လက္တြဲေဖာ္ကို ဘယ္ေတာ့မွမေမးသင့္တဲ့ ေမးခြန္း (၅) မ်ိဳး…

လက္တြဲေဖာ္ကို ဘယ္ေတာ့မွမေမးသင့္တဲ့ ေမးခြန္း (၅) မ်ိဳး…

သင့္မွာ ခ်စ္သူတစ္ေယာက္ ပုိင္ဆုိင္ထားတယ္ဆုိရင္ ခ်စ္သူဘ၀တည္ၿမဲဖုိ႔အတြက္ ေဆာင္ရန္၊ ေရွာင္ရန္ေလးေတြ ရွိပါတယ္။ ခ်စ္သူကို ေျပာတဲ့ စကားေတြမွာလည္း ေျပာသင့္တာရွိသလုိ၊ မေျပာသင့္တာေတြလည္း ရွိပါတယ္ …။

တစ္ခါတေလ ကိုယ္က စကားအျဖစ္သာ ေျပာလုိက္ေပမယ့္ … ခံစားရသူရဲ႕ ရင္ဘတ္ကုိ လွံနဲ႔ထုိးစုိက္သလုိ ျဖစ္တတ္ပါတယ္။ ဒီေတာ့ ခ်စ္သူသက္တမ္းတစ္ေလွ်ာက္မွာ ေအာက္ပါ ေမးခြန္းမ်ိဳးေတြကို မေမးမိဖုိ႔ စာဖတ္သူ ခ်စ္ပရိတ္သတ္ေတြကုိ တုိက္တြန္းခ်င္ပါတယ္ေနာ္ …။

(၁) ယုံရမွာလား …?

ခ်စ္သူကို ကုိယ္က အစကတည္းက ေမတၱာသက္၀င္၊ သံေယာဇဥ္ေတြ ျပ႒ာန္းၿပီးမွ ခ်စ္ေၾကာင္း-ခ်စ္ပါတယ္ ေျပာခဲ့တာပါ။ မိန္းကေလးဘက္ကလည္း ေကာင္ေလးတစ္ေယာက္ကုိ အေျဖမေပးခင္မွာ စဥ္းစားခြင့္ ျငင္းပယ္ခြင့္ အျပည့္ရွိၿပီးသား ျဖစ္ပါလွ်က္ ခ်စ္သူျဖစ္တဲ့အခ်ိန္က်မွ ရွင့္ကို ကၽြန္မ ယုံရမွာလား ဆုိၿပီး ေမးတဲ့အခါ … ေတာ္ေတာ္ေလး အခံရခက္တဲ့ ေမးခြန္း ? စိတ္ပ်က္အားငယ္ေစတဲ့ ေမးခြန္းမုိ႔ ေရွာင္ၾကဥ္သင္႔ပါတယ္ …။

(၂) ငါျဖစ္ခ်င္တာကုိ ဘယ္တုန္းက ျဖည့္ဆည္းေပးဖူးလုိ႔လဲ …?

တစ္ခါတေလမွာ ခ်စ္သူရဲ႕ လုပ္ေဆာင္ပုံေတြကို ကိုယ္က အားမလုိအားမရ ျဖစ္ေနတာမ်ိဳးလည္း ႀကဳံရတတ္ပါတယ္။ တစ္ခ်ိဳ႕ေသာ အတၱအရမ္း လြန္ကဲသူေတြမွာေတာ့ ခ်စ္သူအခ်င္းခ်င္းၾကားမွာေတာင္ Give and Take လမ္းစဥ္ကို က်င့္သုံးတတ္ပါတယ္။ ဒီလုိအေျခအေနမ်ိဳးမွာ ကုိယ္ကသာ သူ႕ရဲ႕ဆႏၵေတြ ျဖည့္ေပးေနရတယ္အထင္နဲ႔ ခ်စ္သူအေပၚမွာေတာင္ ၿငိဳျငင္တတ္ပါတယ္။ အဲဒီအခါ ေမးတတ္တဲ့ ေမးခြန္းက ငါျဖစ္ခ်င္တာကုိ ဘယ္တုန္းက ျဖည့္ဆည္းေပးဖူးလုိ႔လဲ ? ေပါ့။ တကယ္ေတာ့ ခ်စ္သူအခ်င္းခ်င္း ခ်ိဳးႏွိမ္ရာ ေရာက္ေစတဲ့ ေမးခြန္းမ်ိဳး ျဖစ္ပါတယ္ …။

(၃) ဘာလုိ႔ နင္က သိပ္ကုိ စိတ္ပ်က္စရာ ေကာင္းေနရတာလဲ …?

တစ္ေယာက္နဲ႔တစ္ေယာက္ အတၱေတြ မညီမွ်တဲ့အခါ သည္းခံႏုိင္မႈ အတုိင္းအတာ ေဘာင္အတြင္းမွာ စိတ္ပ်က္ ၿငီးေငြ႕ျခင္းဆုိတာ ျဖစ္တတ္ပါတယ္။ ဒီလုိအေျခအေနမ်ိဳးမွာ ေဒါသအေလွ်ာက္ မေျပာသင့္တာကုိလည္း ေျပာမိတတ္သလုိ၊ ေျပာသင့္တာကိုက်ေတာ့ ထိန္ခ်န္ထား တတ္ပါတယ္။ သူ႕အေပၚမွာ စိတ္ကုန္ေနလုိ႔ နစ္နာေစရမယ္ဆုိတဲ့ သေဘာနဲ႔ ဘာလုိ႔ နင္က သိပ္ကုိ စိတ္ပ်က္စရာ ေကာင္းေနရတာလဲ ? ဆုိၿပီး ေမးတတ္ပါတယ္။ ေရွာင္ၾကဥ္ပါ။ ခ်စ္သူနဲ႔ လြဲတဲ့အထိ အျပစ္ႀကီးပါတယ္ေနာ္ …။

(၄) လမ္းခြဲခ်င္တဲ့ သေဘာလား …?

ဒီအေျခအေနကလည္း အထက္ပါအေျခအေနနဲ႔ အတူတူပါဘဲ …။ တစ္ေယာက္နဲ႔တစ္ေယာက္ ျပႆနာေတြ အတူတူ ရင္ဖုိ႔ အဆင္မေျပေတာ့တဲ့အခါ၊ တစ္ဦးတစ္ေယာက္က ကိုယ္လြတ္႐ုန္းထြက္ခ်င္တဲ့ အခါမ်ိဳးမွာ ကုိယ့္ဘက္ကေန အပုိင္တြက္ၿပီး ေမးမိတယ္ … ငါနဲ႔ လမ္းခြဲခ်င္တဲ့ သေဘာလား ? ဆုိၿပီး။ ဒါကလည္း ခ်စ္သူနဲ႔ ေ၀းကြာေစႏုိင္တဲ့အထိ တြန္းအား ျဖစ္ေစႏိုင္ပါတယ္ …။

(၅) ငါနဲ႔ဆုိရင္ အဆင္ေျပမယ္လုိ႔ မင္းထင္သလား …?

ေနာက္ဆုံး မေမးသင့္တဲ့ ေမးခြန္းကေတာ့ ငါနဲ႔ဆုိရင္ အဆင္ေျပမယ္လုိ႔ မင္းထင္သလား ? ဆုိတဲ့ ေမးခြန္းပါ။ အမွန္က ဒီ ေမးခြန္းက ခ်စ္သူမျဖစ္ခင္ကတည္းက ကုိယ္တုိင္ စဥ္းစားရမယ့္ ေမးခြန္းပါပဲ။ ခ်စ္သူကုိ ေမးရမယ့္ ေမးခြန္းမဟုတ္ဘူး၊ ေယာက္်ားေလးဘက္က ဆုိရင္ ငါနဲ႔သူ အတူတူေနတဲ့အခါ လက္ရွိငါ့ပုံစံနဲ႔ အဆင္ေျပပါ့မလား … ငါ့ ၀င္ေငြနဲ႔ သူ ေရာင့္ရဲတင္းတိမ္ႏုိင္ပါ့မလားေပါ့။ မိန္းကေလးဘက္ကလည္း ဒီလုိပါပဲ … ငါကသာ သူ႕ကုိ ေရြးခ်ယ္လုိက္ရင္ ငါ့မိသားစုနဲ႔ အဆင္ေျပပါ့မလား … ငါ့အသုိင္းအ၀ုိင္းမွာ မ်က္ႏွာရပါ့မလား … ေရရွည္လက္တြဲလုိ႔ ၿမဲႏုိင္မယ့္သူ ဟုတ္ပမလား … ဆုိၿပီး ကိုယ့္ဘာသာ ေမးခဲ့ရမယ့္ ေမးခြန္းေတြပါ။ အခုလုိ ခ်စ္သူျဖစ္ခ်ိန္က်မွ ေက်ာ္ထားခဲ့တဲ့ အဆင့္ေတြ ျပန္မရစ္ခ်င္ပါနဲ႔ေနာ္ …။ ။

source : lifehack.org

Credit – Aunty May

Unicode Version ဖြင့်ဖတ်ရန်

လက်တွဲဖော်ကို ဘယ်တော့မှမမေးသင့်တဲ့ မေးခွန်း (၅) မျိုး…

သင့်မှာ ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင် ချစ်သူဘဝတည်မြဲဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ရှိပါတယ်။ ချစ်သူကို ပြောတဲ့ စကားတွေမှာလည်း ပြောသင့်တာရှိသလို၊ မပြောသင့်တာတွေလည်း ရှိပါတယ် …။

တစ်ခါတလေ ကိုယ်က စကားအဖြစ်သာ ပြောလိုက်ပေမယ့် … ခံစားရသူရဲ့ ရင်ဘတ်ကို လှံနဲ့ထိုးစိုက်သလို ဖြစ်တတ်ပါတယ်။ ဒီတော့ ချစ်သူသက်တမ်းတစ်လျှောက်မှာ အောက်ပါ မေးခွန်းမျိုးတွေကို မမေးမိဖို့ စာဖတ်သူ ချစ်ပရိတ်သတ်တွေကို တိုက်တွန်းချင်ပါတယ်နော် …။

(၁) ယုံရမှာလား …?

ချစ်သူကို ကိုယ်က အစကတည်းက မေတ္တာသက်ဝင်၊ သံယောဇဉ်တွေ ပြဋ္ဌာန်းပြီးမှ ချစ်ကြောင်း-ချစ်ပါတယ် ပြောခဲ့တာပါ။ မိန်းကလေးဘက်ကလည်း ကောင်လေးတစ်ယောက်ကို အဖြေမပေးခင်မှာ စဉ်းစားခွင့် ငြင်းပယ်ခွင့် အပြည့်ရှိပြီးသား ဖြစ်ပါလျှက် ချစ်သူဖြစ်တဲ့အချိန်ကျမှ ရှင့်ကို ကျွန်မ ယုံရမှာလား ဆိုပြီး မေးတဲ့အခါ … တော်တော်လေး အခံရခက်တဲ့ မေးခွန်း ? စိတ်ပျက်အားငယ်စေတဲ့ မေးခွန်းမို့ ရှောင်ကြဉ်သင့်ပါတယ် …။

(၂) ငါဖြစ်ချင်တာကို ဘယ်တုန်းက ဖြည့်ဆည်းပေးဖူးလို့လဲ …?

တစ်ခါတလေမှာ ချစ်သူရဲ့ လုပ်ဆောင်ပုံတွေကို ကိုယ်က အားမလိုအားမရ ဖြစ်နေတာမျိုးလည်း ကြုံရတတ်ပါတယ်။ တစ်ချို့သော အတ္တအရမ်း လွန်ကဲသူတွေမှာတော့ ချစ်သူအချင်းချင်းကြားမှာတောင် Give and Take လမ်းစဉ်ကို ကျင့်သုံးတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကသာ သူ့ရဲ့ဆန္ဒတွေ ဖြည့်ပေးနေရတယ်အထင်နဲ့ ချစ်သူအပေါ်မှာတောင် ငြိုငြင်တတ်ပါတယ်။ အဲဒီအခါ မေးတတ်တဲ့ မေးခွန်းက ငါဖြစ်ချင်တာကို ဘယ်တုန်းက ဖြည့်ဆည်းပေးဖူးလို့လဲ ? ပေါ့။ တကယ်တော့ ချစ်သူအချင်းချင်း ချိုးနှိမ်ရာ ရောက်စေတဲ့ မေးခွန်းမျိုး ဖြစ်ပါတယ် …။

(၃) ဘာလို့ နင်က သိပ်ကို စိတ်ပျက်စရာ ကောင်းနေရတာလဲ …?

တစ်ယောက်နဲ့တစ်ယောက် အတ္တတွေ မညီမျှတဲ့အခါ သည်းခံနိုင်မှု အတိုင်းအတာ ဘောင်အတွင်းမှာ စိတ်ပျက် ငြီးငွေ့ခြင်းဆိုတာ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒေါသအလျှောက် မပြောသင့်တာကိုလည်း ပြောမိတတ်သလို၊ ပြောသင့်တာကိုကျတော့ ထိန်ချန်ထား တတ်ပါတယ်။ သူ့အပေါ်မှာ စိတ်ကုန်နေလို့ နစ်နာစေရမယ်ဆိုတဲ့ သဘောနဲ့ ဘာလို့ နင်က သိပ်ကို စိတ်ပျက်စရာ ကောင်းနေရတာလဲ ? ဆိုပြီး မေးတတ်ပါတယ်။ ရှောင်ကြဉ်ပါ။ ချစ်သူနဲ့ လွဲတဲ့အထိ အပြစ်ကြီးပါတယ်နော် …။

(၄) လမ်းခွဲချင်တဲ့ သဘောလား …?

ဒီအခြေအနေကလည်း အထက်ပါအခြေအနေနဲ့ အတူတူပါဘဲ …။ တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေ အတူတူ ရင်ဖို့ အဆင်မပြေတော့တဲ့အခါ၊ တစ်ဦးတစ်ယောက်က ကိုယ်လွတ်ရုန်းထွက်ချင်တဲ့ အခါမျိုးမှာ ကိုယ့်ဘက်ကနေ အပိုင်တွက်ပြီး မေးမိတယ် … ငါနဲ့ လမ်းခွဲချင်တဲ့ သဘောလား ? ဆိုပြီး။ ဒါကလည်း ချစ်သူနဲ့ ဝေးကွာစေနိုင်တဲ့အထိ တွန်းအား ဖြစ်စေနိုင်ပါတယ် …။

(၅) ငါနဲ့ဆိုရင် အဆင်ပြေမယ်လို့ မင်းထင်သလား …?

နောက်ဆုံး မမေးသင့်တဲ့ မေးခွန်းကတော့ ငါနဲ့ဆိုရင် အဆင်ပြေမယ်လို့ မင်းထင်သလား ? ဆိုတဲ့ မေးခွန်းပါ။ အမှန်က ဒီ မေးခွန်းက ချစ်သူမဖြစ်ခင်ကတည်းက ကိုယ်တိုင် စဉ်းစားရမယ့် မေးခွန်းပါပဲ။ ချစ်သူကို မေးရမယ့် မေးခွန်းမဟုတ်ဘူး၊ ယောက်ျားလေးဘက်က ဆိုရင် ငါနဲ့သူ အတူတူနေတဲ့အခါ လက်ရှိငါ့ပုံစံနဲ့ အဆင်ပြေပါ့မလား … ငါ့ ဝင်ငွေနဲ့ သူ ရောင့်ရဲတင်းတိမ်နိုင်ပါ့မလားပေါ့။ မိန်းကလေးဘက်ကလည်း ဒီလိုပါပဲ … ငါကသာ သူ့ကို ရွေးချယ်လိုက်ရင် ငါ့မိသားစုနဲ့ အဆင်ပြေပါ့မလား … ငါ့အသိုင်းအဝိုင်းမှာ မျက်နှာရပါ့မလား … ရေရှည်လက်တွဲလို့ မြဲနိုင်မယ့်သူ ဟုတ်ပမလား … ဆိုပြီး ကိုယ့်ဘာသာ မေးခဲ့ရမယ့် မေးခွန်းတွေပါ။ အခုလို ချစ်သူဖြစ်ချိန်ကျမှ ကျော်ထားခဲ့တဲ့ အဆင့်တွေ ပြန်မရစ်ချင်ပါနဲ့နော် …။ ။

source : lifehack.org

Credit – Aunty May