ခဏခဏ သန္႔ရွင္းေရး မျပဳလုပ္သင့္တဲ့ ခႏၶာကိုယ္က အစိတ္အပိုင္း (၆) ေနရာ… (အေရးႀကီးလို႔ မွ်ေ၀ေပးလိုက္ပါတယ္)

ခဏခဏ သန္႔ရွင္းေရး မျပဳလုပ္သင့္တဲ့ ခႏၶာကိုယ္က အစိတ္အပိုင္း (၆) ေနရာ… (အေရးႀကီးလို႔ မွ်ေ၀ေပးလိုက္ပါတယ္)

မၾကာခဏ ေဆးေၾကာသန္႔စင္ျခင္း မျပဳလုပ္သင့္တဲ့ ခႏၶာကိုယ္ အစိတ္အပိုင္း ၆ ေနရာ

ခႏၶာကိုယ္ရဲ႕ တခ်ိဳ႕အစိတ္အပိုင္းေနရာေတြက မၾကာခဏ ေဆးေၾကာသန္႔စင္ေပးဖို႔ မသင့္ေတာ္ပါဘူး။ ျဖစ္နိုင္မယ္ဆိုရင္

အဲ့ဒိေနရာေတြကို လံုးဝ (သို႔မဟုတ္) အၾကိမ္ေရ အနည္းဆံုးသာ ေဆးေၾကာေပးပါ။

(1) နား

အမွန္တကယ္အားျဖင့္ နားအတြင္းမွာရွိတဲ့ နဖားေခ်းေတြက အညစ္အေၾကးနွင့္ အပ်က္အစီးမ်ားကို သန္႔စင္ဖယ္ရွားေပးေန တာပါ။

ဒါ့ေၾကာင့္ ဒီနဖားေခ်းေတြကို ဖယ္ယူရွင္းလင္းလိုက္တဲ့အခါ နားကို အကာအကြယ္ မေပးနုိင္ေတာ့သလို ျဖစ္သြားေစ ပါတယ္။

နားလည္တတ္ကြ်မ္းတဲ့ ဆရာဝန္မ်ားကလည္း အတတ္နိုင္ဆံုး နားကိုသန္႔ရွင္းျခင္း၊ ကေလာ္ျခင္းမ်ားမျပဳလုပ္ဖုိ႔ တိုက္တြန္းထားပါတယ္။

(2) ဆဲလ္ေသမ်ား

ပံုမွန္အားျဖင့္ တစ္ေန႔လွွ်င္ မ်က္နွာကို ၂ၾကိမ္သစ္ေလ့ရွိၾကပါတယ္။ သို႔ေသာ္ ေန႔စဥ္ ၾကမ္းၾကမ္းတမ္းတမ္း မ်က္နွာကို ပြတ္တိုက္ေဆးေၾကာျခင္း မ်ိဳးေတြကို မလုပ္သင့္ဘူးလို႔ ဆိုပါတယ္။

ဥပမာ ဆဲလ္ေသမ်ားကို ဖယ္ရွားျပီး မ်က္နွာျဖဴေအာင္ မၾကာခဏ ေဆးေၾကာသန္႔စင္ျခင္း၊ လြဲမွားတဲ့ ထုတ္ကုန္မ်ား အသံုးျပဳမိျခင္းေတြက သင့္မ်က္နွာအေရျပားအတြက္ အႏၱရာယ္ရွိေစပါတယ္။

(3) အူ

ခႏၶာကိုယ္မွာရွိတဲ့ အစိတ္အပိုင္းေ တာ္ေတာ္မ်ားမ်ား အသည္း၊ အူ၊ ေက်ာက္ကပ္ စသည္တို႔ဟာ သဘာဝအတိုင္း သူ႔ဟာသူ သန္႔စင္တဲ့ အစြမး္သတိၱေတြ ရွိၾကပါတယ္။

သို႔ေသာ္ လူအခ်ိဳ႕ဟာ ဒီလိုအစိတ္အပိုင္းေတြကို ေဆးေၾကာရန္ အခ်ိန္နွင့္ေငြကုန္ေၾကးက်မ်ားမ်ားစြာခံေနၾကပါတယ္။ ဒီလို ေဆးေၾကာျခင္းဟာ အူလမ္းေၾကာင္းကို အေနွာင့္အယွက္ မ်ား စြာျဖစ္ေစပါတယ္။

အူလမ္းေၾကာင္းကို သဘာဝအတိုင္း အေကာင္းဆံုး သန္႔စင္လိုလွ်င္ေတာ့ အမွ်င္ဓါတ္ၾကြယ္ဝတဲ့ အစားအစာမ်ားကိုသာ မ်ားမ်ားစားသံုးေပးျခင္းျဖင့္ ေဆးေၾကာဖို႔ အၾကံျပဳလိုပါတယ္။

(4) ဆံပင္

မၾကာခဏ ေခါင္းေလွ်ာ္ျခင္းက ဦးေရျပားအဆီကို ေျခာက္ေသြ႕ေစျပီး ဆံသားကို မြဲေျခာက္ေစတယ္ဆိုတာ သိပါသလား။

မၾကာမၾကာ ေခါင္းေလွ်ာ္ရာမွ ဆံပင္ကြ်တ္ျပီး ထိပ္ေျပာင္၊ ထိပ္ကြက္ျခင္းေတြကိုပါ ခံစားလာရေစနိုင္ပါတယ္။

(5) နွာေခါင္း

လူတိုင္း နွပ္ခ်ီးဖတ္ နိႈက္ဖူးၾကမယ္ ထင္ပါတယ္။ ဒီလို လက္ေခ်ာင္းမ်ားျဖင့္ နွာေခါင္းနိႈက္ျခင္းက နွာေခါင္းအတြင္းမွာ ေသးငယ္တဲ့ အစင္းရာေတြကို ျဖစ္ေစျပီး နွာေခါင္းကိုယားယံေစကာ ပိုမို နိႈက္ခ်င္စိတ္ေတြ ျဖစ္ေစပါတယ္။

ဒါေၾကာင့္ နွာေခါင္းအတြင္းမွ အညစ္အေၾကးမ်ားကို သန္႔စင္လိုလွ်င္ လက္ျဖင့္မနိႈက္ဘဲ ညွစ္ထုတ္တဲ့နည္းလမး္ကို အသံုးျပဳေပးဖို႔ တိုက္တြန္းထားပါတယ္။

(6) မိန္းမကိုယ္

ဟုတ္ပါတယ္။ အမ်ိဳးသမီးမ်ားရဲ႔ မိန္းမကိုယ္ အစိတ္အပိုင္း ဟာလည္း သဘာဝအတိုင္း သူ႔ဘာသာသူ သန္႔စင္ေစတဲ့ စြမ္းအင္ရွိပါတယ္။

ဒါကို အနံ႔အသက္ထြက္လို႔ အေမႊးဆပ္ျပားမ်ားျဖင့္ ေဆးေၾကာသန္႔စင္ျခင္းက မိန္းမကုိယ္က်န္းမာေရး အတြက္လြန္စြာထိခိုက္ေစပါတယ္။ ေဆးေၾကာရန္ လိုအပ္ပါကလည္း ေရသီးသန္႔ျဖင့္သာ ေဆးေၾကာေပးပါ….။ ။

#Crd

Unicode

ခဏခဏ သန့်ရှင်းရေး မပြုလုပ်သင့်တဲ့ ခန္ဓာကိုယ်က အစိတ်အပိုင်း (၆) နေရာ… (အရေးကြီးလို့ မျှဝေပေးလိုက်ပါတယ်)

မကြာခဏ ဆေးကြောသန့်စင်ခြင်း မပြုလုပ်သင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ၆ နေရာ

ခန္ဓာကိုယ်ရဲ့ တချို့အစိတ်အပိုင်းနေရာတွေက မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ မသင့်တော်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင်

အဲ့ဒိနေရာတွေကို လုံးဝ (သို့မဟုတ်) အကြိမ်ရေ အနည်းဆုံးသာ ဆေးကြောပေးပါ။

(1) နား

အမှန်တကယ်အားဖြင့် နားအတွင်းမှာရှိတဲ့ နဖားချေးတွေက အညစ်အကြေးနှင့် အပျက်အစီးများကို သန့်စင်ဖယ်ရှားပေးနေ တာပါ။

ဒါ့ကြောင့် ဒီနဖားချေးတွေကို ဖယ်ယူရှင်းလင်းလိုက်တဲ့အခါ နားကို အကာအကွယ် မပေးနိုင်တော့သလို ဖြစ်သွားစေ ပါတယ်။

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များကလည်း အတတ်နိုင်ဆုံး နားကိုသန့်ရှင်းခြင်း၊ ကလော်ခြင်းများမပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

(2) ဆဲလ်သေများ

ပုံမှန်အားဖြင့် တစ်နေ့လျှင် မျက်နှာကို ၂ကြိမ်သစ်လေ့ရှိကြပါတယ်။ သို့သော် နေ့စဉ် ကြမ်းကြမ်းတမ်းတမ်း မျက်နှာကို ပွတ်တိုက်ဆေးကြောခြင်း မျိုးတွေကို မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

ဥပမာ ဆဲလ်သေများကို ဖယ်ရှားပြီး မျက်နှာဖြူအောင် မကြာခဏ ဆေးကြောသန့်စင်ခြင်း၊ လွဲမှားတဲ့ ထုတ်ကုန်များ အသုံးပြုမိခြင်းတွေက သင့်မျက်နှာအရေပြားအတွက် အန္တရာယ်ရှိစေပါတယ်။

(3) အူ

ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတေ်တော်များများ အသည်း၊ အူ၊ ကျောက်ကပ် စသည်တို့ဟာ သဘာဝအတိုင်း သူ့ဟာသူ သန့်စင်တဲ့ အစွမး်သတ္တိတွေ ရှိကြပါတယ်။

သို့သော် လူအချို့ဟာ ဒီလိုအစိတ်အပိုင်းတွေကို ဆေးကြောရန် အချိန်နှင့်ငွေကုန်ကြေးကျများများစွာခံနေကြပါတယ်။ ဒီလို ဆေးကြောခြင်းဟာ အူလမ်းကြောင်းကို အနှောင့်အယှက် များ စွာဖြစ်စေပါတယ်။

အူလမ်းကြောင်းကို သဘာဝအတိုင်း အကောင်းဆုံး သန့်စင်လိုလျှင်တော့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများကိုသာ များများစားသုံးပေးခြင်းဖြင့် ဆေးကြောဖို့ အကြံပြုလိုပါတယ်။

(4) ဆံပင်

မကြာခဏ ခေါင်းလျှော်ခြင်းက ဦးရေပြားအဆီကို ခြောက်သွေ့စေပြီး ဆံသားကို မွဲခြောက်စေတယ်ဆိုတာ သိပါသလား။

မကြာမကြာ ခေါင်းလျှော်ရာမှ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်၊ ထိပ်ကွက်ခြင်းတွေကိုပါ ခံစားလာရစေနိုင်ပါတယ်။

(5) နှာခေါင်း

လူတိုင်း နှပ်ချီးဖတ် နှိုက်ဖူးကြမယ် ထင်ပါတယ်။ ဒီလို လက်ချောင်းများဖြင့် နှာခေါင်းနှိုက်ခြင်းက နှာခေါင်းအတွင်းမှာ သေးငယ်တဲ့ အစင်းရာတွေကို ဖြစ်စေပြီး နှာခေါင်းကိုယားယံစေကာ ပိုမို နှိုက်ချင်စိတ်တွေ ဖြစ်စေပါတယ်။

ဒါကြောင့် နှာခေါင်းအတွင်းမှ အညစ်အကြေးများကို သန့်စင်လိုလျှင် လက်ဖြင့်မနှိုက်ဘဲ ညှစ်ထုတ်တဲ့နည်းလမး်ကို အသုံးပြုပေးဖို့ တိုက်တွန်းထားပါတယ်။

(6) မိန်းမကိုယ်

ဟုတ်ပါတယ်။ အမျိုးသမီးများရဲ့ မိန်းမကိုယ် အစိတ်အပိုင်း ဟာလည်း သဘာဝအတိုင်း သူ့ဘာသာသူ သန့်စင်စေတဲ့ စွမ်းအင်ရှိပါတယ်။

ဒါကို အနံ့အသက်ထွက်လို့ အမွှေးဆပ်ပြားများဖြင့် ဆေးကြောသန့်စင်ခြင်းက မိန်းမကိုယ်ကျန်းမာရေး အတွက်လွန်စွာထိခိုက်စေပါတယ်။ ဆေးကြောရန် လိုအပ်ပါကလည်း ရေသီးသန့်ဖြင့်သာ ဆေးကြောပေးပါ….။ ။

#Crd