မျပည့္တဲ့အိုးေတြက ေဘာင္ဘင္ခတ္ၾကတယ္

မျပည့္တဲ့အိုးေတြက ေဘာင္ဘင္ခတ္ၾကတယ္

မ်ိဳး႐ိုးစဥ္ဆက္ခ်မ္းသာတဲ့လူတစ္ေယာက္က ေနရင္းထိုင္ရင္းနဲ႔ ပိုင္ဆိုင္မႈေတြကို မႂကြားဝါ မထုတ္ေဖာ္တတ္ၾကဘူး ..

ကံေကာင္းေထာက္မၿပီး ခ်မ္းသာလာၾကတဲ့လူေတြက ဟိုနားဒီနားသြားလာရင္ေတာင္လူထင္ႀကီးခံရေအာင္ အရမ္းကိုဝတ္စားဆင္ယင္ျပတတ္ၾကတယ္ ။

တကယ္တမ္း အဆင့္အတန္း႐ွိတဲ့လူေတြက ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွဂုဏ္မေပၚၾကဘူး အေၾကာင္းက သူတို႔ဟာ ဂုဏ္ေဖာ္စရာမလိုေအာင္ကို နာမည္ေကာင္းရထားလို႔ပဲ ..

တခ်ိဳ႕တခ်ိဳ႕ဟိုမေရာက္ဒီမေရာက္လူေတြက ကိုယ့္ကိုယ္ကိုဘယ္သူပါ ဘယ္ဝါပါဆိုၿပီးလူေတြေ႐ွ႕ေရာက္ရင္ အရမ္းနာမည္ေကာင္းဝင္ယူခ်င္ၾကတယ္ ။

အမွားမမ်ားတဲ့လူေတြက ႏႈတ္ဆိတ္ၿငိမ္သက္ေနၾကခ်ိန္မွာ အမွားေတြအမ်ားႀကီးလုပ္ထားတဲ့လူက သူဟာ အမွားကင္းေၾကာင္းသိပ္ၿပီးျဖဴစင္ေၾကာင္း လူတကာေ႐ွ႕မွာ ေလလုံးထြားခ်င္ၾကတာ ။

လူေလာက လူ႕သဘာဝေတြက ဒါပါပဲ

ျပည့္တဲ့အိုးက တည္ၿငိမ္ေနၾကသေလာက္ မျပည့္တဲ့အိုးေတြက သိပ္ကိုေဘာင္ဘင္ခတ္ၾကတယ္ ။

မျဖစ္ေစခ်င္လို႔ေစတနာနဲ႔ေျပာတဲ့အခါ မနာလိုလို႔ ေဝဖန္တယ္လို႔သတ္မွတ္တတ္ၾကတယ္ ..

ဟုတ္ပါတယ္ လူေတြရဲ႕ကုသိုလ္ကံျခင္းမတူပါဘူး ဒါေပမဲ့ အၿမဲတမ္းလည္း ကံေကာင္းမေနႏိုင္ဘူးဆိုတာ သတိရပါ

ဥစၥာ ေနရာ ေလးစားခံရမႈ ဆိုတာ ကိုယ္နဲ႔ထိုက္မွရတာပါ လူထင္ႀကီးခံရဖို႔သက္သက္နဲ႔ ကိုယ့္မျပည့္ဝမႈေတြ ကိုယ္မပိုင္ရေသးတဲ့အရာေတြကို ဗန္းျပၿပီး ဝ မ႐ွိဘဲ ဝိ မလုပ္ေစခ်င္ဘူး ..

ကိုယ့္ေနပုံထိုင္ပုံမမွန္ကန္ရင္ ကိုယ္က်႐ႈံးတဲ့အခါ ထိုးလာမယ့္လက္ေတြပိုမ်ားၿပီး ကဲ့ရဲ႕မယ့္ပါးစပ္ေတြသိပ္မ်ားလို႔ပါ .. မျပည္တဲ့အိုးေတြကို ဆင္ျခင္ေစခ်င္မိတယ္ ။

#သကၳားခင္(THK)

Unicode

မပြည့်တဲ့အိုးတွေက ဘောင်ဘင်ခတ်ကြတယ်

မျိုးရိုးစဉ်ဆက်ချမ်းသာတဲ့လူတစ်ယောက်က နေရင်းထိုင်ရင်းနဲ့ ပိုင်ဆိုင်မှုတွေကို မကြွားဝါ မထုတ်ဖော်တတ်ကြဘူး ..

ကံကောင်းထောက်မပြီး ချမ်းသာလာကြတဲ့လူတွေက ဟိုနားဒီနားသွားလာရင်တောင်လူထင်ကြီးခံရအောင် အရမ်းကိုဝတ်စားဆင်ယင်ပြတတ်ကြတယ် ။

တကယ်တမ်း အဆင့်အတန်းရှိတဲ့လူတွေက ကိုယ့်ကိုယ်ကို ဘယ်တော့မှဂုဏ်မပေါ်ကြဘူး အကြောင်းက သူတို့ဟာ ဂုဏ်ဖော်စရာမလိုအောင်ကို နာမည်ကောင်းရထားလို့ပဲ ..

တချို့တချို့ဟိုမရောက်ဒီမရောက်လူတွေက ကိုယ့်ကိုယ်ကိုဘယ်သူပါ ဘယ်ဝါပါဆိုပြီးလူတွေရှေ့ရောက်ရင် အရမ်းနာမည်ကောင်းဝင်ယူချင်ကြတယ် ။

အမှားမများတဲ့လူတွေက နှုတ်ဆိတ်ငြိမ်သက်နေကြချိန်မှာ အမှားတွေအများကြီးလုပ်ထားတဲ့လူက သူဟာ အမှားကင်းကြောင်းသိပ်ပြီးဖြူစင်ကြောင်း လူတကာရှေ့မှာ လေလုံးထွားချင်ကြတာ ။

လူလောက လူ့သဘာဝတွေက ဒါပါပဲ

ပြည့်တဲ့အိုးက တည်ငြိမ်နေကြသလောက် မပြည့်တဲ့အိုးတွေက သိပ်ကိုဘောင်ဘင်ခတ်ကြတယ် ။

မဖြစ်စေချင်လို့စေတနာနဲ့ပြောတဲ့အခါ မနာလိုလို့ ဝေဖန်တယ်လို့သတ်မှတ်တတ်ကြတယ် ..

ဟုတ်ပါတယ် လူတွေရဲ့ကုသိုလ်ကံခြင်းမတူပါဘူး ဒါပေမဲ့ အမြဲတမ်းလည်း ကံကောင်းမနေနိုင်ဘူးဆိုတာ သတိရပါ

ဥစ္စာ နေရာ လေးစားခံရမှု ဆိုတာ ကိုယ်နဲ့ထိုက်မှရတာပါ လူထင်ကြီးခံရဖို့သက်သက်နဲ့ ကိုယ့်မပြည့်ဝမှုတွေ ကိုယ်မပိုင်ရသေးတဲ့အရာတွေကို ဗန်းပြပြီး ဝ မရှိဘဲ ဝိ မလုပ်စေချင်ဘူး ..

ကိုယ့်နေပုံထိုင်ပုံမမှန်ကန်ရင် ကိုယ်ကျရှုံးတဲ့အခါ ထိုးလာမယ့်လက်တွေပိုများပြီး ကဲ့ရဲ့မယ့်ပါးစပ်တွေသိပ်များလို့ပါ .. မပြည်တဲ့အိုးတွေကို ဆင်ခြင်စေချင်မိတယ် ။

#သက္ထားခင်(THK)