













Nan Moe

Credit

Unicode

ဘ၀ တစ်ခုကို အတူတည်ဆောက်ကြတဲ့အခါ ငွေကြေး ချမ်းသာမှု ထက် စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်. .

ငွေကြေးချမ်းသာမှုနောက်ကို လိုက်ရင်း ပူလောင်နေရတာထက် မရှိအတူ ရှိအတူ လက်တွဲပြီး ဘ၀ ကို ပျော်ရွှင်စွာ ဖြတ်သန်းရတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်

ဘ၀ အတွက် ငွေ ကို တတ်နိုင်သလောက်ရှာပါ. . .ငွေရှိတဲ့ အချိန်မှာ ဘဝကို ပျော်ရွှင် စွာဖြတ်သန်းပါ. ..

တချို့တွေကတော့ ငွေကြေးချမ်းသာနေချိန်မှာတောင် တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ မရှိကြတဲ့အခါ မပျော်ရွှင်ရဘဲ ပူလောင်နေကြရပါတယ် …

ချစ်သူ နှစ်ဦး၊ ဇနီးမောင်နှံ နှစ်ယောက် ဒါမှ မဟုတ် မိသားစု တစ်စုဟာ ငွေရှိချိန်မှာ အဆင်ပြေပြေနေနိုင်ပြီး ပျော်ရွှင် ဖို့လွယ်သလောက် အဆင်မပြေမှုတွေနဲ့ ငွေကြေးအခက်အခဲ ဖြစ်နေချိန်မှာ တစ်ဦးနဲ့ တစ်ဦး အဆင်ဆင်ပြေပြေ နေထိုင်ကြဖို့ ခက်ခဲလာတတ်ကြပါတယ်သေချာစဉ်းစားကြည့်ကြရအောင်. . .

သင်တို့ ချစ်သူ နှစ်ဦး / ဇနီးမောင်နှံ နှစ်ဦး အဆင်မပြေမှုတွေနဲ့ ငွေကြေးခက်ခဲနေချိန်မှာ စိတ်ဆင်းရဲကြရတာဟာ ကိုယ်တစ်ယောက်ထဲလား ဆိုတာကိုပေါ့. . . .

ချစ်သူ နှစ်ဦး / ဇနီးမောင်နှံ နှစ်ဦးမှာ အဆင်မပြေမှုတွေနဲ့ ငွေကြေးခက်ခဲနေချိန်မှာ စိတ်ဆင်းရဲရတာဟာ နှစ်ဦးစလုံးပါပဲ. . .

ယောက်ကျားဖြစ်သူကလည်း ငွေရှာမပေးနိုင်တဲ့အတွက် စိတ်အားငယ်ပြီး ကိုယ့်မိန်းမအတွက် စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရပါတယ်မိန်းမဖြစ်သူကလည်း သုံးစရာ ငွေမရှိတဲ့အခါ စိတ်အားငယ်ရ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရ ဖြစ်ရပါတယ်

ဒီလိုအချိန်မှာ အများစု မှားတတ်တာက စိတ်ညစ်တာကို မှားယွင်းစွာ ထွက်ပေါက်ရှာမိကြတာပါပဲ. . .

မိန်းမဖြစ်သူက စိတ်ညစ်နေတာကို ထွက်ပေါက်ရှာတဲ့အနေဲ့ ယောက်ကျားဖြစ်သူကို “အဖြစ်မရှိဘူး” “လူညံ့” “ငွေမရှာနိုင်ဘူး” ဆိုပြီး အပြစ်တင်မယ်. . .ယောက်ကျားဖြစ်သူက ထွက်ပေါက်ရှာတဲ့ အနေဲ့ အရက်သောက်မယ်. .မူးမယ်. .ပြီးရင် ရန်ပြန်ဖြစ်မယ်. . .ဒါတွေဟာ မိသားစု တစ်စု ပြိုကွဲစေမယ့် လမ်းစတွေပါပဲ. . .

သင်တို့ ဇနီး မောင်နှံ အဆင်မ ပြေချိန် ငွေကြေးခက်ခဲနေချိန်မှာ တစ်ဦးမျက်နှာ ကို တစ်ဦး သေချာကြည့်ဖူးရဲ့လား? မကြည့်ဖူးသေးရင် သေချာကြည့် ကြည့်ပါ. . .

နှစ်ဦးစလုံးရဲ့ မျက်နှာမှာ ပူလောင်မှုတွေနဲ့ ညှိုးနွမ်းနေတာကို တွေ့ရပါလိမ့်မယ်. . .ဒီအချိန်မှာ အလိုအပ်ဆုံးက တစ်ဦးကို တစ်ဦး ပိုပြီး ဂရုစိုက်ရမှာပါ. .ပိုပြီး နားလည်မှုပေးရမှာပါ. . .ပိုပြီး ကြင်နာမှုပေးရမှာပါ. . .

အဆင်ပြေချိန်မှာ အတူတူပျော်ရွှင်ခဲ့ကြသလို အဆင်မပြေချိန်မှာလည်း တစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးပြီး အခက်အခဲတွေကို အတူရင်ဆိုင်ကျော်ဖြတ်ကြမှသာ သာယာတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်အားလုံးပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ

Nan Moe

Credit