မိတ္ကပ္လိမ္းစရာမလိုဘဲ သဘာဝအတုိင္းေလးလွေနေစဖို႔ လိုက္နာရမယ့္အခ်က္(၁၀)ခ်က္…

မိတ္ကပ္လိမ္းစရာမလိုဘဲ သဘာဝအတုိင္းေလးလွေနေစဖို႔ လိုက္နာရမယ့္အခ်က္(၁၀)ခ်က္…

မိန္းကေလးေတြအေနနဲ႔ မိတ္ကပ္လိမ္းရတာက အခ်ိန္ေပးရျပီး စိတ္ရွည္ရတဲ့ ကိစၥတစ္ခု ျဖစ္ပါတယ္။ မိတ္ကပ္ေလးလိမ္းမွ ပိုထူးျခားသြားျပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ပိုရွိလာပါတယ္။ မိတ္ကပ္ဘယ္လိုလိမ္းရင္ ပိုလွမလဲဆိုျပီး Tutorial Video ေတြလုိက္ၾကည့္ရတာလည္း မိန္းကေလးေတြပါပဲ . . .။

မိတ္ကပ္မလိမ္းဘဲ သဘာဝအတုိင္း လွႏုိင္ဖို႔ နည္းလမ္းေတြ ရွိပါတယ္ေနာ္။ မိတ္ကပ္ကို ေန႔တုိင္းလိမ္းတာက သင့္အသားအေရအတြက္ ေရရွည္မွာ မေကာင္းပါဘူး။ ဒီေတာ့ မိတ္ကပ္မလိမ္းဘဲ လွျမဲတုိင္း လွေနေစမယ့္ နည္းလမ္းေတြကို သိထားဖို႔ လိုအပ္ပါတယ္ . . .။

(1) တစ္ကိုယ္ေရသန္႔ရွင္းမႈ ရွိပါေစ”

သန္႔သန္႔ရွင္းရွင္းေနတာက ကိုယ့္ရဲ႕ စိတ္ကို လန္းဆန္း ေစပါတယ္။ တစ္ေန႔မွာ တစ္ခါေတာ့ ပံုမွန္ ေရခ်ိဳးေပးပါ။ သင္က မနက္ေစာေစာ တစ္ခါပဲ ေရခ်ိဳးတတ္တယ္ဆုိရင္ ညဘက္ အိပ္ခါနီး တစ္နာရီႏွစ္နာရီအလိုမွာ ေရတစ္ခါ ထပ္ျပီး ခ်ိဳးေပးသင့္ပါတယ္ . . .။

(2) အသားအေရကို အစိုဓာတ္ထိန္းပါ”

စိုေျပျပီး တင္းရင္းတဲ့အသားအေရက မိတ္ကပ္မလိမ္းလည္း ေပၚလြင္ေနတတ္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးပါ။ အစိုဓာတ္ထိန္းခရင္ကိုလည္း ပံုမွန္လိမ္းေပး သင္႔ပါတယ္ . . .။

(3) မ်က္ႏွာ ပံုမွန္သစ္ပါ”

မ်က္ႏွာသစ္တာကို မနက္တစ္ခါ ညတစ္ခါ ျပဳလုပ္ေပးပါ။ မ်က္ႏွာသစ္တာက အသားအေရေပၚက ဖုန္ေတြနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးပါတယ္။ ကိုယ့္အသားအေရနဲ႔ သင့္ေတာ္တဲ့ မ်က္ႏွာသစ္ေဆးကိုပဲ ေရြးခ်ယ္ပါ . . .။

(4) ကိုယ္နဲ႔လုိက္တဲ့ ဆံပင္ပံုစံညွပ္ပါ

ဆံပင္ထိန္းသိမ္းတဲ့အခ်ိန္ စိတ္ခ်ရျပီး အရည္အေသြးမွီတဲ့ ဆိုင္ေတြကိုပဲ ေရြးခ်ယ္သင့္ပါတယ္။ မိတ္ကပ္မလိမ္းခ်င္သူ တစ္ေယာက္အတြက္ ဆံပင္ပံုစံက အေရးပါပါတယ္။ ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ ဆံေကသာနဲ႔ ပံုက်တဲ့ ဆံပင္ေကက မိတ္ကပ္မလိမ္းထားလည္း လွေစႏိုင္ပါတယ္ . . .။

(5) ကိုယ္နဲ႔လုိက္ဖက္တဲ့ အဝတ္အစားကို ေရြးဝတ္ပါ”

မ်က္ႏွာက မိတ္ကပ္နည္းတာေၾကာင့္ အဝတ္အစားကို ဂရုစိုက္သင့္ပါတယ္။ ဒါမွ တစ္ေနရာမထူးျခားလည္း အဝတ္အစားက သင့္အလွကို ပံ့ပိုးေနမွာပါ။ ကိုယ့္ ခႏၶာကိုယ္နဲ႔ ကြက္တိျဖစ္တဲ့ အဝတ္အစားေတြကို ေရြးခ်ယ္သင္႔ ပါတယ္ . . .။

(6) အေရာင္ႏုႏုေလးေတြကို ဝတ္ပါ”

အေရာင္လြင္တာေလးေတြဝတ္ေပးပါ။ အေရာင္ရင့္ေတြက သင့္မ်က္ႏွာကို ပိုရင့္သလိုျဖစ္ေစပါတယ္။ သဘာဝဆန္ဆန္ေလးလွေနဖို႔ အေရာင္ေဖ်ာ့တဲ့ အဝတ္အစားေတြကိုပဲ ေရြးဝတ္ပါ . . .။

(7) ကိုယ္နဲ႔ လုိက္တဲ့အေရာင္ကို ေရြးပါ”

သင့္အသားအေရကို ပိုလင္းသြားေစမယ့္ အဝတ္အစားအေရာင္ေတြကို ေရြးခ်ယ္ေပးပါ . . .။

(8) အနည္းဆံုး လိုက္ဖက္တဲ့ ဖိနပ္တစ္စံု ပိုင္ဆိုင္ထားပါေစ”

သင္က မိတ္ကပ္မလိမ္းတာေၾကာင့္ တျခားေနရာေတြကို ထင္ရွားေအာင္ လုပ္ရပါမယ္။ ဒါေၾကာင့္ သင္နဲ႔လိုက္ဖက္တဲ့ ဖိနပ္တစ္စံုေတာ႔ ရွိထားသင့္ပါတယ္ . . .။

(9) မ်ားမ်ားျပံဳးပါ”

ျဖဴစင္တဲ့ အျပံဳးတစ္ပြင့္က ဘယ္အရာနဲ႔မွ မယွဥ္ႏုိင္ေအာင္ လွပပါတယ္။ မိတ္ကပ္ မလိမ္းထားလည္း အလွပဆံုးျပံဳးထားပါ . . .။

(10) ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိပါေစ”

အေရးအႀကီးဆံုးကေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတာပါ။ ကိုယ္လုပ္သင့္တာကို လုပ္ပါ။ တျခားသူေတြကို သိပ္ဂရုစိုက္မေနပါနဲ႔ . . .။ ။

Credit – May Thu Soe

Unicode Version ဖြင့်ဖတ်ရန်

မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်းလေးလှနေစေဖို့ လိုက်နာရမယ့်အချက်(၁၀)ချက်…

မိန်းကလေးတွေအနေနဲ့ မိတ်ကပ်လိမ်းရတာက အချိန်ပေးရပြီး စိတ်ရှည်ရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မိတ်ကပ်လေးလိမ်းမှ ပိုထူးခြားသွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပါတယ်။ မိတ်ကပ်ဘယ်လိုလိမ်းရင် ပိုလှမလဲဆိုပြီး Tutorial Video တွေလိုက်ကြည့်ရတာလည်း မိန်းကလေးတွေပါပဲ . . .။

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်နော်။ မိတ်ကပ်ကို နေ့တိုင်းလိမ်းတာက သင့်အသားအရေအတွက် ရေရှည်မှာ မကောင်းပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းဘဲ လှမြဲတိုင်း လှနေစေမယ့် နည်းလမ်းတွေကို သိထားဖို့ လိုအပ်ပါတယ် . . .။

(1) တစ်ကိုယ်ရေသန့်ရှင်းမှု ရှိပါစေ”

သန့်သန့်ရှင်းရှင်းနေတာက ကိုယ့်ရဲ့ စိတ်ကို လန်းဆန်း စေပါတယ်။ တစ်နေ့မှာ တစ်ခါတော့ ပုံမှန် ရေချိုးပေးပါ။ သင်က မနက်စောစော တစ်ခါပဲ ရေချိုးတတ်တယ်ဆိုရင် ညဘက် အိပ်ခါနီး တစ်နာရီနှစ်နာရီအလိုမှာ ရေတစ်ခါ ထပ်ပြီး ချိုးပေးသင့်ပါတယ် . . .။

(2) အသားအရေကို အစိုဓာတ်ထိန်းပါ”

စိုပြေပြီး တင်းရင်းတဲ့အသားအရေက မိတ်ကပ်မလိမ်းလည်း ပေါ်လွင်နေတတ်ပါတယ်။ ရေများများသောက်ပေးပါ။ အစိုဓာတ်ထိန်းခရင်ကိုလည်း ပုံမှန်လိမ်းပေး သင့်ပါတယ် . . .။

(3) မျက်နှာ ပုံမှန်သစ်ပါ”

မျက်နှာသစ်တာကို မနက်တစ်ခါ ညတစ်ခါ ပြုလုပ်ပေးပါ။ မျက်နှာသစ်တာက အသားအရေပေါ်က ဖုန်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကိုပဲ ရွေးချယ်ပါ . . .။

(4) ကိုယ်နဲ့လိုက်တဲ့ ဆံပင်ပုံစံညှပ်ပါ

ဆံပင်ထိန်းသိမ်းတဲ့အချိန် စိတ်ချရပြီး အရည်အသွေးမှီတဲ့ ဆိုင်တွေကိုပဲ ရွေးချယ်သင့်ပါတယ်။ မိတ်ကပ်မလိမ်းချင်သူ တစ်ယောက်အတွက် ဆံပင်ပုံစံက အရေးပါပါတယ်။ နူးညံ့ပျော့ပြောင်းတဲ့ ဆံကေသာနဲ့ ပုံကျတဲ့ ဆံပင်ကေက မိတ်ကပ်မလိမ်းထားလည်း လှစေနိုင်ပါတယ် . . .။

(5) ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ရွေးဝတ်ပါ”

မျက်နှာက မိတ်ကပ်နည်းတာကြောင့် အဝတ်အစားကို ဂရုစိုက်သင့်ပါတယ်။ ဒါမှ တစ်နေရာမထူးခြားလည်း အဝတ်အစားက သင့်အလှကို ပံ့ပိုးနေမှာပါ။ ကိုယ့် ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကို ရွေးချယ်သင့် ပါတယ် . . .။

(6) အရောင်နုနုလေးတွေကို ဝတ်ပါ”

အရောင်လွင်တာလေးတွေဝတ်ပေးပါ။ အရောင်ရင့်တွေက သင့်မျက်နှာကို ပိုရင့်သလိုဖြစ်စေပါတယ်။ သဘာဝဆန်ဆန်လေးလှနေဖို့ အရောင်ဖျော့တဲ့ အဝတ်အစားတွေကိုပဲ ရွေးဝတ်ပါ . . .။

(7) ကိုယ်နဲ့ လိုက်တဲ့အရောင်ကို ရွေးပါ”

သင့်အသားအရေကို ပိုလင်းသွားစေမယ့် အဝတ်အစားအရောင်တွေကို ရွေးချယ်ပေးပါ . . .။

(8) အနည်းဆုံး လိုက်ဖက်တဲ့ ဖိနပ်တစ်စုံ ပိုင်ဆိုင်ထားပါစေ”

သင်က မိတ်ကပ်မလိမ်းတာကြောင့် တခြားနေရာတွေကို ထင်ရှားအောင် လုပ်ရပါမယ်။ ဒါကြောင့် သင်နဲ့လိုက်ဖက်တဲ့ ဖိနပ်တစ်စုံတော့ ရှိထားသင့်ပါတယ် . . .။

(9) များများပြုံးပါ”

ဖြူစင်တဲ့ အပြုံးတစ်ပွင့်က ဘယ်အရာနဲ့မှ မယှဉ်နိုင်အောင် လှပပါတယ်။ မိတ်ကပ် မလိမ်းထားလည်း အလှပဆုံးပြုံးထားပါ . . .။

(10) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါစေ”

အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာပါ။ ကိုယ်လုပ်သင့်တာကို လုပ်ပါ။ တခြားသူတွေကို သိပ်ဂရုစိုက်မနေပါနဲ့ . . .။ ။

Credit – May Thu Soe