ဒီအခ်က္ေတြ ပိုင္ဆုိင္ထားၿပီဆုိရင္ သင့္ ဘ၀မွာ ေပ်ာ္ရႊင္မႈ၊ ကံေကာင္းမႈေတြကို ခံစားရမွာပါ

ဒီအခ်က္ေတြ ပိုင္ဆုိင္ထားၿပီဆုိရင္ သင့္ ဘ၀မွာ ေပ်ာ္ရႊင္မႈ၊ ကံေကာင္းမႈေတြကို ခံစားရမွာပါ

သင့္ရဲ႕ ဘဝမွာ ပိုက္ဆံေတြ အရမ္းႀကီး မခ်မ္းသာရင္ေနပါေစ ဒီလုိအရာေလးေတြသာ ပိုင္ဆုိင္ထားတယ္ဆုိရင္ေတာ့ သင္ဟာ ကံေကာင္းသူတစ္ေယာက္ပါ။

လူေတြက ကိုယ့္ထက္ သာလြန္ေကာင္းမြန္တဲ့ ဘဝေတြ၊ ကိုယ့္ထက္ ျပည့္စံုတယ္ထင္တဲ့လူေတြကို အားက်တတ္ၾကၿပီး ကိုယ့္မွာ႐ွိေနတဲ့အရာေတြကို တန္ဖိုးထားဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။

တကယ္ေတာ့ သင့္မွာ ဒီအခ်က္ေတြပိုင္ဆုိင္ထားတာက သင့္ဘ၀မွာ ကံေကာင္းမႈေတြ၊ ေပ်ာ္႐ႊင္မႈေတြကို မၾကာခဏ ခံစားရမယ့္သူတစ္ေယာက္ ျဖစ္ေနပါၿပီ။

(1) သူငယ္ခ်င္းေကာင္းေတြ

လူတစ္ေယာက္ရဲ႕ ဘဝမွာ အနည္းဆံုး သူငယ္ခ်င္းေကာင္းတစ္ေယာက္ေလာက္ေတာာ့ လုိကိုလုိအပ္ပါတယ္။

သင့္ဆီမွာ သင့္ခံစားခ်က္ေတြကို ရင္ဖြင့္တုိင္ပင္လုိ႔ရတဲ့ သူငယ္ခ်င္း၊ သင့္အထီးက်န္ေနတဲ့အခ်ိန္မွာ စကားေျပာေပးမယ့္သူ၊ သင္စိတ္ဓာတ္က်ေနတဲ့အခ်ိန္မွာ ေဘးနားက ေဖးမကူညီေပးတတ္တဲ့ သူ၊ ေပ်ာ္စရာေတြကို အတူတူရယ္ေမာရင္း ငိုစရာ႐ွိရင္ အတူတူဝမ္းနည္းေပးမယ့္ သူ၊ ဘဝရဲ႕ အမွတ္တရေကာင္းေတြကို ဖန္တီးေပးတတ္တဲ့ သူငယ္ခ်င္းမ်ိဳးကို ပိုင္ဆုိင္ထားၿပီဆုိရင္ေတာ့ သင္ဟာ တကယ့္ကို ကံေကာင္းတဲ့ သူတစ္ေယာက္ ျဖစ္ေနပါၿပီ။

(2) ကိုယ္ဝါသနာနဲ႔ ထပ္တူက်တဲ့ အလုပ္

ဒီအခ်က္ကေတာ့ လူေတာ္ေတာ္မ်ားမ်ား လိုခ်င္ၾကေပမယ့္ လူနည္းစုသာ ပိုင္ဆုိင္ထားတဲ့ အခ်က္တစ္ခ်က္ပါ။ ဒီေတာ့ သင့္ဆီမွာ ဝါသနာနဲ႔ ထပ္တူက်တဲ့ အလုပ္တစ္ခု႐ွိေနၿပီဆုိရင္ေတာ့ ဒါဟာ တကယ့္ကို ေပ်ာ္႐ႊင္တဲ့ ဘဝေလးကို ပိုင္ဆုိင္ထားတာပါပဲေနာ္။

ကိုယ္ေနတုိင္း လုပ္ေနရတဲ့ အလုပ္ဟာ ကိုယ့္ဝါသနာျဖစ္ေနခဲ့ရင္ အလုပ္လုပ္ေနရတာကိုေတာင္ သင္ေပ်ာ္႐ႊင္ေနမွာပါ။

(3) က်န္းမာေရးေကာင္းသူ

က်န္းမာေရးက လူတစ္ေယာက္အတြက္ အေရးအႀကီးဆံုး အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။ ပိုက္ဆံေတြ ဘယ္ေလာက္ပဲ ခ်မ္းသာေနပါေစ က်န္းမာေရးမေကာင္းတဲ့သူက မေပ်ာ္႐ႊင္ႏိုင္ပါဘူး။

ဒီေတာ့ ကိုယ္ဟာ က်န္းမာေရးေကာင္းတဲ့သူ တစ္ေယာက္ျဖစ္ေနတာဟာ တကယ့္ကို ကံေကာင္းျခင္းပါပဲ။ ဘဝမွာ က်န္းမာမွ ကိုယ္လုပ္ခ်င္တာေတြ၊ ကိုယ္ျဖစ္ခ်င္တာေတြကို အေကာင္အထည္ေဖာ္ႏုိင္မွာ ျဖစ္ပါတယ္။

(4) ေပ်ာ္႐ႊင္တဲ့ မိသားစု

မိသားစုတုိင္းက ေႏြးေႏြးေထြးေထြး၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ မ႐ွိတတ္ၾကပါဘူး။ တစ္ခ်ိဳ႕မိသားစုေတြဆုိ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ကိုအေရးမလုပ္ၾကသလို၊ သံေယာဇာဥ္လည္း နည္းၾကတာကို ေတြ႔ရပါတယ္။

တကယ္လုိ႔ သင့္ဆီမွာ ေႏြးေထြးေပ်ာ္႐ႊင္တဲ့ မိသားစုေလးကို ပိုင္ဆုိင္ထားတယ္၊ မိသားစုနဲ႔ အခ်ိန္အတူ ကုန္ဆံုးျဖစ္တယ္၊ ေပ်ာ္စရာအခ်ိန္ေလးေတြကို ဖန္တီးျဖစ္တယ္ဆုိရင္ေတာ့ သင္ဟာ တကယ့္ကို ဘဝရဲ႕ ေပ်ာ္႐ႊင္မႈေတြကို ခံစားရတဲ့ သူတစ္ေယာက္ပါေနာ္။

(5) အမွီအခုိကင္းကင္း ရပ္တည္ႏုိ္င္မႈ

လူတစ္ေယာက္ဟာ သူ႔ရဲ႕ဘဝကို သူ႔စိတ္ႀကိဳက္ပံုေဖာ္ထုဆစ္ႏုိင္ဖုိ႔ အေရးႀကီးပါတယ္။ ဘယ္သူ႔ကိုမွ အားမကိုးပဲ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္္တည္ႏုိင္ၿပီး ကိုယ္ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္လုပ္ႏုိ္င္တာကလည္း အရမ္းကို ကံေကာင္းပါတယ္ေနာ္။

ဒီေတာ့ သင္ဟာ ကိုယ့္ဘဝကို ကိုယ္တို္င္ထိန္းေက်ာင္းရပ္တည္ႏိုင္တဲ့ သူတစ္ေယာက္ဆုိရင္ေတာ့ ဘဝမွာ ေပ်ာ္႐ႊင္မႈနဲ႔ ကံေကာင္းမႈေတြက သင့္လက္ထဲမွာ ႐ွိေနပါတယ္။

Khin

Unicode

ဒီအချက်တွေ ပိုင်ဆိုင်ထားပြီဆိုရင် သင့် ဘဝမှာ ပျော်ရွှင်မှု၊ ကံကောင်းမှုတွေကို ခံစားရမှာပါ

သင့်ရဲ့ ဘဝမှာ ပိုက်ဆံတွေ အရမ်းကြီး မချမ်းသာရင်နေပါစေ ဒီလိုအရာလေးတွေသာ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ ကံကောင်းသူတစ်ယောက်ပါ။

လူတွေက ကိုယ့်ထက် သာလွန်ကောင်းမွန်တဲ့ ဘဝတွေ၊ ကိုယ့်ထက် ပြည့်စုံတယ်ထင်တဲ့လူတွေကို အားကျတတ်ကြပြီး ကိုယ့်မှာရှိနေတဲ့အရာတွေကို တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။

တကယ်တော့ သင့်မှာ ဒီအချက်တွေပိုင်ဆိုင်ထားတာက သင့်ဘဝမှာ ကံကောင်းမှုတွေ၊ ပျော်ရွှင်မှုတွေကို မကြာခဏ ခံစားရမယ့်သူတစ်ယောက် ဖြစ်နေပါပြီ။

(1) သူငယ်ချင်းကောင်းတွေ

လူတစ်ယောက်ရဲ့ ဘဝမှာ အနည်းဆုံး သူငယ်ချင်းကောင်းတစ်ယောက်လောက်တော့ လိုကိုလိုအပ်ပါတယ်။

သင့်ဆီမှာ သင့်ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်လို့ရတဲ့ သူငယ်ချင်း၊ သင့်အထီးကျန်နေတဲ့အချိန်မှာ စကားပြောပေးမယ့်သူ၊ သင်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘေးနားက ဖေးမကူညီပေးတတ်တဲ့ သူ၊ ပျော်စရာတွေကို အတူတူရယ်မောရင်း ငိုစရာရှိရင် အတူတူဝမ်းနည်းပေးမယ့် သူ၊ ဘဝရဲ့ အမှတ်တရကောင်းတွေကို ဖန်တီးပေးတတ်တဲ့ သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သင်ဟာ တကယ့်ကို ကံကောင်းတဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။

(2) ကိုယ်ဝါသနာနဲ့ ထပ်တူကျတဲ့ အလုပ်

ဒီအချက်ကတော့ လူတော်တော်များများ လိုချင်ကြပေမယ့် လူနည်းစုသာ ပိုင်ဆိုင်ထားတဲ့ အချက်တစ်ချက်ပါ။ ဒီတော့ သင့်ဆီမှာ ဝါသနာနဲ့ ထပ်တူကျတဲ့ အလုပ်တစ်ခုရှိနေပြီဆိုရင်တော့ ဒါဟာ တကယ့်ကို ပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာပါပဲနော်။

ကိုယ်နေတိုင်း လုပ်နေရတဲ့ အလုပ်ဟာ ကိုယ့်ဝါသနာဖြစ်နေခဲ့ရင် အလုပ်လုပ်နေရတာကိုတောင် သင်ပျော်ရွှင်နေမှာပါ။

(3) ကျန်းမာရေးကောင်းသူ

ကျန်းမာရေးက လူတစ်ယောက်အတွက် အရေးအကြီးဆုံး အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ပိုက်ဆံတွေ ဘယ်လောက်ပဲ ချမ်းသာနေပါစေ ကျန်းမာရေးမကောင်းတဲ့သူက မပျော်ရွှင်နိုင်ပါဘူး။

ဒီတော့ ကိုယ်ဟာ ကျန်းမာရေးကောင်းတဲ့သူ တစ်ယောက်ဖြစ်နေတာဟာ တကယ့်ကို ကံကောင်းခြင်းပါပဲ။ ဘဝမှာ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

(4) ပျော်ရွှင်တဲ့ မိသားစု

မိသားစုတိုင်းက နွေးနွေးထွေးထွေး၊ ပျော်ပျော်ရွှင်ရွှင် မရှိတတ်ကြပါဘူး။ တစ်ချို့မိသားစုတွေဆို တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုအရေးမလုပ်ကြသလို၊ သံယောဇာဉ်လည်း နည်းကြတာကို တွေ့ရပါတယ်။

တကယ်လို့ သင့်ဆီမှာ နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတယ်၊ မိသားစုနဲ့ အချိန်အတူ ကုန်ဆုံးဖြစ်တယ်၊ ပျော်စရာအချိန်လေးတွေကို ဖန်တီးဖြစ်တယ်ဆိုရင်တော့ သင်ဟာ တကယ့်ကို ဘဝရဲ့ ပျော်ရွှင်မှုတွေကို ခံစားရတဲ့ သူတစ်ယောက်ပါနော်။

(5) အမှီအခိုကင်းကင်း ရပ်တည်န်ိုင်မှု

လူတစ်ယောက်ဟာ သူ့ရဲ့ဘဝကို သူ့စိတ်ကြိုက်ပုံဖော်ထုဆစ်နိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်န်ိုင်တာကလည်း အရမ်းကို ကံကောင်းပါတယ်နော်။

ဒီတော့ သင်ဟာ ကိုယ့်ဘဝကို ကိုယ်တ်ိုင်ထိန်းကျောင်းရပ်တည်နိုင်တဲ့ သူတစ်ယောက်ဆိုရင်တော့ ဘဝမှာ ပျော်ရွှင်မှုနဲ့ ကံကောင်းမှုတွေက သင့်လက်ထဲမှာ ရှိနေပါတယ်။

Khin