မနာလိုစိတ္မ်ားတဲ့သူေတြမွာသာ ေတြ႔ရတတ္တဲ့ လကၡဏာရပ္မ်ား

မနာလိုစိတ္မ်ားတဲ့သူေတြမွာသာ ေတြ႔ရတတ္တဲ့ လကၡဏာရပ္မ်ား

မနာလိုစိတ္ဆိုတာလည္း လူေတြမွာ ရွိေနတတ္တဲ့ ခံစားခ်က္ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ မနာလိုစိတ္ဆိုတာ ႀကီးမားလာမွ သိသာလာတာမ်ိဳးပါ။

တစ္ျခားသူကို မနာလိုစိတ္ ရွိေနတဲ့သူေတြကေတာ့ အနည္းငယ္ ထူးျခားတဲ့ လကၡဏာရပ္ေတြ ရွိေနပါတယ္။ သူတုိ႔ေတြဆီမွာ ေတြ႔ရတတ္တဲ့ လကၡဏာရပ္ေတြကေတာ့….

(1) ပူေလာင္ေနတတ္တယ္

သူတုိ႔က မနာလုိစိတ္ကို မသိသာေအာင္ ဖံုးထားေလ့ ရွိပါတယ္။ ဒါေပမယ့္လည္း သူတို႔ မနာလိုရတဲ့သူေတြ အဆင္ေျပေနတာကို ေတြ႔တဲ့အခါမွာ သူတို႔ရဲ႕ ပူေလာင္မႈကို မဖံုးကြယ္ႏိုင္ၾကေတာ့ပါဘူး။

သူတို႔က သူမ်ားေတြကို မနာလို ျဖစ္ေနတဲ့ ပံုစံေၾကာင့္ သူတို႔ရဲ႕ အျပဳအမူ၊ အေျပာအဆိုေတြကအစ ပူေလာင္မႈ ရွိေနတာကို ေတြ႔ေနရတတ္ပါတယ္။

(2) ဟန္ေဆာင္တာ ျမင္ရတယ္

မ်ားေသာအားျဖင့္ လူေတြက အေၾကာင္း တစ္ခုမဟုတ္ တစ္ခုေၾကာင့္ ဟန္ေဆာင္ရတတ္ပါတယ္။ မနာလိုစိတ္ မရွိခ်င္ေယာင္ေဆာင္တာမ်ိဳးလည္း ရွိတတ္ပါတယ္။

ဒါေပမယ့္လည္း မနာလိုစိတ္ အရမ္းမ်ားတဲ့သူေတြမွာသာ ဒီလိုမ်ိဳး ဟန္ေဆာင္ေနမွန္း ေဘးကလူက ျမင္သာေနတာ ျဖစ္ပါတယ္။

(3) ရုပ္ရင့္လာတတ္ၾကတယ္

စိတ္ရဲ႕ အပူက ရုပ္ကို ဟပ္တယ္လို႔ ေျပာၾကပါတယ္။ ဝမ္းနည္းေနတဲ့သူရဲ႕ မ်က္ႏွာက ညွိဳးေနသလို ဝမ္းသာေနတဲ့ မ်က္ႏွာက ရႊင္လန္းေနလ်က္ ရွိပါတယ္။

မနာလိုစိတ္ရွိတဲ့သူရဲ႕ မ်က္ႏွာကလည္း ပူပင္ေဒါသေတြနဲ႔ ျပည့္ေနတတ္ၿပီး ရုပ္ရည္ကလည္း တျဖည္းျဖည္း ရင့္ေရာ္လာေနတတ္ပါတယ္။

(4) မုဒိတာ မပြားတတ္ဘူး

တစ္ေယာက္ရဲ႕ ေအာင္ျမင္မႈကို ျမင္ရင္ ကိုယ္နဲ႔ ဘာမွ မဆိုင္ရင္ ေအာင္ျမင္ေနတယ္လို႔ ေတြးလိုက္မယ္၊ မေကာင္းမႈေတြ ျပဳလုပ္ၿပီး ေအာင္ျမင္သြားေတာ့ ျပစ္တင္မယ္။ ဒါမ်ိဳးက သဘာဝ တစ္ခုပါပဲ။

ဒါေပမယ့္လည္း မနာလိုသူေတြကေတာ့ သူ႔ဘာသာ ဘယ္လိုပဲ ေအာင္ျမင္ ေအာင္ျမင္ ဒီေအာင္ျမင္မႈကို ေတြ႔ရတာကိုက သူတို႔အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေနတတ္ၾကေတာ့ပါတယ္။ ေကာင္းတဲ့ ေအာင္ျမင္ျခင္းဆိုရင္ေတာင္မွ ေမတၱာ မေပးႏိုင္ ျဖစ္ေနတတ္ၾကပါတယ္။

(5) mအတင္းေျပာတယ္

သူတို႔က မနာလိုမႈကို အတင္းေျပာျခင္းျဖင့္လည္း ေဖာ္ထုတ္တတ္ၾကပါေသးတယ္။ အလ်ဥ္းသင့္သလို သူတို႔ မနာလိုတဲ့သူ အေၾကာင္းကို အပုတ္ခ်ေနမွာပဲ ျဖစ္ပါတယ္။ သူတို႔ မနာလိုေနရတဲ့သူေတြကို တျခားသူေတြကလည္း မႏွစ္သက္မွသာ သူတို႔က စိတ္ေက်နပ္မႈ ရၾကတာ ျဖစ္ပါတယ္။

Kham

Unicode

မနာလိုစိတ်များတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာရပ်များ

မနာလိုစိတ်ဆိုတာလည်း လူတွေမှာ ရှိနေတတ်တဲ့ ခံစားချက် တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် မနာလိုစိတ်ဆိုတာ ကြီးမားလာမှ သိသာလာတာမျိုးပါ။

တစ်ခြားသူကို မနာလိုစိတ် ရှိနေတဲ့သူတွေကတော့ အနည်းငယ် ထူးခြားတဲ့ လက္ခဏာရပ်တွေ ရှိနေပါတယ်။ သူတို့တွေဆီမှာ တွေ့ရတတ်တဲ့ လက္ခဏာရပ်တွေကတော့….

(1) ပူလောင်နေတတ်တယ်

သူတို့က မနာလိုစိတ်ကို မသိသာအောင် ဖုံးထားလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း သူတို့ မနာလိုရတဲ့သူတွေ အဆင်ပြေနေတာကို တွေ့တဲ့အခါမှာ သူတို့ရဲ့ ပူလောင်မှုကို မဖုံးကွယ်နိုင်ကြတော့ပါဘူး။

သူတို့က သူများတွေကို မနာလို ဖြစ်နေတဲ့ ပုံစံကြောင့် သူတို့ရဲ့ အပြုအမူ၊ အပြောအဆိုတွေကအစ ပူလောင်မှု ရှိနေတာကို တွေ့နေရတတ်ပါတယ်။

(2) ဟန်ဆောင်တာ မြင်ရတယ်

များသောအားဖြင့် လူတွေက အကြောင်း တစ်ခုမဟုတ် တစ်ခုကြောင့် ဟန်ဆောင်ရတတ်ပါတယ်။ မနာလိုစိတ် မရှိချင်ယောင်ဆောင်တာမျိုးလည်း ရှိတတ်ပါတယ်။

ဒါပေမယ့်လည်း မနာလိုစိတ် အရမ်းများတဲ့သူတွေမှာသာ ဒီလိုမျိုး ဟန်ဆောင်နေမှန်း ဘေးကလူက မြင်သာနေတာ ဖြစ်ပါတယ်။

(3) ရုပ်ရင့်လာတတ်ကြတယ်

စိတ်ရဲ့ အပူက ရုပ်ကို ဟပ်တယ်လို့ ပြောကြပါတယ်။ ဝမ်းနည်းနေတဲ့သူရဲ့ မျက်နှာက ညှိုးနေသလို ဝမ်းသာနေတဲ့ မျက်နှာက ရွှင်လန်းနေလျက် ရှိပါတယ်။

မနာလိုစိတ်ရှိတဲ့သူရဲ့ မျက်နှာကလည်း ပူပင်ဒေါသတွေနဲ့ ပြည့်နေတတ်ပြီး ရုပ်ရည်ကလည်း တဖြည်းဖြည်း ရင့်ရော်လာနေတတ်ပါတယ်။

(4) မုဒိတာ မပွားတတ်ဘူး

တစ်ယောက်ရဲ့ အောင်မြင်မှုကို မြင်ရင် ကိုယ်နဲ့ ဘာမှ မဆိုင်ရင် အောင်မြင်နေတယ်လို့ တွေးလိုက်မယ်၊ မကောင်းမှုတွေ ပြုလုပ်ပြီး အောင်မြင်သွားတော့ ပြစ်တင်မယ်။ ဒါမျိုးက သဘာဝ တစ်ခုပါပဲ။

ဒါပေမယ့်လည်း မနာလိုသူတွေကတော့ သူ့ဘာသာ ဘယ်လိုပဲ အောင်မြင် အောင်မြင် ဒီအောင်မြင်မှုကို တွေ့ရတာကိုက သူတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်နေတတ်ကြတော့ပါတယ်။ ကောင်းတဲ့ အောင်မြင်ခြင်းဆိုရင်တောင်မှ မေတ္တာ မပေးနိုင် ဖြစ်နေတတ်ကြပါတယ်။

(5) mအတင်းပြောတယ်

သူတို့က မနာလိုမှုကို အတင်းပြောခြင်းဖြင့်လည်း ဖော်ထုတ်တတ်ကြပါသေးတယ်။ အလျဉ်းသင့်သလို သူတို့ မနာလိုတဲ့သူ အကြောင်းကို အပုတ်ချနေမှာပဲ ဖြစ်ပါတယ်။ သူတို့ မနာလိုနေရတဲ့သူတွေကို တခြားသူတွေကလည်း မနှစ်သက်မှသာ သူတို့က စိတ်ကျေနပ်မှု ရကြတာ ဖြစ်ပါတယ်။

Kham