ကိုယ့္ကိုယ္ကိုယ္ အလိုမက်သူတို႔ သိထားဖို႔ အခ်က္ (၄) ခ်က္

ကိုယ့္ကိုယ္ကိုယ္ အလိုမက်သူတို႔ သိထားဖို႔ အခ်က္ (၄) ခ်က္

ေပ်ာ္႐ႊင္ခ်မ္းေျမ့တဲ့ဘဝတစ္ခုအတြက္ လူေတြဟာ အမ်ိဳးမ်ိဳး ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ခ်မ္းေျမ့ေပ်ာ္႐ႊင္တဲ့ဘဝဆိုတာ ေအာင္ျမင္ခ်မ္းသာတဲ့ဘဝတစ္ခုလိုပဲ ရ႐ွိပိုင္ဆိုင္ဖို႔ ခက္ႏိုင္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ေက်နပ္အထင္ႀကီးမႈ Self-Esteem ဟာ စိတ္ေက်နပ္တဲ့ဘဝပိုင္ဆိုင္သူတို႔မွာ ႐ွိထားတဲ့ စိတ္အထာျဖစ္ပါတယ္။ လူအမ်ားစုအတြက္ေတာ့ ေက်နပ္ေပ်ာ္႐ႊင္မႈကို အဓိကဖ်က္ဆီးတဲ့အရာဟာ သူတပါးနဲ႔ ႏိႈင္းယွဥ္တတ္တဲ့အေလ့ပဲ ျဖစ္ေလ့႐ွိပါတယ္။

ဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ မေပ်ာ္ႏိုင္ျဖစ္ေနတယ္ ခံစားရရင္ ဒီအခ်က္ေလးေတြကို သတိထားသင့္ပါတယ္။

(၁) ကိုယ့္ထက္သာသူကို အာ႐ုံစိုက္တိုင္း မေကာင္းပါ

တျခားသူရဲ႕ ေအာင္ျမင္မႈကို သြားအားက်ေန႐ုံနဲ႔ေတာ့ ဘာမွ ျဖစ္မလာဘူးဆိုတာ မွတ္ထားပါ။ လူတိုင္းဟာ ကိုယ့္လမ္းေၾကာင္းနဲ႔ကိုယ္ သြားၾကတာပါပဲ။ ဘဝအေျခအေနကလည္း တူႏိုင္မွာမွ မဟုတ္တာ။

သူေအာင္ျမင္တဲ့နည္းအတိုင္း ကိုယ္သြားလို႔လည္း ရခ်င္မွ ရမွာပါ။ တိုးတက္ခ်င္ရင္ သူတပါးေပၚ အာ႐ုံက်ျခင္းထက္ ကိုယ့္ေ႐ွ႕ေရးကို ပိုၿပီး အာ႐ုံစိုက္ဖို႔က ပိုလိုအပ္တယ္ဆိုတာ အမွတ္ရေစခ်င္ပါတယ္။

(၂) ကိုယ့္ကိစၥအတြက္ ကိုယ္ပဲ တာဝန္႐ွိပါတယ္

ေအာင္ျမင္သည္ျဖစ္ေစ ၊ ႐ႈံးနိမ့္သည္ျဖစ္ေစ ကိုယ္သည္သာ ကိုယ့္ရဲ႕ တာဝန္ခံျဖစ္ပါတယ္။ လူတိုင္းဟာ ကိုယ့္ဘဝကို ေလွ်ာက္လွမ္းေနၾကတယ္လို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။

ကိုယ္သြားခ်င္တဲ့ပုံစံကို ေ႐ြးခ်ယ္ဖို႔အခြင့္ဟာ ကိုယ့္မွာပဲ ႐ွိပါတယ္။ ကိုယ့္ဘဝမွာ ၾကဳံလာမယ့္ကိစၥေတြအတြက္ ကိုယ္ကိုယ္တိုင္ တာဝန္ယူရမွာ ျဖစ္လို႔ ဘယ္သူနဲ႔မွ ကိုယ့္ကိုယ္ကိုယ္ ျပန္မယွဥ္မိဖို႔ လိုပါတယ္။

(၃) လက္ခံၾကည့္စမ္းပါ

ကိုယ္အထင္ႀကီး အားက်ရတဲ့သူလိုျဖစ္ဖို႔ ပုံတူကူးခ်မယ့္အစား ကိုယ့္ကိုယ္ကိုယ္ လက္ခံၾကည့္တဲ့အက်င့္ လုပ္ပါ။ ေလးစားေလာက္တဲ့သူေတြဆီက ေကာင္းတာေတြ အတုယူဖို႔ လိုသလို ကိုယ္ပိုင္လကၡဏာနဲ႔ ေနႏိုင္ျခင္းဟာလည္း လူ႕ဂုဏ္သိကၡာတစ္ခုပဲဆိုတာ ယုံၾကည္ပါ။

လူအမ်ားရဲ႕ အႀကိဳက္ပုံစံေနာက္ လိုက္ၿပီး ေရာေယာင္ပါဝင္ေနတဲ့သူ ျဖစ္မယ့္အစား ကိုယ့္ရဲ႕ တကယ့္အစစ္အမွန္ပုံစံကို ခ်ျပရဲတဲ့ သတၱိေမြးၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၄) လူတိုင္း ခြၽတ္ယြင္းမႈေတြ ႐ွိတာပဲလို႔ သိထားပါ

ဘယ္သူမွ မျပည့္စုံၾကပါဘူး။ ခ်မ္းသာ/႐ုပ္ေခ်ာ/ပညာတတ္ၿပီး စမတ္က်ပါတယ္ဆိုတဲ့သူေတြမွာလည္း အားနည္းခြၽတ္ေခ်ာ္မႈေလးေတြ ႐ွိတာပါပဲ။

ဒီေတာ့ ကိုယ့္မွာ တစ္ခုခု အားနည္းခ်က္ေတြ နဲ႔ အမွားေတြ လုပ္မိရင္ ခြင့္လႊတ္တတ္ပါေစ။ ပိုေကာင္းေအာင္သာ ႀကိဳးစားရင္း လက္႐ွိပစၥဳပၸန္မွာ အေကာင္းဆုံးျဖတ္သန္းဖို႔က ပိုအေရးႀကီးပါတယ္ .. ။

Unicode

ကိုယ့်ကိုယ်ကိုယ် အလိုမကျသူတို့ သိထားဖို့ အချက် (၄) ချက်

ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုအတွက် လူတွေဟာ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ချမ်းမြေ့ပျော်ရွှင်တဲ့ဘဝဆိုတာ အောင်မြင်ချမ်းသာတဲ့ဘဝတစ်ခုလိုပဲ ရရှိပိုင်ဆိုင်ဖို့ ခက်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကျေနပ်အထင်ကြီးမှု Self-Esteem ဟာ စိတ်ကျေနပ်တဲ့ဘဝပိုင်ဆိုင်သူတို့မှာ ရှိထားတဲ့ စိတ်အထာဖြစ်ပါတယ်။ လူအများစုအတွက်တော့ ကျေနပ်ပျော်ရွှင်မှုကို အဓိကဖျက်ဆီးတဲ့အရာဟာ သူတပါးနဲ့ နှိုင်းယှဉ်တတ်တဲ့အလေ့ပဲ ဖြစ်လေ့ရှိပါတယ်။

ဒီတော့ ကိုယ့်ကိုယ်ကိုယ် မပျော်နိုင်ဖြစ်နေတယ် ခံစားရရင် ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။

(၁) ကိုယ့်ထက်သာသူကို အာရုံစိုက်တိုင်း မကောင်းပါ

တခြားသူရဲ့ အောင်မြင်မှုကို သွားအားကျနေရုံနဲ့တော့ ဘာမှ ဖြစ်မလာဘူးဆိုတာ မှတ်ထားပါ။ လူတိုင်းဟာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားကြတာပါပဲ။ ဘဝအခြေအနေကလည်း တူနိုင်မှာမှ မဟုတ်တာ။

သူအောင်မြင်တဲ့နည်းအတိုင်း ကိုယ်သွားလို့လည်း ရချင်မှ ရမှာပါ။ တိုးတက်ချင်ရင် သူတပါးပေါ် အာရုံကျခြင်းထက် ကိုယ့်ရှေ့ရေးကို ပိုပြီး အာရုံစိုက်ဖို့က ပိုလိုအပ်တယ်ဆိုတာ အမှတ်ရစေချင်ပါတယ်။

(၂) ကိုယ့်ကိစ္စအတွက် ကိုယ်ပဲ တာဝန်ရှိပါတယ်

အောင်မြင်သည်ဖြစ်စေ ၊ ရှုံးနိမ့်သည်ဖြစ်စေ ကိုယ်သည်သာ ကိုယ့်ရဲ့ တာဝန်ခံဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ့်ဘဝကို လျှောက်လှမ်းနေကြတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။

ကိုယ်သွားချင်တဲ့ပုံစံကို ရွေးချယ်ဖို့အခွင့်ဟာ ကိုယ့်မှာပဲ ရှိပါတယ်။ ကိုယ့်ဘဝမှာ ကြုံလာမယ့်ကိစ္စတွေအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်လို့ ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် ပြန်မယှဉ်မိဖို့ လိုပါတယ်။

(၃) လက်ခံကြည့်စမ်းပါ

ကိုယ်အထင်ကြီး အားကျရတဲ့သူလိုဖြစ်ဖို့ ပုံတူကူးချမယ့်အစား ကိုယ့်ကိုယ်ကိုယ် လက်ခံကြည့်တဲ့အကျင့် လုပ်ပါ။ လေးစားလောက်တဲ့သူတွေဆီက ကောင်းတာတွေ အတုယူဖို့ လိုသလို ကိုယ်ပိုင်လက္ခဏာနဲ့ နေနိုင်ခြင်းဟာလည်း လူ့ဂုဏ်သိက္ခာတစ်ခုပဲဆိုတာ ယုံကြည်ပါ။

လူအများရဲ့ အကြိုက်ပုံစံနောက် လိုက်ပြီး ရောယောင်ပါဝင်နေတဲ့သူ ဖြစ်မယ့်အစား ကိုယ့်ရဲ့ တကယ့်အစစ်အမှန်ပုံစံကို ချပြရဲတဲ့ သတ္တိမွေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) လူတိုင်း ချွတ်ယွင်းမှုတွေ ရှိတာပဲလို့ သိထားပါ

ဘယ်သူမှ မပြည့်စုံကြပါဘူး။ ချမ်းသာ/ရုပ်ချော/ပညာတတ်ပြီး စမတ်ကျပါတယ်ဆိုတဲ့သူတွေမှာလည်း အားနည်းချွတ်ချော်မှုလေးတွေ ရှိတာပါပဲ။

ဒီတော့ ကိုယ့်မှာ တစ်ခုခု အားနည်းချက်တွေ နဲ့ အမှားတွေ လုပ်မိရင် ခွင့်လွှတ်တတ်ပါစေ။ ပိုကောင်းအောင်သာ ကြိုးစားရင်း လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးဖြတ်သန်းဖို့က ပိုအရေးကြီးပါတယ်။