စိတ္ဆိုးစိတ္ေကာက္တတ္တဲ့ ခ်စ္သူေကာင္ေလးနဲ႔ အဆင္ေျပဖို႔ အလြယ္ကူဆံုး ေခ်ာ့နည္း

စိတ္ဆိုးစိတ္ေကာက္တတ္တဲ့ ခ်စ္သူေကာင္ေလးနဲ႔ အဆင္ေျပဖို႔ အလြယ္ကူဆံုး ေခ်ာ့နည္း

Relationship တစ္ခုမွာ ပ်ိဳေမတို႔ စိတ္ဆိုးစိတ္ေကာက္တဲ့ အခါမ်ိဳးမွာေတာ့ ခ်စ္သူကိုကိုေတြခမ်ာ ေတာ္ေတာ္ေလး ရင္ေမာရပါတယ္။

မိန္းကေလးေတြ စိတ္ဆိုးေကာက္ရင္ သူတို႔ေလးေတြ စိတ္ဆိုးစိတ္ေကာက္ရတဲ့ အေၾကာင္းအရင္းကို အရင္ရွာ၊ ျပီးရင္ သူတို႔ၾကိဳက္တဲ့ အျပဳအမူပံုစံေလးေတြနဲ႔ ေခ်ာ့ရမလား၊

လက္ေဆာင္ပစၥည္းတစ္ခုခုေပးျပီး စိတ္ဆိုးေျပေအာင္ လုပ္ရမလား၊ အစားအစာေတြနဲ႔ ေခ်ာ့ရမလား အစရွိသျဖင့္ ခ်စ္သူကိုကိုေတြခမ်ာ ေတာ္ေတာ္ေလး စဥ္းစားရက်ပ္ပါတယ္။

ဒါေပမယ့္ ခ်စ္သူေကာင္ေလးေတြ စိတ္ဆိုးတဲ့အခ်ိန္ေတြ၊ စိတ္မၾကည္တဲ့ အခ်ိန္မ်ိဳးေတြ၊ ကိုယ့္ကို စိတ္ေကာက္ေနတဲ့ အခ်ိန္မ်ိဳးေတြဆိုတာ ရွိတတ္ပါတယ္။

အဲဒီလို အခ်ိန္မ်ိဳးေတြက်ရင္ေကာ ပ်ိဳေမမိန္းကေလးေတြက ဘယ္လိုပံုစံနဲ႔ ေခ်ာ့ၾကမလဲ? အရမ္းၾကီး မစဥ္းစားပါနဲ႔။

အဓိကကေတာ့ စကားေလးပါပဲ။ စကားကို ခ်စ္စရာေကာင္းျပီး ကိုယ့္ခ်စ္သူ စိတ္ကို အရည္ေပ်ာ္က်သြားစေမယ့္ စကားေတြကေတာ့ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။

အဲဒီစကားေတြထဲက ေယာက်ာ္းေလးခ်စ္သူေတာ္ေတာ္မ်ားမ်ား အရည္ေပ်ာ္က်ျပီး စကၠန္႔အနည္းငယ္အတြင္း ျပံဳးျဖီးျဖီးၾကီး ျဖစ္သြားေစမယ့္ စကား တစ္ခါန္းရွိပါတယ္။

အဲဒီစကားကေတာ့ “ကိုကိုေနာ္”ဆိုတဲ့ စကားေလးတစ္ခြန္းပါပဲ။ ေယာက်ာ္းေလး အမ်ားစုဟာ အလုပ္ကိစၥေတြနဲ႔ အျခားကိစၥေတြမွာ စိတ္မာျပီး ဆံုးျဖတ္ခ်က္ ျပတ္သားၾကစျမဲပါ။

ဒါေပမယ့္ အဲဒီလို စိတ္ေတြဟာ သူတို႔ခ်စ္သူမိန္းကေလးေတြ အေရွ႕ေရာက္ရင္ ၾကက္ေပ်ာက္၊ ငွက္ေပ်ာက္ ျဖစ္သြားတတ္ပါတယ္။

ဘယ္ေလာက္ပဲ ကိုယ့္ခ်စ္သူေကာင္ေလးကို စိတ္ေျပေအာင္ ေခ်ာ့ေနပါေစ၊ သူတို႔ကေတာ့ မ်က္ႏွာၾကီးကို တင္းထားျပီး စိတ္ဆိုးစိတ္ေကာက္ခ်င္ေယာင္ ေဆာင္တတ္ၾကပါတယ္။

အဲဒီအခ်ိန္က်ရင္ ကိုယ့္ဖက္ကေနျပီးေတာ့ စိတ္ျပန္ေကာက္တဲ့ ေလသံေလးနဲ႔ “ကိုကိုေနာ္” ဆိုျပီး မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ရင္ ကိုယ္ခ်စ္သူေကာင္ေလးရဲ႕ မ်က္ႏွာဟာ တစ္ခဏအတြင္းမွာကို ျပံဳးျပံဳးၾကီးနဲ႔ စိတ္ဆိုးေျပသြားတတ္ပါတယ္။

Unicode

စိတ်ဆိုးစိတ်ကောက်တတ်တဲ့ ချစ်သူကောင်လေးနဲ့ အဆင်ပြေဖို့ အလွယ်ကူဆုံး ချော့နည်း

Relationship တစ်ခုမှာ ပျိုမေတို့ စိတ်ဆိုးစိတ်ကောက်တဲ့ အခါမျိုးမှာတော့ ချစ်သူကိုကိုတွေခမျာ တော်တော်လေး ရင်မောရပါတယ်။

မိန်းကလေးတွေ စိတ်ဆိုးကောက်ရင် သူတို့လေးတွေ စိတ်ဆိုးစိတ်ကောက်ရတဲ့ အကြောင်းအရင်းကို အရင်ရှာ၊ ပြီးရင် သူတို့ကြိုက်တဲ့ အပြုအမူပုံစံလေးတွေနဲ့ ချော့ရမလား၊

လက်ဆောင်ပစ္စည်းတစ်ခုခုပေးပြီး စိတ်ဆိုးပြေအောင် လုပ်ရမလား၊ အစားအစာတွေနဲ့ ချော့ရမလား အစရှိသဖြင့် ချစ်သူကိုကိုတွေခမျာ တော်တော်လေး စဉ်းစားရကျပ်ပါတယ်။

ဒါပေမယ့် ချစ်သူကောင်လေးတွေ စိတ်ဆိုးတဲ့အချိန်တွေ၊ စိတ်မကြည်တဲ့ အချိန်မျိုးတွေ၊ ကိုယ့်ကို စိတ်ကောက်နေတဲ့ အချိန်မျိုးတွေဆိုတာ ရှိတတ်ပါတယ်။

အဲဒီလို အချိန်မျိုးတွေကျရင်ကော ပျိုမေမိန်းကလေးတွေက ဘယ်လိုပုံစံနဲ့ ချော့ကြမလဲ? အရမ်းကြီး မစဉ်းစားပါနဲ့။

အဓိကကတော့ စကားလေးပါပဲ။ စကားကို ချစ်စရာကောင်းပြီး ကိုယ့်ချစ်သူ စိတ်ကို အရည်ပျော်ကျသွားစမေယ့် စကားတွေကတော့ တော်တော်များများ ရှိပါတယ်။

အဲဒီစကားတွေထဲက ယောက်ျားလေးချစ်သူတော်တော်များများ အရည်ပျော်ကျပြီး စက္ကန့်အနည်းငယ်အတွင်း ပြုံးဖြီးဖြီးကြီး ဖြစ်သွားစေမယ့် စကား တစ်ခါန်းရှိပါတယ်။

အဲဒီစကားကတော့ “ကိုကိုနော်”ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ ယောက်ျားလေး အများစုဟာ အလုပ်ကိစ္စတွေနဲ့ အခြားကိစ္စတွေမှာ စိတ်မာပြီး ဆုံးဖြတ်ချက် ပြတ်သားကြစမြဲပါ။

ဒါပေမယ့် အဲဒီလို စိတ်တွေဟာ သူတို့ချစ်သူမိန်းကလေးတွေ အရှေ့ရောက်ရင် ကြက်ပျောက်၊ ငှက်ပျောက် ဖြစ်သွားတတ်ပါတယ်။

ဘယ်လောက်ပဲ ကိုယ့်ချစ်သူကောင်လေးကို စိတ်ပြေအောင် ချော့နေပါစေ၊ သူတို့ကတော့ မျက်နှာကြီးကို တင်းထားပြီး စိတ်ဆိုးစိတ်ကောက်ချင်ယောင် ဆောင်တတ်ကြပါတယ်။

အဲဒီအချိန်ကျရင် ကိုယ့်ဖက်ကနေပြီးတော့ စိတ်ပြန်ကောက်တဲ့ လေသံလေးနဲ့ “ကိုကိုနော်” ဆိုပြီး မျက်စောင်းတစ်ချက်ထိုးလိုက်ရင် ကိုယ်ချစ်သူကောင်လေးရဲ့ မျက်နှာဟာ တစ်ခဏအတွင်းမှာကို ပြုံးပြုံးကြီးနဲ့ စိတ်ဆိုးပြေသွားတတ်ပါတယ်။