သင့္ကို လမ္းခြဲလိုက္တာကို သူေနာင္တရေနေၾကာင္း သိသာေစတဲ့ အခ်က္မ်ား…

သင့္ကို လမ္းခြဲလိုက္တာကို သူေနာင္တရေနေၾကာင္း သိသာေစတဲ့ အခ်က္မ်ား…

ခ်စ္သူက လမ္းခြဲသြားတဲ႔အခါ အသည္းကြဲတတ္ၾကပါတယ္ ။ အသည္းကြဲတာထက္ ကိုယ္အတြက္ သမ္းသာစရာ အခ်က္ကေလးေတြကို သင္ ေတြးၾကည့္သင္႔ပါတယ္။ ခ်န္သြားသူနဲ႔ က်န္ရစ္သူၾကားမွာ ဘယ္သူပိုခံစားရလဲ ကြဲကြဲျပားျပား သိတဲ့အခါ အရွုံးကေန အႏိုင္ျဖစ္သြားတတ္ပါတယ္။ အငိုကေန အျပဳံး ျဖစ္သြားတတ္ပါတယ္။ အခုလည္း သင့္ကို လမ္းခြဲသြားတဲ့ ရည္စားေဟာင္းဟာ ေအာက္ပါ စရိုက္လကၡဏာေလးေတြက ျမင္သာေစတယ္ဆိုရင္ သင္ဟာ အရွုံးေတြၾကားထဲကေန ျပဳံးေနရၿပီဆိုတာ ေသခ်ာပါတယ္ေနာ္ …။

(၁) သင့္အေၾကာင္းကို သူငယ္ခ်င္းေတြဆီမွာ စုံစမ္းတယ္”

ဘယ္ေလာက္ပဲ လူခ်င္းျပတ္ျပတ္ စိတ္မျပတ္ေသးရင္ သင့္အေၾကာင္းကို သူ သတင္းေမးပါလိမ့္မယ္။ သင့္သူငယ္ခ်င္းေတြ ကိုေပါ့။ ဒါေပမယ့္ ခပ္တည္တည္ စိတ္ဝင္စားဟန္ေတာ့ ျပမွာ မဟုတ္ပါဘူး။ စကားလမ္းေၾကာင္းသင့္တာလိုလို ဘာလိုလိုနဲ႔ ေမးတတ္ပါတယ္။ တစ္ခါတေလ ဘယ္လိုမွ စကားလမ္းေၾကာင္းမသင့္ရင္ ေျဗာင္ဖြင့္ေမးပါလိ့မ္မယ္။ ဟိုတစ္ေယာက္ေကာ အဆင္ေျပတယ္မဟုတ္လား …၊စသျဖင္႔ေပါ႔ …။

(၂) အြန္လိုင္းေပၚမွာ ေဝဖန္တိုက္ခိုက္မယ္”

သူဟာ သင့္အေပၚမွာ စိတ္မပ်က္ေသးဘူးဆိုရင္ သင့္ကို ရည္ညႊန္းတဲ့စာေတြ အြန္လိုင္းေပၚမွာ တင္ပါလိမ့္မယ္။ ေဝဖန္တာ ပါခ်င္ပါမယ္၊ တိုက္ခိုက္တာ ျဖစ္ခ်င္ျဖစ္မယ္၊ တစ္ခါတေလ အခုထက္ထိ ေမ့လို႔မရ ခ်စ္ေနေသးေၾကာင္း အယူခံဝင္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္ …။

(၃) အရက္မူးရင္ ဖုန္းေခၚတယ္”

အမ်ိဳးသားေတြ ေတာ္ေတာ္မ်ားမ်ားကို ဘယ္ဥပေဒက သတ္မွတ္ေပးထားတယ္မသိ။ အရက္မူးရင္ ခ်စ္သူကို သတိရတာပဲ။ ခ်စ္သူေတြ အမ်ားႀကီးရွိရင္ေတာင္မွ သူ႔စိတ္ထဲက သိပ္ခ်စ္ရတဲ့ ခ်စ္သူအမည္ကိုမွ တမ္းတလြမ္းဆြတ္တာမ်ိဳးပါ။ သူဟာ အရက္မူးတဲ့အခ်ိန္ သတိအရဆုံးက သင္ျဖစ္ေနမယ္ဆိုရင္ သူ သင့္ကို လမ္းခြဲခဲ့မိလို႔ သိပ္ကို ေနာင္တရေနမိတယ္ ဆိုတာ ေပၚလြင္ထင္ရွားပါတယ္ေနာ္ …။

(၄) ဘယ္သူနဲ႔မွ လက္တြဲျခင္းမရွိေသးဘူး”

သူဟာ သင့္ကို လမ္းခြဲၿပီးေနာက္ပိုင္း ဘယ္သူနဲ႔မွ လက္မတြဲေသးဘူးဆိုရင္လည္း သူ႔ရင္ထဲမွာ သင့္အတြက္ေနရာတစ္ခု ရွိေနေသးတယ္ဆိုတာ အေသအခ်ာပါပဲ …။

(၅) သင္႔သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ အဆက္အသြယ္အခင္အမင္မပ်က္ရိွေနတယ္”

သင္နဲ႔ဆိုရင္ေတာ့ ေရွာင္ဖယ္ေရွာင္ဖယ္ ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ့္ သင့္ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြ၊ သင့္မိဘေဆြမ်ိဳးေတြနဲ႔ အခင္အမင္မပ်က္၊ ဆက္ၿပီးဆက္သြယ္ေနေသးတယ္ဆိုရင္လည္း သူ သင့္ကို စိတ္မျပတ္ေသးဘူးဆိုတဲ့ သေဘာပါ …။

(၆) ဓာတ္ပုံေလးေတြ၊လက္ေဆာင္ေလးေတြ သိမ္းထားတုန္းဆိုရင္”

သင္နဲ႔ပတ္သက္သမၽွ ဓာတ္ပုံေတြ၊ လက္ေဆာင္ေတြကို သိမ္ထားေသးတယ္။ အဲဒီလို သိမ္းထားေၾကာင္းကိုလည္း သင့္ကို တစ္နည္းနည္းအရ သိေစလိုတယ္ဆိုရင္ သူ သင့္ကို လမ္းခြဲခဲ့မိျခင္းအတြက္ ေနာင္တရေနတယ္ဆိုတဲ့ သက္ေသပါ။ သင့္အေနနဲ႔ ျပင္ဆင္ထားဖို႔က ဒုတိယအႀကိမ္ ျပန္လည္ခိုလုံခြင့္ေတာင္းလာမယ့္ ခ်စ္သူကို ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ လက္ခံမလဲဆိုတာကိုပါပဲ …။ ။

Credit – Aunty May

Unicode Version ဖြင့်ဖတ်ရန်

သင့်ကို လမ်းခွဲလိုက်တာကို သူနောင်တရနေကြောင်း သိသာစေတဲ့ အချက်များ…

ချစ်သူက လမ်းခွဲသွားတဲ့အခါ အသည်းကွဲတတ်ကြပါတယ် ။ အသည်းကွဲတာထက် ကိုယ်အတွက် သမ်းသာစရာ အချက်ကလေးတွေကို သင် တွေးကြည့်သင့်ပါတယ်။ ချန်သွားသူနဲ့ ကျန်ရစ်သူကြားမှာ ဘယ်သူပိုခံစားရလဲ ကွဲကွဲပြားပြား သိတဲ့အခါ အရှုံးကနေ အနိုင်ဖြစ်သွားတတ်ပါတယ်။ အငိုကနေ အပြုံး ဖြစ်သွားတတ်ပါတယ်။ အခုလည်း သင့်ကို လမ်းခွဲသွားတဲ့ ရည်စားဟောင်းဟာ အောက်ပါ စရိုက်လက္ခဏာလေးတွေက မြင်သာစေတယ်ဆိုရင် သင်ဟာ အရှုံးတွေကြားထဲကနေ ပြုံးနေရပြီဆိုတာ သေချာပါတယ်နော် …။

(၁) သင့်အကြောင်းကို သူငယ်ချင်းတွေဆီမှာ စုံစမ်းတယ်”

ဘယ်လောက်ပဲ လူချင်းပြတ်ပြတ် စိတ်မပြတ်သေးရင် သင့်အကြောင်းကို သူ သတင်းမေးပါလိမ့်မယ်။ သင့်သူငယ်ချင်းတွေ ကိုပေါ့။ ဒါပေမယ့် ခပ်တည်တည် စိတ်ဝင်စားဟန်တော့ ပြမှာ မဟုတ်ပါဘူး။ စကားလမ်းကြောင်းသင့်တာလိုလို ဘာလိုလိုနဲ့ မေးတတ်ပါတယ်။ တစ်ခါတလေ ဘယ်လိုမှ စကားလမ်းကြောင်းမသင့်ရင် ဗြောင်ဖွင့်မေးပါလိ့မ်မယ်။ ဟိုတစ်ယောက်ကော အဆင်ပြေတယ်မဟုတ်လား …၊စသဖြင့်ပေါ့ …။

(၂) အွန်လိုင်းပေါ်မှာ ဝေဖန်တိုက်ခိုက်မယ်”

သူဟာ သင့်အပေါ်မှာ စိတ်မပျက်သေးဘူးဆိုရင် သင့်ကို ရည်ညွှန်းတဲ့စာတွေ အွန်လိုင်းပေါ်မှာ တင်ပါလိမ့်မယ်။ ဝေဖန်တာ ပါချင်ပါမယ်၊ တိုက်ခိုက်တာ ဖြစ်ချင်ဖြစ်မယ်၊ တစ်ခါတလေ အခုထက်ထိ မေ့လို့မရ ချစ်နေသေးကြောင်း အယူခံဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ် …။

(၃) အရက်မူးရင် ဖုန်းခေါ်တယ်”

အမျိုးသားတွေ တော်တော်များများကို ဘယ်ဥပဒေက သတ်မှတ်ပေးထားတယ်မသိ။ အရက်မူးရင် ချစ်သူကို သတိရတာပဲ။ ချစ်သူတွေ အများကြီးရှိရင်တောင်မှ သူ့စိတ်ထဲက သိပ်ချစ်ရတဲ့ ချစ်သူအမည်ကိုမှ တမ်းတလွမ်းဆွတ်တာမျိုးပါ။ သူဟာ အရက်မူးတဲ့အချိန် သတိအရဆုံးက သင်ဖြစ်နေမယ်ဆိုရင် သူ သင့်ကို လမ်းခွဲခဲ့မိလို့ သိပ်ကို နောင်တရနေမိတယ် ဆိုတာ ပေါ်လွင်ထင်ရှားပါတယ်နော် …။

(၄) ဘယ်သူနဲ့မှ လက်တွဲခြင်းမရှိသေးဘူး”

သူဟာ သင့်ကို လမ်းခွဲပြီးနောက်ပိုင်း ဘယ်သူနဲ့မှ လက်မတွဲသေးဘူးဆိုရင်လည်း သူ့ရင်ထဲမှာ သင့်အတွက်နေရာတစ်ခု ရှိနေသေးတယ်ဆိုတာ အသေအချာပါပဲ …။

(၅) သင့်သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်အသွယ်အခင်အမင်မပျက်ရှိနေတယ်”

သင်နဲ့ဆိုရင်တော့ ရှောင်ဖယ်ရှောင်ဖယ် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ သင့်မိဘဆွေမျိုးတွေနဲ့ အခင်အမင်မပျက်၊ ဆက်ပြီးဆက်သွယ်နေသေးတယ်ဆိုရင်လည်း သူ သင့်ကို စိတ်မပြတ်သေးဘူးဆိုတဲ့ သဘောပါ …။

(၆) ဓာတ်ပုံလေးတွေ၊လက်ဆောင်လေးတွေ သိမ်းထားတုန်းဆိုရင်”

သင်နဲ့ပတ်သက်သမျှ ဓာတ်ပုံတွေ၊ လက်ဆောင်တွေကို သိမ်ထားသေးတယ်။ အဲဒီလို သိမ်းထားကြောင်းကိုလည်း သင့်ကို တစ်နည်းနည်းအရ သိစေလိုတယ်ဆိုရင် သူ သင့်ကို လမ်းခွဲခဲ့မိခြင်းအတွက် နောင်တရနေတယ်ဆိုတဲ့ သက်သေပါ။ သင့်အနေနဲ့ ပြင်ဆင်ထားဖို့က ဒုတိယအကြိမ် ပြန်လည်ခိုလုံခွင့်တောင်းလာမယ့် ချစ်သူကို ဘယ်လိုအကြောင်းပြချက်နဲ့ လက်ခံမလဲဆိုတာကိုပါပဲ …။ ။

Credit – Aunty May