ကိုယ့္ကို ခ်စ္ေပးတဲ့သူေတြ ပိုင္ဆိုင္ထားတဲ့သူေတြမွာသာ ၾကံဳရမယ့္ အဖိုးတန္အရာေလးမ်ား

ကိုယ့္ကို ခ်စ္ေပးတဲ့သူေတြ ပိုင္ဆိုင္ထားတဲ့သူေတြမွာသာ ၾကံဳရမယ့္ အဖိုးတန္အရာေလးမ်ား

ေလာကမွာ ကိုယ့္ကို ခ်စ္မယ့္သူ မရွိဘူးလို႔ လူေတြ ခံစားၾကရတတ္ပါတယ္။ ဘယ္လိုပဲ ခံစားရသည္ ျဖစ္ပါေစ ကိုယ့္ကို ခ်စ္တဲ့သူ ရွိတယ္ဆိုရင္ေတာ့ ၾကံဳရမယ့္ အဖိုးတန္ အခ်ိန္ေလးေတြ ရွိပါတယ္။

အမႈမွတ္ အမွတ္မဲ့ ေန႔စဥ္ဘဝထဲမွာ ျဖတ္သန္းေနရတဲ့ တစ္ခ်ိဳ႕အရာေတြက သင့္ကို ခ်စ္တဲ့သူေတြဆီကေန ရေနတဲ့ ခ်စ္ျခင္းေမတၱာေတြပဲ ျဖစ္ပါတယ္ .. ။

ကိုယ့္ကို ခ်စ္တဲ့သူေတြ ရွိမယ္ဆိုရင္ သင္ ျပန္ေတြးၾကည့္ရင္ ဒီအခ်က္ေတြကို သတိထားမိေနမွာပါေနာ္ .. ။

(1) ဂရုစိုက္မႈ

ခ်စ္ခံရတဲ့သူေတြသာ ခံစားရမယ့္ အရာတစ္ခုကေတာ့ ဂရုစိုုက္ခံရျခင္းပါပဲ။

ကိုယ္စားခ်င္တဲ့ မုန္႔ေလး ဝယ္ေပးတာမ်ိဳး၊ ေနမေကာင္းတဲ့အခါ ေဆးဝယ္ေပးတာမ်ိဳး၊ ကိုယ့္ရဲ႕ အဝတ္ေတြကို ေလွ်ာ္ေပးတတ္တာမ်ိဳး၊ ကိုယ္ စားခ်င္တာေလး ခ်က္ေကၽြးတာမ်ိဳး စတဲ့ ဂရုစိုက္မႈေတြက ကိုယ့္ကို ခ်စ္တဲ့သူေတြကပဲ ရႏိုင္တာပါ။

(2) စိုးရိမ္ခံရမႈ

စိုးရိမ္တယ္ဆိုတာ စိတ္ထဲ ရွိတဲ့သူမို႔တာ စိုးရိမ္ရတာမ်ိဳးပါ။ ခရီးထြက္တဲ့အခါ မေတာ္တဆမႈ မျဖစ္ေစဖို႔ ဆုေတာင္းေပးခံရတာမ်ိဳး၊ ေအာင္ျမင္မႈေတြ မရမွာ စိုးရိမ္ေပးတာမ်ိဳး၊ ပင္ပန္းမွာ စိုးတာမ်ိဳး၊ မတည့္တဲ့ အရာေတြက မစားျဖစ္ေအာင္ စိုးရိမ္တႀကီး တားေပးတတ္တာမ်ိဳး စတာေတြကလည္း ကိုယ့္ကို ခ်စ္မွသာ ဒီလို စိုးရိမ္မႈ ျဖစ္လာၾကတာပါေနာ္။

(3) စိတ္ပူမႈ

ေနမေကာင္း ျဖစ္ရင္ေတာင္မွ ကိုယ့္ကို စိတ္ပူေပးၾကတဲ့သူေတြ ရွိရင္ ကိုယ့္ကို တစ္စိတ္တစ္ေဒသေလာက္ျဖစ္ျဖစ္ ကိုယ့္အေပၚ ခ်စ္စိတ္ ရွိၾကတာ ျဖစ္ပါတယ္။

ဒဏ္ရာေတြ႔ရင္ စိတ္ပူေပးတာမ်ိဳး ခံရရင္လည္း ဒါက ကိုယ့္ကို ခ်စ္တဲ့သူေတြဆီကပဲ ရႏိုင္တာမို႔ ေပ်ာ္စရာ အခ်က္ပါပဲ။

(4) အေျပာဆို ခံရတာမ်ိဳး

ျပစ္တင္ႀကိမ္းေမာင္းတဲ့အခါမွာ ေဒါသနဲ႔ မလိုမုန္းထားမႈေတြ ရွိသလားဆိုတာကို ခံစားသိရွိႏိုင္ပါတယ္။ ကိုယ့္ကို အေပၚစီးကေန ဆက္ဆံတဲ့ ႀကိမ္းေမာင္း ေျပာဆိုမႈမ်ိဳး ရွိတတ္သလို ခ်စ္လို႔ ေျပာဆိုတာမ်ိဳးလည္း ရွိတတ္ပါတယ္။
ေစာေစာအိပ္၊ ညနက္တဲ့အထိ မအိပ္ဘဲသာေန၊ မနက္စာက မစားဘူးလား စသျဖင့္ ဆူပူေျပာဆိုမႈေတြက စိတ္ပူမႈနဲ႔ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ျဖစ္ပါတယ္။

(5) သတိတရ ရွိေနေပးတာ

ကိုယ့္ကို သတိတရ ရွိျခင္းခံရတာလည္း ခ်စ္ျခင္းေမတၱာပါပဲ။

ကိုယ္နဲ႔ အတူျဖတ္သန္းခဲ့တဲ့ အမွတ္တရေတြကို သတိရေပးတာမ်ိဳး၊ ကိုယ့္ေမြးေန႔ကို ဂုဏ္ျပဳေပးတာမ်ိဳးအျပင္ ကိုယ္နဲ႔ အဆက္အသြယ္ အျမဲ ရွိေနတာမ်ိဳးနဲ႔ အေၾကာင္းအရာ မရွိလည္း စကားေျပာလို႔ ရတဲ့ သူမ်ိဳး ရွိေနတာေတြက ကိုယ့္ကိုယ္ ခ်စ္တဲ့သူေတြကို ပိုင္ဆိုင္ထားတယ္ဆိုတဲ့ လကၡဏာရပ္ေတြပါပဲ။

Kham

Unicode

ကိုယ့်ကို ချစ်ပေးတဲ့သူတွေ ပိုင်ဆိုင်ထားတဲ့သူတွေမှာသာ ကြုံရမယ့် အဖိုးတန်အရာလေးများ

လောကမှာ ကိုယ့်ကို ချစ်မယ့်သူ မရှိဘူးလို့ လူတွေ ခံစားကြရတတ်ပါတယ်။ ဘယ်လိုပဲ ခံစားရသည် ဖြစ်ပါစေ ကိုယ့်ကို ချစ်တဲ့သူ ရှိတယ်ဆိုရင်တော့ ကြုံရမယ့် အဖိုးတန် အချိန်လေးတွေ ရှိပါတယ်။

အမှုမှတ် အမှတ်မဲ့ နေ့စဉ်ဘဝထဲမှာ ဖြတ်သန်းနေရတဲ့ တစ်ချို့အရာတွေက သင့်ကို ချစ်တဲ့သူတွေဆီကနေ ရနေတဲ့ ချစ်ခြင်းမေတ္တာတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေ ရှိမယ်ဆိုရင် သင် ပြန်တွေးကြည့်ရင် ဒီအချက်တွေကို သတိထားမိနေမှာပါနော်။

(1) ဂရုစိုက်မှု

ချစ်ခံရတဲ့သူတွေသာ ခံစားရမယ့် အရာတစ်ခုကတော့ ဂရုစိုက်ခံရခြင်းပါပဲ။

ကိုယ်စားချင်တဲ့ မုန့်လေး ဝယ်ပေးတာမျိုး၊ နေမကောင်းတဲ့အခါ ဆေးဝယ်ပေးတာမျိုး၊ ကိုယ့်ရဲ့ အဝတ်တွေကို လျှော်ပေးတတ်တာမျိုး၊ ကိုယ် စားချင်တာလေး ချက်ကျွေးတာမျိုး စတဲ့ ဂရုစိုက်မှုတွေက ကိုယ့်ကို ချစ်တဲ့သူတွေကပဲ ရနိုင်တာပါ။

(2) စိုးရိမ်ခံရမှု

စိုးရိမ်တယ်ဆိုတာ စိတ်ထဲ ရှိတဲ့သူမို့တာ စိုးရိမ်ရတာမျိုးပါ။ ခရီးထွက်တဲ့အခါ မတော်တဆမှု မဖြစ်စေဖို့ ဆုတောင်းပေးခံရတာမျိုး၊ အောင်မြင်မှုတွေ မရမှာ စိုးရိမ်ပေးတာမျိုး၊ ပင်ပန်းမှာ စိုးတာမျိုး၊ မတည့်တဲ့ အရာတွေက မစားဖြစ်အောင် စိုးရိမ်တကြီး တားပေးတတ်တာမျိုး စတာတွေကလည်း ကိုယ့်ကို ချစ်မှသာ ဒီလို စိုးရိမ်မှု ဖြစ်လာကြတာပါနော်။

(3) စိတ်ပူမှု

နေမကောင်း ဖြစ်ရင်တောင်မှ ကိုယ့်ကို စိတ်ပူပေးကြတဲ့သူတွေ ရှိရင် ကိုယ့်ကို တစ်စိတ်တစ်ဒေသလောက်ဖြစ်ဖြစ် ကိုယ့်အပေါ် ချစ်စိတ် ရှိကြတာ ဖြစ်ပါတယ်။

ဒဏ်ရာတွေ့ရင် စိတ်ပူပေးတာမျိုး ခံရရင်လည်း ဒါက ကိုယ့်ကို ချစ်တဲ့သူတွေဆီကပဲ ရနိုင်တာမို့ ပျော်စရာ အချက်ပါပဲ။

(4) အပြောဆို ခံရတာမျိုး

ပြစ်တင်ကြိမ်းမောင်းတဲ့အခါမှာ ဒေါသနဲ့ မလိုမုန်းထားမှုတွေ ရှိသလားဆိုတာကို ခံစားသိရှိနိုင်ပါတယ်။ ကိုယ့်ကို အပေါ်စီးကနေ ဆက်ဆံတဲ့ ကြိမ်းမောင်း ပြောဆိုမှုမျိုး ရှိတတ်သလို ချစ်လို့ ပြောဆိုတာမျိုးလည်း ရှိတတ်ပါတယ်။
စောစောအိပ်၊ ညနက်တဲ့အထိ မအိပ်ဘဲသာနေ၊ မနက်စာက မစားဘူးလား စသဖြင့် ဆူပူပြောဆိုမှုတွေက စိတ်ပူမှုနဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဖြစ်ပါတယ်။

(5) သတိတရ ရှိနေပေးတာ

ကိုယ့်ကို သတိတရ ရှိခြင်းခံရတာလည်း ချစ်ခြင်းမေတ္တာပါပဲ။

ကိုယ်နဲ့ အတူဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို သတိရပေးတာမျိုး၊ ကိုယ့်မွေးနေ့ကို ဂုဏ်ပြုပေးတာမျိုးအပြင် ကိုယ်နဲ့ အဆက်အသွယ် အမြဲ ရှိနေတာမျိုးနဲ့ အကြောင်းအရာ မရှိလည်း စကားပြောလို့ ရတဲ့ သူမျိုး ရှိနေတာတွေက ကိုယ့်ကိုယ် ချစ်တဲ့သူတွေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ လက္ခဏာရပ်တွေပါပဲ။

Kham