတယ္။ အခ်စ္ကို မယံုသူေတြကေတာ့ သူတို႔မွာ အေၾကာင္းျပခ်က္ ကိုယ္စီ ရွိလို႔ ေနတတ္ပါတယ္။ အခ်စ္ကို ယံုၾကည္မႈမရွိတဲ့ သူအမ်ားစုရဲ႕ အေတြးေတြကေတာ့…

(၁) အခ်စ္က မတည္ျမဲဘူး…

အခ်စ္ကို မယံုၾကည္တဲ့သူ အမ်ားစုကေတာ့ လက္ေတြ႕သမားေတြ ျဖစ္ပါတယ္။ တစ္ေယာက္ေယာက္ကို ခ်စ္တယ္ ေျပာလိုက္ ျပတ္သြားလိုက္၊ အိမ္ေထာင္ေရးမွာ ေဖာက္ျပန္တဲ့သူေတြကို ေတြ႔လိုက္နဲ႔မို႔ သူတို႔ေတြက အခ်စ္ကို မတည္ျမဲတဲ့ အရာတစ္ခုလို႔ မွတ္ယူထားပါတယ္။ လူေတြ ေျပာတဲ့ ခ်စ္တယ္ဆိုတာ အၾကာႀကီး မၾကာတတ္တာ မ်ားတယ္လုိ႔ ေတြးၾကပါတယ္ …။

(၂) ယံုၾကည္လို႔မရဘူး…

အခ်စ္ဆိုတာ အလကားပါလို႔ ေတြးတတ္ၾကတဲ့သူတို႔ေတြက အခ်စ္ကို မယံုၾကည္ၾကတာ ခုိင္မာတဲ့ အေၾကာင္းတရားေတြေၾကာင့္ ျဖစ္ပါတယ္။ သူငယ္ခ်င္း မိတ္ေဆြေတြ အသည္းကြဲေနတာကို ျမင္ရတဲ့ အခါတုိင္း၊ နာက်င္ေနရတဲ့ အခ်စ္ေရးေတြကို ေတြ႔ရတိုင္း အခ်စ္ဆိုတာ မတည္ျမဲတဲ့ ခံစားခ်က္တစ္ခုလို႔ ေတြးၾကပါတယ္။ ဒါေၾကာင့္ ခ်စ္တယ္လို႔ ေျပာတဲ့စကားေတြကို မယံုတတ္သလို ယံုရင္ေတာင္ အနာဂတ္မွာ ခ်စ္ေနလိမ့္မယ္လို႔ မထင္ၾကပါဘူး …။

(၃) အခ်စ္ဆိုတာ ထီထိုးရတာပဲ…

ဘယ္ေလာက္ပဲခ်စ္ခ်စ္ တစ္ခ်ိန္မွာ ေနာက္ထပ္ လူတစ္ေယာက္ကို ခ်စ္သြားတတ္တာေတြ ျဖစ္တတ္ပါတယ္။ ကိုယ္က ဘယ္လိုပဲ ယံုၾကည္မႈ ေပးၿပီး ခ်စ္ခ်စ္ အခ်စ္ေတြ ရပ္သြားရင္ ကိုယ္ မတတ္ႏိုင္ေတာ့တာမို႔ အခ်စ္ကို ႀကိဳေတြးလို႔ မရတဲ့အရာလို႔ သေဘာေပါက္ထား ၾကပါတယ္။ ဒါေၾကာင့္ ထီထိုးတာထက္ ပိုၿပီး ကိုယ့္ကို နာက်င္ေစႏိုင္တဲ့ အရာက အခ်စ္ပါပဲလို႔ ေတြးၾကပါတယ္။ ဘယ္ေတာ့ ဘာျဖစ္မယ္ မသိႏိုင္လို႔ အခ်စ္ဆိုတာကို မခံစားသလုိ လက္လည္း မခံတတ္ၾကပါဘူး …။

(၄) နာက်င္ရမွာကို ေၾကာက္တယ္…

အခ်စ္ကို မယံုၾကသူေတြထဲမွာ ထာဝရ အခ်စ္ကို လိုခ်င္ၾကသူေတြ ရွိပါတယ္။ မတည္ျမဲတဲ့ အခ်စ္ေရးေတြကို ၾကည့္ၿပီး အခ်စ္ကို မယံုၾကည္တဲ့သူတစ္ေယာက္ ျဖစ္ေပမယ့္ အခ်စ္ကို လိုခ်င္မိတတ္ပါေသးတယ္။ ဒါေပမယ့္လည္း ကိုယ့္ဆီက တစ္ေန႔ ျပန္ထြက္သြားတဲ့အခါ ကိုယ္က နာက်င္ၿပီး က်န္ခဲ့ရမွာကို ေၾကာက္တာမို႔ အခ်စ္ကိုလည္း မယံုၾကတာပဲ ျဖစ္ပါတယ္ …။

(၅) လူဆိုတာ မယံုရဘူး…

အခ်စ္ကုိ မယံုရတဲ့ အေၾကာင္းအရင္းေတြထဲမွာ လူေတြကို မယံုတာလည္း ပါဝင္ၾကပါတယ္။ တစ္ခ်ိဳ႕သူေတြက တကယ္ မခ်စ္ဘဲ ခံစားခ်က္ေတြကို အလိုလိုက္ ရည္းစားထားၿပီး အခ်စ္ေတြ တကယ္ ျဖစ္လာတဲ့အခါ အေျခအေန ရႈပ္ေထြးတာေတြ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ မခ်စ္ဘဲ လက္တြဲေနတာမ်ိဳးေတြလည္း ရွိေနတတ္တာေၾကာင့္ လူေတြကို ယံုဖို႔ မလြယ္တာမို႔ အခ်စ္ဆိုတဲ့ စကားကိုလည္း မယံုၾကေတာ့တာ ျဖစ္ပါတယ္ေနာ္ …။ ။

Kham(Aunty May)

Unicode Version ဖြင့်ဖတ်ရန်

အချစ်ကိုမယုံကြည်တဲ့သူတွေရဲ့ အတွေးထဲမှာ ရှိနေတတ်တဲ့ အကြောင်းပြချက်(၅)ခု…

အချစ်မှာ မျက်စိမရှိဘူး ဆိုပြီး အချစ်ကို ယုံကြည်နေကြသူတွေ ရှိပါတယ်။ အချစ်ကို ဘယ်လိုမှ ယုံကြည်မပေးနိုင်တဲ့ သူတွေလည်း ရှိနေ ပြန်ပါသေးတယ်။ အချစ်ကို မယုံသူတွေကတော့ သူတို့မှာ အကြောင်းပြချက် ကိုယ်စီ ရှိလို့ နေတတ်ပါတယ်။ အချစ်ကို ယုံကြည်မှုမရှိတဲ့ သူအများစုရဲ့ အတွေးတွေကတော့…

(၁) အချစ်က မတည်မြဲဘူး…

အချစ်ကို မယုံကြည်တဲ့သူ အများစုကတော့ လက်တွေ့သမားတွေ ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို ချစ်တယ် ပြောလိုက် ပြတ်သွားလိုက်၊ အိမ်ထောင်ရေးမှာ ဖောက်ပြန်တဲ့သူတွေကို တွေ့လိုက်နဲ့မို့ သူတို့တွေက အချစ်ကို မတည်မြဲတဲ့ အရာတစ်ခုလို့ မှတ်ယူထားပါတယ်။ လူတွေ ပြောတဲ့ ချစ်တယ်ဆိုတာ အကြာကြီး မကြာတတ်တာ များတယ်လို့ တွေးကြပါတယ် …။

(၂) ယုံကြည်လို့မရဘူး…

အချစ်ဆိုတာ အလကားပါလို့ တွေးတတ်ကြတဲ့သူတို့တွေက အချစ်ကို မယုံကြည်ကြတာ ခိုင်မာတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေ အသည်းကွဲနေတာကို မြင်ရတဲ့ အခါတိုင်း၊ နာကျင်နေရတဲ့ အချစ်ရေးတွေကို တွေ့ရတိုင်း အချစ်ဆိုတာ မတည်မြဲတဲ့ ခံစားချက်တစ်ခုလို့ တွေးကြပါတယ်။ ဒါကြောင့် ချစ်တယ်လို့ ပြောတဲ့စကားတွေကို မယုံတတ်သလို ယုံရင်တောင် အနာဂတ်မှာ ချစ်နေလိမ့်မယ်လို့ မထင်ကြပါဘူး …။

(၃) အချစ်ဆိုတာ ထီထိုးရတာပဲ…

ဘယ်လောက်ပဲချစ်ချစ် တစ်ချိန်မှာ နောက်ထပ် လူတစ်ယောက်ကို ချစ်သွားတတ်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်က ဘယ်လိုပဲ ယုံကြည်မှု ပေးပြီး ချစ်ချစ် အချစ်တွေ ရပ်သွားရင် ကိုယ် မတတ်နိုင်တော့တာမို့ အချစ်ကို ကြိုတွေးလို့ မရတဲ့အရာလို့ သဘောပေါက်ထား ကြပါတယ်။ ဒါကြောင့် ထီထိုးတာထက် ပိုပြီး ကိုယ့်ကို နာကျင်စေနိုင်တဲ့ အရာက အချစ်ပါပဲလို့ တွေးကြပါတယ်။ ဘယ်တော့ ဘာဖြစ်မယ် မသိနိုင်လို့ အချစ်ဆိုတာကို မခံစားသလို လက်လည်း မခံတတ်ကြပါဘူး …။

(၄) နာကျင်ရမှာကို ကြောက်တယ်…

အချစ်ကို မယုံကြသူတွေထဲမှာ ထာဝရ အချစ်ကို လိုချင်ကြသူတွေ ရှိပါတယ်။ မတည်မြဲတဲ့ အချစ်ရေးတွေကို ကြည့်ပြီး အချစ်ကို မယုံကြည်တဲ့သူတစ်ယောက် ဖြစ်ပေမယ့် အချစ်ကို လိုချင်မိတတ်ပါသေးတယ်။ ဒါပေမယ့်လည်း ကိုယ့်ဆီက တစ်နေ့ ပြန်ထွက်သွားတဲ့အခါ ကိုယ်က နာကျင်ပြီး ကျန်ခဲ့ရမှာကို ကြောက်တာမို့ အချစ်ကိုလည်း မယုံကြတာပဲ ဖြစ်ပါတယ် …။

(၅) လူဆိုတာ မယုံရဘူး…

အချစ်ကို မယုံရတဲ့ အကြောင်းအရင်းတွေထဲမှာ လူတွေကို မယုံတာလည်း ပါဝင်ကြပါတယ်။ တစ်ချို့သူတွေက တကယ် မချစ်ဘဲ ခံစားချက်တွေကို အလိုလိုက် ရည်းစားထားပြီး အချစ်တွေ တကယ် ဖြစ်လာတဲ့အခါ အခြေအနေ ရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မချစ်ဘဲ လက်တွဲနေတာမျိုးတွေလည်း ရှိနေတတ်တာကြောင့် လူတွေကို ယုံဖို့ မလွယ်တာမို့ အချစ်ဆိုတဲ့ စကားကိုလည်း မယုံကြတော့တာ ဖြစ်ပါတယ်နော် …။ ။

Kham(Aunty May)