ကိုယ့္ကိုယ္ကို တျခားသူေတြနဲ႔ လိုက္ၿပီး မႏိႈင္းယွဥ္ေတာ့ရင္ ရလာမယ့္ အက်ိဳးေက်းဇူးမ်ား

ကိုယ့္ကိုယ္ကို တျခားသူေတြနဲ႔ လိုက္ၿပီး မႏိႈင္းယွဥ္ေတာ့ရင္ ရလာမယ့္ အက်ိဳးေက်းဇူးမ်ား

သင္ဟာ သင့္ဘဝအတြက္ အဖိုးတန္ရတနာတစ္ခု ျဖစ္ပါတယ္။ လူေတြဟာ ကိုယ္တိုင္ သတိမထားမိရင္ေတာင္ တျခားသူနဲ႕ အနည္းနဲ႕အမ်ားဆိုသလို ယွဥ္ေလ့ရွိတတ္ၾကပါတယ္။

တျခားသူက ကိုယ့္ထက္သာေနတယ္လို႔ ျမင္တဲ့အခါမ်ိဳးမွာဆိုရင္ ဒီလို ယွဥ္ၾကည့္တာမ်ိဳး ပိုျဖစ္ေလ့ရွိပါတယ္။

တျခားသူနဲ႕ႏွိုင္းယွဥ္ျခင္းက အေကာင္းဘက္ကို သြားတာထက္ အဆိုးဘက္ကို ပိုျဖစ္ေစတာေၾကာင့္မို႔လို႔ ကိုယ့္ကိုယ္ကို တျခားသူေတြနဲ႕ ႏွိုင္းယွဥ္တာမ်ိဳး မလုပ္ဘူးဆိုရင္ ဒီလို အက်ိဳးေက်းဇူးေလးေတြကို ရလာမွာ ျဖစ္ပါတယ္ေနာ္။

(၁) သင့္ကိုသင္ အလိုမက်စိတ္ နည္းသြားမယ္

ကိုယ့္ကိုယ္ကို ေက်နပ္မႈဆိုတာ လူတိုင္းအတြက္ အေရးႀကီးတဲ့အရာပဲ ျဖစ္ပါတယ္။ ဒီလို ေက်နပ္တဲ့စိတ္ရွိမွာ စိတ္က ၾကည္လင္ေနၿပီး သင္လုပ္ကိုင္ေဆာင္႐ြက္တဲ့ အလုပ္ေတြမွာ တက္ႂကြမႈရွိၿပီး မိတ္ေဆြသူငယ္ခ်င္းေတြနဲ႕ ဆက္ဆံေရးမွာ ေပ်ာ္႐ႊင္ေႏြးေထြးမႈ ေပးနိုင္မွာပဲ ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကို အလိုမက်ျဖစ္ေနတဲ့ သူတစ္ေယာက္က တျခားသူတစ္ေယာက္ကို စိတ္ၾကည္ၾကည္လင္လင္နဲ႕ အလိုက်ဖို႔ဆိုတာ လုံးဝမျဖစ္နိုင္တဲ့အရာမို႔လို႔ပဲ ျဖစ္ပါတယ္။

(၂) စိတ္ဓာတ္က်တာ နည္းသြားမယ္

လူတိုင္းမွာ ဘဝေပးအေျခအေန၊ အေတြ႕အႀကဳံနဲ႕ ရင့္က်က္မႈက မတူၾကပါဘူး။ တခ်ိဳ႕ေတြက ဘဝေပးအေျခအေနေကာင္းလို႔ ေအာင္ျမင္သြားၾကတယ္၊ တခ်ိဳ႕ေတြက် လုပ္နိုင္စြမ္းရွိရက္နဲ႕ ဘဝေပးအေျခအေနေတြေၾကာင့္ မျဖစ္ရတာေတြရွိတတ္ၾကပါတယ္။

ဒါ့အျပင္ ရင့္က်က္တဲ့ အခ်ိန္ မတူညီလို႔ ဘဝအတြက္ ေစာေစာ သိနားလည္ၿပီး ေစာေစာ ျဖစ္သင့္ ျဖစ္ထိုက္တာေတြ လုပ္ရင္း ေအာင္ျမင္သြားၾကတဲ့သူေတြလည္း ရွိပါတယ္။

သင္က တျခားသူလို မျဖစ္ရေကာင္းလားဆိုၿပီး ႏွိုင္းယွဥ္ၿပီး စိတ္မေကာင္းျဖစ္၊ စိတ္ဓာတ္က်ေနမယ့္အစား သင့္ရဲ႕ ဘဝေပးအေျခအေနကို သံုးသပ္ၿပီး ရင့္က်က္မႈကေရာ ရွိေနၿပီလားလို႔ ေတြးၿပီး သင့္ကိုယ္သင္ ေက်နပ္လက္ခံေအာင္ လုပမယ္ဆိုရင္ စိတ္ဓာတ္က်ရတာေတြ နည္းသြားမွာပဲ ျဖစ္ပါတယ္။

(၃) ခ်စ္ခင္ရသူေတြကို စိတ္ခ်မ္းသာေအာင္ထားနိုင္မယ္

ေပ်ာ္႐ႊင္မႈရွိေနတဲ့သူမွသာ တျခားသူတစ္ဦးကို ေပ်ာ္႐ႊင္ေအာင္၊ စိတ္ခ်မ္းသာေအာင္ ထားနိုင္တာပဲျဖစ္ပါတယ္။ တျခားသူတစ္ဦး စိတ္ခ်မ္းသာဖို႔ သင့္ဘက္က တမင္မလုပ္ရင္ေတာင္မွ သင္ေပ်ာ္႐ႊင္ေနတာ၊ သင္ တက္ႂကြျဖတ္လတ္ေနတာက တျခားသူရဲ႕စိတ္ကို ထင္ဟပ္မွာပဲ ျဖစ္ပါတယ္။

သင့္က အၿမဲငူငိုင္ၿပီး စိတ္ညစ္ေနတယ္ဆိုရင္ သင္နဲ႕ ထိေတြ႕ဆက္ဆံရတဲ့သူေတြကလည္း စိတ္မသက္မသာျဖစ္ၿပီး သင္နဲ႕ ေရွာင္ဖို႔ လုပ္ၾကမွာပဲျဖစ္ပါတယ္။ သင့္ကို အပူသည္လို႔ သူတို႔က ခံစားၾကရတာေၾကာင့္ျဖစ္ပါတယ္။

(၄) မနာလိုစိတ္မရွိေတာ့ဘူး

အားက်တာနဲ႕ မနာလိုျဖစ္တယ္ဆိုတာ နံရံပါးပါးေလး ကန႔္ထားတဲ့ စိတ္ခံစားခ်က္ေတြပဲ ျဖစ္ပါတယ္။ အားက်တာကေန မနာလိုျဖစ္မႈကို အခ်ိန္မေ႐ြး ကူးေျပာင္းသြားနိုင္တာပဲျဖစ္ပါတယ္။ သင့္မွာ မရွိတဲ့အရာေတြက တျခားသူဆီမွာရွိေနလို႔ ႏွိုင္းယွဥ္မိေနတာပဲျဖစ္ပါတယ္။

အဲ့ဒီအစား သင့္ဘဝျဖတ္သန္းမႈ၊ သင့္လိုအပ္ခ်က္နဲ႕ သင့္လုပ္နိုင္စြမ္းေတြအေပၚ ေသေသခ်ာခ်ာ စဥ္းစားၿပီး သင္ တကယ္လိုခ်င္တာ ဘာလဲ၊ သင္ တကယ္ျဖစ္ခ်င္တာဘာလဲ၊ ေသေသခ်ာခ်ာ စဥ္းစားၾကည့္ၿပီး သင့္ကိုယ္သင္ ေက်နပ္လာေအာင္၊ သင့္လုပ္နိုင္စြမ္းေတြအေပၚ ယုံၾကည္လာေအာင္ လုပ္သင့္ပါတယ္။

ဒါမွသာ သင္က ဒီေန႕သင္နဲ႕ ေနာက္ေန႕သင္ကို ႏွိုင္းယွဥ္ၿပီး သင့္ကိုယ္သင္ ေကာင္းမြန္ေအာင္၊ ယုံၾကည္မႈရွိလာေအာင္ လုပ္နိုင္မွာပဲျဖစ္ပါတယ္။ အဲ့လိုဆိုရင္ေတာ့ သင္ဟာ တျခားသူေတြက အားက်ရတဲ့ သူမ်ားနဲ႕မတူတဲ့ သင္ကိုယ္တိုင္ပဲ ျဖစ္ေတာ့မွာပါေနာ္။

Kham

Unicode

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ လိုက်ပြီး မနှိုင်းယှဉ်တော့ရင် ရလာမယ့် အကျိုးကျေးဇူးများ

သင်ဟာ သင့်ဘဝအတွက် အဖိုးတန်ရတနာတစ်ခု ဖြစ်ပါတယ်။ လူတွေဟာ ကိုယ်တိုင် သတိမထားမိရင်တောင် တခြားသူနဲ့ အနည်းနဲ့အများဆိုသလို ယှဉ်လေ့ရှိတတ်ကြပါတယ်။

တခြားသူက ကိုယ့်ထက်သာနေတယ်လို့ မြင်တဲ့အခါမျိုးမှာဆိုရင် ဒီလို ယှဉ်ကြည့်တာမျိုး ပိုဖြစ်လေ့ရှိပါတယ်။

တခြားသူနဲ့နှိုင်းယှဉ်ခြင်းက အကောင်းဘက်ကို သွားတာထက် အဆိုးဘက်ကို ပိုဖြစ်စေတာကြောင့်မို့လို့ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ဘူးဆိုရင် ဒီလို အကျိုးကျေးဇူးလေးတွေကို ရလာမှာ ဖြစ်ပါတယ်နော်။

(၁) သင့်ကိုသင် အလိုမကျစိတ် နည်းသွားမယ်

ကိုယ့်ကိုယ်ကို ကျေနပ်မှုဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့အရာပဲ ဖြစ်ပါတယ်။ ဒီလို ကျေနပ်တဲ့စိတ်ရှိမှာ စိတ်က ကြည်လင်နေပြီး သင်လုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်တွေမှာ တက်ကြွမှုရှိပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးမှာ ပျော်ရွှင်နွေးထွေးမှု ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အလိုမကျဖြစ်နေတဲ့ သူတစ်ယောက်က တခြားသူတစ်ယောက်ကို စိတ်ကြည်ကြည်လင်လင်နဲ့ အလိုကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာမို့လို့ပဲ ဖြစ်ပါတယ်။

(၂) စိတ်ဓာတ်ကျတာ နည်းသွားမယ်

လူတိုင်းမှာ ဘဝပေးအခြေအနေ၊ အတွေ့အကြုံနဲ့ ရင့်ကျက်မှုက မတူကြပါဘူး။ တချို့တွေက ဘဝပေးအခြေအနေကောင်းလို့ အောင်မြင်သွားကြတယ်၊ တချို့တွေကျ လုပ်နိုင်စွမ်းရှိရက်နဲ့ ဘဝပေးအခြေအနေတွေကြောင့် မဖြစ်ရတာတွေရှိတတ်ကြပါတယ်။

ဒါ့အပြင် ရင့်ကျက်တဲ့ အချိန် မတူညီလို့ ဘဝအတွက် စောစော သိနားလည်ပြီး စောစော ဖြစ်သင့် ဖြစ်ထိုက်တာတွေ လုပ်ရင်း အောင်မြင်သွားကြတဲ့သူတွေလည်း ရှိပါတယ်။

သင်က တခြားသူလို မဖြစ်ရကောင်းလားဆိုပြီး နှိုင်းယှဉ်ပြီး စိတ်မကောင်းဖြစ်၊ စိတ်ဓာတ်ကျနေမယ့်အစား သင့်ရဲ့ ဘဝပေးအခြေအနေကို သုံးသပ်ပြီး ရင့်ကျက်မှုကရော ရှိနေပြီလားလို့ တွေးပြီး သင့်ကိုယ်သင် ကျေနပ်လက်ခံအောင် လုပမယ်ဆိုရင် စိတ်ဓာတ်ကျရတာတွေ နည်းသွားမှာပဲ ဖြစ်ပါတယ်။

(၃) ချစ်ခင်ရသူတွေကို စိတ်ချမ်းသာအောင်ထားနိုင်မယ်

ပျော်ရွှင်မှုရှိနေတဲ့သူမှသာ တခြားသူတစ်ဦးကို ပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင် ထားနိုင်တာပဲဖြစ်ပါတယ်။ တခြားသူတစ်ဦး စိတ်ချမ်းသာဖို့ သင့်ဘက်က တမင်မလုပ်ရင်တောင်မှ သင်ပျော်ရွှင်နေတာ၊ သင် တက်ကြွဖြတ်လတ်နေတာက တခြားသူရဲ့စိတ်ကို ထင်ဟပ်မှာပဲ ဖြစ်ပါတယ်။

သင့်က အမြဲငူငိုင်ပြီး စိတ်ညစ်နေတယ်ဆိုရင် သင်နဲ့ ထိတွေ့ဆက်ဆံရတဲ့သူတွေကလည်း စိတ်မသက်မသာဖြစ်ပြီး သင်နဲ့ ရှောင်ဖို့ လုပ်ကြမှာပဲဖြစ်ပါတယ်။ သင့်ကို အပူသည်လို့ သူတို့က ခံစားကြရတာကြောင့်ဖြစ်ပါတယ်။

(၄) မနာလိုစိတ်မရှိတော့ဘူး

အားကျတာနဲ့ မနာလိုဖြစ်တယ်ဆိုတာ နံရံပါးပါးလေး ကန့်ထားတဲ့ စိတ်ခံစားချက်တွေပဲ ဖြစ်ပါတယ်။ အားကျတာကနေ မနာလိုဖြစ်မှုကို အချိန်မရွေး ကူးပြောင်းသွားနိုင်တာပဲဖြစ်ပါတယ်။ သင့်မှာ မရှိတဲ့အရာတွေက တခြားသူဆီမှာရှိနေလို့ နှိုင်းယှဉ်မိနေတာပဲဖြစ်ပါတယ်။

အဲ့ဒီအစား သင့်ဘဝဖြတ်သန်းမှု၊ သင့်လိုအပ်ချက်နဲ့ သင့်လုပ်နိုင်စွမ်းတွေအပေါ် သေသေချာချာ စဉ်းစားပြီး သင် တကယ်လိုချင်တာ ဘာလဲ၊ သင် တကယ်ဖြစ်ချင်တာဘာလဲ၊ သေသေချာချာ စဉ်းစားကြည့်ပြီး သင့်ကိုယ်သင် ကျေနပ်လာအောင်၊ သင့်လုပ်နိုင်စွမ်းတွေအပေါ် ယုံကြည်လာအောင် လုပ်သင့်ပါတယ်။

ဒါမှသာ သင်က ဒီနေ့သင်နဲ့ နောက်နေ့သင်ကို နှိုင်းယှဉ်ပြီး သင့်ကိုယ်သင် ကောင်းမွန်အောင်၊ ယုံကြည်မှုရှိလာအောင် လုပ်နိုင်မှာပဲဖြစ်ပါတယ်။ အဲ့လိုဆိုရင်တော့ သင်ဟာ တခြားသူတွေက အားကျရတဲ့ သူများနဲ့မတူတဲ့ သင်ကိုယ်တိုင်ပဲ ဖြစ်တော့မှာပါနော်။

Kham