ခ်စ္သူစံုတြဲေတြခ်စ္ရက္သားနဲ႕လမ္းခြဲၾကရတယ္ဆိုတာ ဒီအခ်က္ (၅) ခ်က္ေၾကာင့္ပါ…

ခ်စ္သူစံုတြဲေတြခ်စ္ရက္သားနဲ႕လမ္းခြဲၾကရတယ္ဆိုတာ ဒီအခ်က္ (၅) ခ်က္ေၾကာင့္ပါ…

ခ်စ္ရက္နဲ႕ေဝးသြားရတယ္၊ ခ်စ္ရက္နဲ႕လမ္းခြဲလိုက္ရတယ္ဆိုတဲ့ စကားကိုၾကားရင္ လူေတာ္ေတာ္မ်ားမ်ားက နားမလည္ႏိုင္ပါဘူး။ ခ်စ္ရင္ လမ္းခြဲစရာ အေၾကာင္းမရွိဘူး၊ ခ်စ္ရက္သားနဲ႕ေဝးသြားရတယ္ဆိုတာ အဓိပၸါယ္မရွိဘူးလို႕ မွတ္ခ်က္ ေပးတတ္ၾကပါတယ္။ တကယ္ေတာ့ ခ်စ္ရက္နဲ႕ေဝးရတယ္ဆိုတာ တကယ္ရွိပါတယ္။ အဲ့လိုမ်ိဳး ခ်စ္ရက္နဲ႕ ေဝးသြားၾကတယ္ဆိုတာ ဒီအေၾကာင္းရင္းေတြေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ ……။

(၁) မတူညီၾကတဲ့ အနာဂတ္အစီအစဥ္ေတြရွိၾကလို႔”

ေက်းလက္မွာေနဖို႕အေတြးရွိတဲ့သူနဲ႕ ျမိဳ႕ျပေနထိုင္မႈကိုပဲ နွစ္သက္တဲ့သူနဲ႕အဆင္မေျပနိုင္ပါဘူး။ တစ္ေယာက္က ေငြေၾကးခ်မ္းသာဖို႕အာရံုစိုက္ေနခ်ိန္မွာ တစ္ေယာက္က ေအးေအးခ်မ္းခ်မ္းပဲ ေနခ်င္တယ္၊ တစ္ေယာက္က လြတ္လြတ္လပ္လပ္ ေနခ်င္တဲ့ အခ်ိန္မွာ တစ္ေယာက္က အတည္တက်လက္ထပ္ျပီး တည္ျငိမ္တဲ့ဘဝတစ္ခုကို တည္ေဆာက္ခ်င္ေနတာမ်ိဳး စသျဖင့္ အနာဂတ္အစီအစဉ္ေတြ ကြဲလြဲေနတဲ့အခါ ေရွ႕ဆက္ၾကဖို႕မျဖစ္နိုင္ေတာ့ဘဲ ခ်စ္ရက္နဲ႕လမ္းခြဲၾကရပါတယ္ …။

(၂) ယံုၾကည္မႈကို ခ်ိဳးေဖာက္ၾကလို႔”

အခ်စ္ေရးမွာ ယံုၾကည္မႈဆိုတာ တစ္ၾကိမ္ခ်ိဳးဖ်က္ျပီးရင္ ေနာက္တစ္ၾကိမ္ျပန္တည္ေဆာက္ဖုိ႕ မလြယ္ေတာ့ပါဘူး။ ခ်စ္ရက္သားနဲ႕လမ္းခြဲၾကတဲ့စံုတြဲအမ်ားစုဟာ ယံုၾကည္မႈကို ခ်ိဳးေဖာက္မိလို႕၊ ယံုၾကည္မႈျပန္လည္တည္ေဆာက္ဖို႕မျဖစ္ႏိုင္ၾကေတာ့လို႕ လမ္းခြဲလိုက္ၾကတာမ်ိဳးပဲ ျဖစ္ပါတယ္ …။

(၃) မိသားစုေတြနဲ႕အဆင္မေျပလို႔”

လူနွစ္ေယာက္ခ်စ္သူေတြျဖစ္ၾကတဲ့အခါ နွစ္ဖက္လံုးရဲ႕မိသားစုေတြနဲ႕ပါ ပါဝင္ ပတ္သက္ရပါတယ္။ မိသားစုေတြနဲ႕အဆင္မေျပလည္း ျဖစ္တယ္ဆိုတာက ခဏတျဖုတ္ပဲျဖစ္ပါတယ္။ ေရရွည္မွာဆိုရင္ေတာ့ ဒီကိစၥက နွစ္ေယာက္ၾကားမွာ အက္ေၾကာင္းတစ္ခု ျဖစ္လာေစျပီး လမ္းခြဲတဲ့အထိ ျဖစ္သြားေစတတ္ပါတယ္ ……။

(၄) လႊမ္းမိုးထိန္းခ်ဳပ္ဖို႕ ၾကိဴးစားလို႔”

ခ်စ္သူေတြျဖစ္လာၾကတဲ့အခါ တစ္ေယာက္နဲ႕တစ္ေယာက္လႊမ္းမိုးခ်ဳပ္ကိုင္ဖို႕ ၾကိုးစားတတ္ၾကပါတယ္။ ကိုယ့္ရဲ႕ခ်စ္သူျဖစ္လာတဲ့အခါ သူ႕ရဲ႕ဘဝကိုပါပိုင္ဆိုင္သြားျပီလို႕ထင္တတ္ၾကျပီး အရာရာမွာဝင္စြက္ဖက္ျခယ္လွယ္ဖို႕ ထိန္းခ်ဳပ္ဖို႕ၾကိဳးစားရင္းက တစ္ေယာက္နဲ႕တစ္ေယာက္စိတ္တိုင္းမက်နိုင္ဘဲ ျပတ္စဲတဲ့ အထိျဖစ္လာပါေတာ့တယ္ …။

(၅) တစ္ဖက္သတ္ဆန္္တဲ့ဆက္ဆံေရးမ်ိဳးျဖစ္ေနလို႔”

တစ္ေယာက္နဲ႕တစ္ေယာက္က ခ်စ္ၾကတယ္ဆိုေပမယ့္ တစ္ဖက္တည္းကပဲ အျမဲအေလွ်ာ့ေပး၊ ဦးစားေပးေနရျပီး တစ္ဖက္ကလံုးဝဂရုမစိုက္ပဲ ေသြးေအးေနတာမ်ိဳး၊ တစ္ေယာက္တည္းက ပင္ပန္းေနရျပီး ေနာက္တစ္ေယာက္က ေအးေဆးေနတာမ်ိဳးေပါ့။ ဒီလိုတစ္ဖက္သတ္ဆန္လြန္းတဲ့ အခ်စ္ေရးမ်ိဳးကလည္း လမ္းခြဲျခင္းနဲ႕အဆံုးသတ္ရတတ္ပါတယ္ေနာ္ …။ ။

RAY (Aunty May)

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူစုံတွဲတွေချစ်ရက်သားနဲ့လမ်းခွဲကြရတယ်ဆိုတာ ဒီအချက် (၅) ချက်ကြောင့်ပါ…

ချစ်ရက်နဲ့ဝေးသွားရတယ်၊ ချစ်ရက်နဲ့လမ်းခွဲလိုက်ရတယ်ဆိုတဲ့ စကားကိုကြားရင် လူတော်တော်များများက နားမလည်နိုင်ပါဘူး။ ချစ်ရင် လမ်းခွဲစရာ အကြောင်းမရှိဘူး၊ ချစ်ရက်သားနဲ့ဝေးသွားရတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ မှတ်ချက် ပေးတတ်ကြပါတယ်။ တကယ်တော့ ချစ်ရက်နဲ့ဝေးရတယ်ဆိုတာ တကယ်ရှိပါတယ်။ အဲ့လိုမျိုး ချစ်ရက်နဲ့ ဝေးသွားကြတယ်ဆိုတာ ဒီအကြောင်းရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်နော် …။

(၁) မတူညီကြတဲ့ အနာဂတ်အစီအစဉ်တွေရှိကြလို့”

ကျေးလက်မှာနေဖို့အတွေးရှိတဲ့သူနဲ့ မြို့ပြနေထိုင်မှုကိုပဲ နှစ်သက်တဲ့သူနဲ့အဆင်မပြေနိုင်ပါဘူး။ တစ်ယောက်က ငွေကြေးချမ်းသာဖို့အာရုံစိုက်နေချိန်မှာ တစ်ယောက်က အေးအေးချမ်းချမ်းပဲ နေချင်တယ်၊ တစ်ယောက်က လွတ်လွတ်လပ်လပ် နေချင်တဲ့ အချိန်မှာ တစ်ယောက်က အတည်တကျလက်ထပ်ပြီး တည်ငြိမ်တဲ့ဘဝတစ်ခုကို တည်ဆောက်ချင်နေတာမျိုး စသဖြင့် အနာဂတ်အစီအစဉ်တွေ ကွဲလွဲနေတဲ့အခါ ရှေ့ဆက်ကြဖို့မဖြစ်နိုင်တော့ဘဲ ချစ်ရက်နဲ့လမ်းခွဲကြရပါတယ် …။

(၂) ယုံကြည်မှုကို ချိုးဖောက်ကြလို့”

အချစ်ရေးမှာ ယုံကြည်မှုဆိုတာ တစ်ကြိမ်ချိုးဖျက်ပြီးရင် နောက်တစ်ကြိမ်ပြန်တည်ဆောက်ဖို့ မလွယ်တော့ပါဘူး။ ချစ်ရက်သားနဲ့လမ်းခွဲကြတဲ့စုံတွဲအများစုဟာ ယုံကြည်မှုကို ချိုးဖောက်မိလို့၊ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့မဖြစ်နိုင်ကြတော့လို့ လမ်းခွဲလိုက်ကြတာမျိုးပဲ ဖြစ်ပါတယ် …။

(၃) မိသားစုတွေနဲ့အဆင်မပြေလို့”

လူနှစ်ယောက်ချစ်သူတွေဖြစ်ကြတဲ့အခါ နှစ်ဖက်လုံးရဲ့မိသားစုတွေနဲ့ပါ ပါဝင် ပတ်သက်ရပါတယ်။ မိသားစုတွေနဲ့အဆင်မပြေလည်း ဖြစ်တယ်ဆိုတာက ခဏတဖြုတ်ပဲဖြစ်ပါတယ်။ ရေရှည်မှာဆိုရင်တော့ ဒီကိစ္စက နှစ်ယောက်ကြားမှာ အက်ကြောင်းတစ်ခု ဖြစ်လာစေပြီး လမ်းခွဲတဲ့အထိ ဖြစ်သွားစေတတ်ပါတယ် …။

(၄) လွှမ်းမိုးထိန်းချုပ်ဖို့ ကြိူးစားလို့”

ချစ်သူတွေဖြစ်လာကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ကိုယ့်ရဲ့ချစ်သူဖြစ်လာတဲ့အခါ သူ့ရဲ့ဘဝကိုပါပိုင်ဆိုင်သွားပြီလို့ထင်တတ်ကြပြီး အရာရာမှာဝင်စွက်ဖက်ခြယ်လှယ်ဖို့ ထိန်းချုပ်ဖို့ကြိုးစားရင်းက တစ်ယောက်နဲ့တစ်ယောက်စိတ်တိုင်းမကျနိုင်ဘဲ ပြတ်စဲတဲ့ အထိဖြစ်လာပါတော့တယ် …။

(၅) တစ်ဖက်သတ်ဆန်တဲ့ဆက်ဆံရေးမျိုးဖြစ်နေလို့”

တစ်ယောက်နဲ့တစ်ယောက်က ချစ်ကြတယ်ဆိုပေမယ့် တစ်ဖက်တည်းကပဲ အမြဲအလျှော့ပေး၊ ဦးစားပေးနေရပြီး တစ်ဖက်ကလုံးဝဂရုမစိုက်ပဲ သွေးအေးနေတာမျိုး၊ တစ်ယောက်တည်းက ပင်ပန်းနေရပြီး နောက်တစ်ယောက်က အေးဆေးနေတာမျိုးပေါ့။ ဒီလိုတစ်ဖက်သတ်ဆန်လွန်းတဲ့ အချစ်ရေးမျိုးကလည်း လမ်းခွဲခြင်းနဲ့အဆုံးသတ်ရတတ်ပါတယ်နော် …။ ။

RAY (Aunty May)