ကြဲေနတဲ့အသည္းကို အေကာင္းအတိုင္းျဖစ္ေအာင္ ျပန္ဆက္ေပးနိုင္မယ့္ နည္းလမ္း(၆)မ်ိဳး…

ကြဲေနတဲ့အသည္းကို အေကာင္းအတိုင္းျဖစ္ေအာင္ ျပန္ဆက္ေပးနိုင္မယ့္ နည္းလမ္း(၆)မ်ိဳး…

ပ်က္စီးသြားတဲ့အရာေတြကို အေကာင္းအတိုင္းျဖစ္ေအာင္ ျပန္လုပ္ယူလို႕ရတဲ့အခါရွိသလို မရတဲ့အခါေတြလည္း ရွိတတ္ပါတယ္။ အခ်စ္ေရးနဲ႕ပတ္သက္ျပီးပ်က္စီးသြားရင္ေတာ့ အေကာင္းအတိုင္း ျပန္ျဖစ္ဖို႕ဆိုတာ သိပ္ေတာ့မျဖစ္နိုင္ေပမယ့္ ခံစားရတဲ့ေ၀ဒနာေတြကို သက္သာသြားေအာင္ေတာ့ ကိုယ္တိုင္ ၾကိဳးစားလုပ္ယူနိုင္ပါတယ္ေနာ္။ သိပၸံပညာက ကြဲေနတဲ့အသည္းကို ျပန္မဆက္ေပးနိုင္ဘူးဆိုရင္လည္း ကိုယ့္အားကိုယ္ကိုးျပီး ျပန္ဆက္ၾကည့္လိုက္ပါ။ အသည္းကြဲျပီး မထႏိုင္၊မထူႏိုင္ ျဖစ္ေနသူေတြအတြက္ ဒီမွာ ကြဲေနတဲ့အသည္းကို အေကာင္းအတိုင္းျဖစ္ေအာင္ ျပန္ဆက္နည္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္ …။

(၁) သင့္ရဲ႕ ခႏၶာကိုယ္ကို ဂရုစိုက္ပါ…

စိတ္နဲ႕ ကိုယ္ခႏၶာဆိုတာ ဆက္သြယ္ေနတာပါ။ အသည္းကြဲေနတဲ့အခါ စိတ္ေထာင္းလို႕ ကိုယ္ေၾက ျဖစ္ေနမယ္ဆိုတာသိပါတယ္။ ဒါေပမယ့္ စိတ္ေထာင္းတိုင္း ကိုယ္မေၾကေအာင္ ခႏၶာကိုယ္အားရွိေအာင္ၾကိဳးစားရမွာပါ။ အသည္းကြဲလို႕ မစားနိုင္မအိပ္နိုင္ျဖစ္ေနတဲ့သူေတြကို တစ္ခုပဲေမးခ်င္ပါတယ္။ ကိုယ့္ကိုယ္ကို မခ်စ္ဘူးလား လို႕။ ခ်စ္တယ္ဆိုရင္ မ်ားမ်ားစား မ်ားမ်ားအိပ္ပါ။ ခႏၶာကိုယ္က အားအျပည့္ရွိေနရင္ ခံစားခ်က္က အႏိုင္မယူနိုင္ပါဘူး။ မယံုရင္လုပ္ၾကည့္လိုက္ပါ …။

(၂) ကိုယ္က ပို္ေကာင္းတဲ့အရာေတြနဲ႕ ထိုက္တန္သူဆိုတာ သတိရပါ…

ရည္းစားေဟာင္းက ကိုယ့္အေပၚဘယ္ေလာက္ေကာင္းခဲ့ေကာင္းခဲ့ ရည္းစားေဟာင္းက ရည္းစားေဟာင္းပါပဲ။ သင္က ရည္းစားေဟာင္းထက္ ပိုသစ္လြင္တဲ့အရာေတြကို လက္ခံရဖို႕ ထိုက္တန္သူပါ။ ဒါေပမယ့္ အခ်စ္ဆိုတာက ေျပာရေတာ့ ခက္ပါတယ္။ ကိုယ့္အေပၚေကာင္းတာ မေကာင္းတာထက္ ခ်စ္ကိုခ်စ္ေနတာ သတိရကိုရေနတတ္တာ မ်ိဳးပါ။ ဘယ္ေလာက္ပဲေသေလာက္ေအာင္ခ်စ္ေနပါေစ၊ ျပန္မလာတဲ့သူကို တမ္းတေနတယ္ဆိုတာ အဆိပ္ပင္ကို ေရေလာင္းေနတာနဲ႔ အတူတူပါပဲ။ ဒါေၾကာင့္ ကိုယ္ဟာ ဒီထက္ပိုေကာင္းတဲ့ခ်စ္ျခင္းေမတၱာေတြနဲ႕ခ်စ္ဖို႕၊ အခ်စ္ခံရဖို႕ ထိုက္တန္တယ္ ဆိုတာကိုပဲ ေတြးေနပါ …။

(၃) သင္ဘာလုပ္လုပ္ ခြင့္လႊတ္တဲ့သူေတြနားေနပါ…

အသည္းကြဲေနတဲ့အခ်ိန္ဆိုတာ ဘာကိုမွ ထပ္ျပီးလက္မခံနိုင္ေတာ့တဲ့အခ်ိန္မ်ိဳးပါ။ ဒါေၾကာင့္ ကိုယ့္ကို အျပစ္ျမင္တဲ့သူေတြ၊ အျပစ္တင္မယ့္သူေတြ၊ စိတ္ညစ္ေအာင္လုပ္မယ့္သူေတြနားမွာ လံုး၀မေနပါနဲ႕။ ကိုယ္ခံစားေနရတာကို ေလွာင္ရယ္တဲ့သူေတြနားမွာလည္းမေနပါနဲ႕။ သူငယ္ခ်င္းေတြက ေပ်ာ္ေအာင္လုပ္ေပးမွာပဲဆိုျပီးေတာ့လည္း ပံုေသ မေမွ်ာ္လင့္ထားပါနဲ႕။ ကိုယ္နဲ႕ျပတ္သြားတဲ့ကိုယ့္ရည္းစားက သူတို႕သေဘာမက်တဲ့သူျဖစ္ေနရင္ ကိုယ္အသညး္ကြဲတာကို သူတို႕က၀မ္းေတာင္သာေနဦးမွာပါ။ အဲ့ဒါကလည္း ကိုယ့္ကိုေကာင္းေစခ်င္လို႕ဆိုတာကိုနားလည္ပါ။ ဒါေပမယ့္ သူတို႕အနားမွာေတာ့ မေနပါနဲ႔ေနာ္ …။

(၄) ကိုယ့္ကိုယ္ကိုလည္းခြင့္လႊတ္၊ ခ်စ္သူကိုလည္း ခြင့္လႊတ္ပါ…

ကိုယ့္ကိုထားခဲ့မယ့္၊ ကိုယ္ကထားခဲ့ရမယ့္ လူတစ္ေယာက္ကို ခ်စ္မိေလျခင္းဆိုျပီး အျပစ္တင္မေနပါနဲ႕ေတာ့။ အတင္းခြင့္လႊတ္ခိုင္းတာမဟုတ္ပါဘူး။ အသည္းကြဲေ၀ဒနာေပ်ာက္ခ်င္မွ ခြင့္လႊတ္ပါ။ မေပ်ာက္ခ်င္ရင္ေတာ့ ခြင့္မလႊတ္ပါနဲ႕။ တစ္စံုတစ္ေယာက္ကိုခြင့္လႊတ္ဖို႕ အခ်ိန္လိုတယ္ဆိုေပမယ့္ ဆက္ျပီး အျပစ္ေတြတင္ေနမယ္ဆိုရင္ေတာ့ ဆက္ျပီးခံစားေနရဦးမွာမို႕ပါပဲ …။

(၅) သူနဲ႕အတူသြားခဲ့ဖူးတဲ့ ေနရာေတြကို လူအသစ္ေတြနဲ႕သြားပါ…

အမွတ္တရရွိခဲ့တဲ့အရာေတြက ေပ်ာက္ပ်က္ဖို႕ လံုး၀မလြယ္ကူပါဘူး။ သူနဲ႕အတူသြားဖူးတဲ့ေနရာေတြေရာက္တိုင္းလည္း သတိရရေနျပီး ခံစားရတာက ပိုပို ဆိုးလာပါတယ္။ အဲ့လိုဆိုလို႕ အဲ့ဒီေနရာေတြကိုေရွာင္မေနပါနဲ႕။ သူနဲ႕အတူသြားခဲ့ဖူးတဲ့ေနရာေတြကို တျခားသူေတြနဲ႕ သြားၾကည့္ပါ။ အစပိုင္းမွာ အဆင္မေျပသလိုလုိျဖစ္ေနေပမယ့္ ေနာက္ပိုင္းမွာ ဒီေနရာေရာက္လည္းဘယ္လိုမွမေနေတာ့ဘူးတို႕ ဘာတို႕ ျဖစ္လာမွာပါ။ တျခားသူေတြမပါဘဲ တစ္ေယာက္တည္းေတာ့မသြားပါနဲ႔ …။

(၆) တျခားသူေတြ အကူအညီမယူပဲ တစ္ခုခုလုပ္ႏိုင္ေအာင္ ၾကိဳးစားၾကည့္ပါ…

တစ္ေယာက္တညး္ခရီးသြားတာျဖစ္ျဖစ္၊ ဘာသာစကားသင္တန္းတက္တာပဲျဖစ္ျဖစ္၊ project အေသးစားေလးတစ္ခုလုပ္တာျဖစ္ျဖစ္ အစအဆံုးကိုယ္တိုင္လုပ္ၾကည့္ပါ။ အခက္အခဲေသးေသးေလးေတြကို ေက်ာ္ျဖတ္ျပီးတဲ့အခါ ျဖစ္ေပၚလာတဲ့ခံစားခ်က္က အသည္းကြဲေ၀ဒနာကို နည္းနည္းခ်င္းစီးေလ်ာ့နည္းေစပါတယ္တဲ့။ တစ္ေယာက္တည္း လုပ္နိုင္တာေတြမ်ားလာျပီး ဘ၀တစ္ေလွ်ာက္လံုး single ျဖစ္သြားရင္ေတာ့ ကိုယ္ေတြနဲ႕မဆိုင္ဘူးေနာ္ ဟိ…။ ။

MAY THAZINHTOO

Unicode Version ဖြင့်ဖတ်ရန်

ကွဲနေတဲ့အသည်းကို အကောင်းအတိုင်းဖြစ်အောင် ပြန်ဆက်ပေးနိုင်မယ့် နည်းလမ်း(၆)မျိုး…

ပျက်စီးသွားတဲ့အရာတွေကို အကောင်းအတိုင်းဖြစ်အောင် ပြန်လုပ်ယူလို့ရတဲ့အခါရှိသလို မရတဲ့အခါတွေလည်း ရှိတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးပျက်စီးသွားရင်တော့ အကောင်းအတိုင်း ပြန်ဖြစ်ဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ပေမယ့် ခံစားရတဲ့ဝေဒနာတွေကို သက်သာသွားအောင်တော့ ကိုယ်တိုင် ကြိုးစားလုပ်ယူနိုင်ပါတယ်နော်။ သိပ္ပံပညာက ကွဲနေတဲ့အသည်းကို ပြန်မဆက်ပေးနိုင်ဘူးဆိုရင်လည်း ကိုယ့်အားကိုယ်ကိုးပြီး ပြန်ဆက်ကြည့်လိုက်ပါ။ အသည်းကွဲပြီး မထနိုင်၊မထူနိုင် ဖြစ်နေသူတွေအတွက် ဒီမှာ ကွဲနေတဲ့အသည်းကို အကောင်းအတိုင်းဖြစ်အောင် ပြန်ဆက်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ် …။

(၁) သင့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ…

စိတ်နဲ့ ကိုယ်ခန္ဓာဆိုတာ ဆက်သွယ်နေတာပါ။ အသည်းကွဲနေတဲ့အခါ စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်နေမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် စိတ်ထောင်းတိုင်း ကိုယ်မကြေအောင် ခန္ဓာကိုယ်အားရှိအောင်ကြိုးစားရမှာပါ။ အသည်းကွဲလို့ မစားနိုင်မအိပ်နိုင်ဖြစ်နေတဲ့သူတွေကို တစ်ခုပဲမေးချင်ပါတယ်။ ကိုယ့်ကိုယ်ကို မချစ်ဘူးလား လို့။ ချစ်တယ်ဆိုရင် များများစား များများအိပ်ပါ။ ခန္ဓာကိုယ်က အားအပြည့်ရှိနေရင် ခံစားချက်က အနိုင်မယူနိုင်ပါဘူး။ မယုံရင်လုပ်ကြည့်လိုက်ပါ …။

(၂) ကိုယ်က ပ်ိုကောင်းတဲ့အရာတွေနဲ့ ထိုက်တန်သူဆိုတာ သတိရပါ…

ရည်းစားဟောင်းက ကိုယ့်အပေါ်ဘယ်လောက်ကောင်းခဲ့ကောင်းခဲ့ ရည်းစားဟောင်းက ရည်းစားဟောင်းပါပဲ။ သင်က ရည်းစားဟောင်းထက် ပိုသစ်လွင်တဲ့အရာတွေကို လက်ခံရဖို့ ထိုက်တန်သူပါ။ ဒါပေမယ့် အချစ်ဆိုတာက ပြောရတော့ ခက်ပါတယ်။ ကိုယ့်အပေါ်ကောင်းတာ မကောင်းတာထက် ချစ်ကိုချစ်နေတာ သတိရကိုရနေတတ်တာ မျိုးပါ။ ဘယ်လောက်ပဲသေလောက်အောင်ချစ်နေပါစေ၊ ပြန်မလာတဲ့သူကို တမ်းတနေတယ်ဆိုတာ အဆိပ်ပင်ကို ရေလောင်းနေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကိုယ်ဟာ ဒီထက်ပိုကောင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ချစ်ဖို့၊ အချစ်ခံရဖို့ ထိုက်တန်တယ် ဆိုတာကိုပဲ တွေးနေပါ …။

(၃) သင်ဘာလုပ်လုပ် ခွင့်လွှတ်တဲ့သူတွေနားနေပါ…

အသည်းကွဲနေတဲ့အချိန်ဆိုတာ ဘာကိုမှ ထပ်ပြီးလက်မခံနိုင်တော့တဲ့အချိန်မျိုးပါ။ ဒါကြောင့် ကိုယ့်ကို အပြစ်မြင်တဲ့သူတွေ၊ အပြစ်တင်မယ့်သူတွေ၊ စိတ်ညစ်အောင်လုပ်မယ့်သူတွေနားမှာ လုံးဝမနေပါနဲ့။ ကိုယ်ခံစားနေရတာကို လှောင်ရယ်တဲ့သူတွေနားမှာလည်းမနေပါနဲ့။ သူငယ်ချင်းတွေက ပျော်အောင်လုပ်ပေးမှာပဲဆိုပြီးတော့လည်း ပုံသေ မမျှော်လင့်ထားပါနဲ့။ ကိုယ်နဲ့ပြတ်သွားတဲ့ကိုယ့်ရည်းစားက သူတို့သဘောမကျတဲ့သူဖြစ်နေရင် ကိုယ်အသညး်ကွဲတာကို သူတို့ကဝမ်းတောင်သာနေဦးမှာပါ။ အဲ့ဒါကလည်း ကိုယ့်ကိုကောင်းစေချင်လို့ဆိုတာကိုနားလည်ပါ။ ဒါပေမယ့် သူတို့အနားမှာတော့ မနေပါနဲ့နော် …။

(၄) ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်၊ ချစ်သူကိုလည်း ခွင့်လွှတ်ပါ…

ကိုယ့်ကိုထားခဲ့မယ့်၊ ကိုယ်ကထားခဲ့ရမယ့် လူတစ်ယောက်ကို ချစ်မိလေခြင်းဆိုပြီး အပြစ်တင်မနေပါနဲ့တော့။ အတင်းခွင့်လွှတ်ခိုင်းတာမဟုတ်ပါဘူး။ အသည်းကွဲဝေဒနာပျောက်ချင်မှ ခွင့်လွှတ်ပါ။ မပျောက်ချင်ရင်တော့ ခွင့်မလွှတ်ပါနဲ့။ တစ်စုံတစ်ယောက်ကိုခွင့်လွှတ်ဖို့ အချိန်လိုတယ်ဆိုပေမယ့် ဆက်ပြီး အပြစ်တွေတင်နေမယ်ဆိုရင်တော့ ဆက်ပြီးခံစားနေရဦးမှာမို့ပါပဲ …။

(၅) သူနဲ့အတူသွားခဲ့ဖူးတဲ့ နေရာတွေကို လူအသစ်တွေနဲ့သွားပါ…

အမှတ်တရရှိခဲ့တဲ့အရာတွေက ပျောက်ပျက်ဖို့ လုံးဝမလွယ်ကူပါဘူး။ သူနဲ့အတူသွားဖူးတဲ့နေရာတွေရောက်တိုင်းလည်း သတိရရနေပြီး ခံစားရတာက ပိုပို ဆိုးလာပါတယ်။ အဲ့လိုဆိုလို့ အဲ့ဒီနေရာတွေကိုရှောင်မနေပါနဲ့။ သူနဲ့အတူသွားခဲ့ဖူးတဲ့နေရာတွေကို တခြားသူတွေနဲ့ သွားကြည့်ပါ။ အစပိုင်းမှာ အဆင်မပြေသလိုလိုဖြစ်နေပေမယ့် နောက်ပိုင်းမှာ ဒီနေရာရောက်လည်းဘယ်လိုမှမနေတော့ဘူးတို့ ဘာတို့ ဖြစ်လာမှာပါ။ တခြားသူတွေမပါဘဲ တစ်ယောက်တည်းတော့မသွားပါနဲ့ …။

(၆) တခြားသူတွေ အကူအညီမယူပဲ တစ်ခုခုလုပ်နိုင်အောင် ကြိုးစားကြည့်ပါ…

တစ်ယောက်တညး်ခရီးသွားတာဖြစ်ဖြစ်၊ ဘာသာစကားသင်တန်းတက်တာပဲဖြစ်ဖြစ်၊ project အသေးစားလေးတစ်ခုလုပ်တာဖြစ်ဖြစ် အစအဆုံးကိုယ်တိုင်လုပ်ကြည့်ပါ။ အခက်အခဲသေးသေးလေးတွေကို ကျော်ဖြတ်ပြီးတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်က အသည်းကွဲဝေဒနာကို နည်းနည်းချင်းစီးလျော့နည်းစေပါတယ်တဲ့။ တစ်ယောက်တည်း လုပ်နိုင်တာတွေများလာပြီး ဘဝတစ်လျှောက်လုံး single ဖြစ်သွားရင်တော့ ကိုယ်တွေနဲ့မဆိုင်ဘူးနော် ဟိ…။ ။

MAY THAZINHTOO