သင့္ကုိ အေပ်ာ္ႀကံရံု ခ်ည္းကပ္လာတဲ့ အမ်ိဳးသားေတြမွာ ေတြ႔ရမယ့္ စရိုက္လကၡဏာ(၄)ခ်က္

သင့္ကုိ အေပ်ာ္ႀကံရံု ခ်ည္းကပ္လာတဲ့ အမ်ိဳးသားေတြမွာ ေတြ႔ရမယ့္ စရိုက္လကၡဏာ(၄)ခ်က္

တစ္ခ်ိဳ႕ေယာက်ာ္းေလးေတြက မိန္းကေလးေတြရဲ႕ အခ်စ္ကို ကစားရတာ ႀကိဳက္တတ္ၾကပါတယ္္ … ။

မိန္းကေလးတစ္ေယာက္ကို သူတို႔ခဏတာ စိတ္ေပ်ာ္႐ႊင္ဖုိ႔အတြက္ ခဏတာ အသံုးခ်တာမ်ိဳးကိုလည္း ျပဳလုပ္လြယ္တတ္ၾကသူေတြပါ။ ဒီေတာ့ မိန္းကေလးေတြအေနနဲ႔ သတိထားမိေစဖု႔ိ၊ လြယ္လြယ္အယံုမလြယ္မိဖို႔ အရမ္းကို အေရးႀကီးပါတယ္ေနာ္။

မိန္းကေလးေတြကို အေပ်ာ္ႀကံဖုိ႔သက္သက္ ခ်ည္းကပ္တတ္တဲဲ့ အမ်ိဳးသားေတြမွာေတာ့ ဒီလုိ အခ်က္ေတြကို ေတြ႔ရတတ္ပါတယ္ … ။

(1) လ်ိဳ႕ဝွက္ဆန္းၾကယ္တယ္

မိန္းကေလးေတြကို အေပ်ာ္ႀကံတတ္တဲ့ အမ်ိဳးသားေတြရဲ႕ ပံုစံက လ်ိဳ႕ဝွက္ခ်က္ေတြမ်ားသလုိပဲ နားလည္ရလည္း ခက္ေစတတ္ပါတယ္။ စာအုပ္တစ္အုပ္မွာ ေဖာ္ျပထားတာကေတာ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြကို ဆြဲေဆာင္ဖို႔အတြက္ ဒီနည္းလမ္းေဟာင္းကို အသံုးျပဳေလ့႐ွိၾကပါတယ္တဲ့။

ဒါက သူ႔အေၾကာင္း ဘာမွမသိရေပမယ့္ မိန္းကေလးတစ္ေယာက္ စိတ္ဝင္စားလာေအာင္ သူတို႔ရဲ႕ အေျပာေတြ၊ အျပဳအမူေတြနဲ႔ သိမ္းပိုက္ႏုိင္ၾကတာပါ။ ႐ွင္း႐ွင္းေျပာရရင္ မိန္းကေလးေတြရဲ႕ အႀကိဳက္ဘာဆုိတာကို သိထားၿပီးသား သူမ်ိဳးေတြ ျဖစ္ေနတတ္လုိ႔ပါပဲ။ ဒါေၾကာင့္ အေျပာေကာင္းတိုင္းလည္း အယံုမလြယ္ဖို႔ ေျပာတတ္ၾကတာ ထင္ပါတယ္။

(2) ဆက္ဆံတဲ့ ပုံစံေတြ မတူညီဘူး

မိန္းကေလးတစ္ေယာက္ကို ခဏတာ အေပ်ာ္သေဘာမ်ိဳးသာ သေဘာထားတတ္တဲဲ့ အမ်ိဳးသားေတြက ဆက္ဆံေရးေတြ ေအးလုိက္၊ ပူလုိက္ျဖစ္ေနတတ္ပါတယ္။

ဥပမာ – တစ္ခါတစ္ေလ သင့္ကို ညည့္နက္တဲ့အထိ မက္ေဆာ့ခ်္ေတြ ေတာက္ေလွ်ာက္ပို႔ေနေပမယ့္ ရက္သတၱပတ္ေလာက္ ဘာအဆက္အသြယ္ မ႐ွိပဲ ေပ်ာက္သြားတာမ်ိဳး၊ ညည့္နက္သန္းေခါင္ သတိရလုိ႔ဆုိၿပီး ႐ုတ္တရက္ ဖုန္းေခၚလာတာမ်ဳိး၊ အခ်ိန္္အေတာ္ၾကာ ေပ်ာက္သြားတတ္တာမ်ိဳး စသျဖင့္ ဒီလုိအျပဳအမူေတြက သင့္ရဲ႕စိတ္ကို မၾကည့္ပဲ သူ႔စိတ္ေပ်ာ္ဖုိ႔တစ္ခုသာ လုပ္ေနတာမွန္း သိသာေစပါတယ္။

(3) သူနဲ႔ ပတ္သက္ၿပီး ဘာဆိုဘာမွ မသိရဘူး

သင္နဲဲ႔ သူက ခ်စ္သူေတြ ျဖစ္ခါနီး အေျခအေန ဒါမွမဟုတ္ ရင္းႏွီးမႈထက္ ပိုတဲ့အတုိင္းအတာတစ္ခုအထိ ေရာက္ေနေပမယ့္ သူ႔အေၾကာင္းေတြ ဘာဆုိဘာမွ မသိရေသးဘူးဆုိရင္္ေတာ့ စဥ္းစားစရာပါ။

သူ ဘာအလုပ္လုပ္တယ္၊ သူ သူ႔ငယ္ခ်င္းေတြက ဘယ္သူေတြ၊ သူ ဝါသနာက ဘာ၊ သူ ဘာေတြကို စိတ္ဝင္စားတတ္တယ္ စသျဖင့္ ဒါေတြကို သင့္ကို ဘာမွမေျပာျပဘူး၊ မသိေစခ်င္ဘူးဆုိတာက သူသင့္ကို အေပ်ာ္ခဏတာ ကစား႐ံုပဲဆုိတာကို သိဖုိ႔လုိအပ္ပါၿပီ။

(4) ညိွႏိႈင္းမႈေတြ မ႐ွိဘူး

သူလုိအပ္တဲ့ အခ်ိန္မွာ သင့္ကို လာေတြ႔တာမ်ိဳး၊ သင္ကို အျပင္သြားဖုိ႔ ေခၚတာမ်ိဳး လုပ္တတ္ေပမယ့္ သင္အားရဲ႕လား၊ ဘယ္ေနရာသြားခ်င္တယ္၊ ဘာလုပ္ခ်င္တယ္၊ သင့္စိတ္ခံစားမႈ ဘယ္လုိ႐ွိတယ္ ဆုိတာကိုေတာ့ စိတ္မဝင္စားတတ္ပါဘူး။

သူျဖစ္ခ်င္တဲ့ ပံုစံ၊ သူသြားခ်င္တဲ့ ေနရာကိုသာ ေ႐ြးခ်ယ္တတ္ၿပီး သင္နဲ႔ညိွႏိႈင္းမႈ လုပ္ရမွာကို စိတ္မဝင္စားပါဘူး။ ဒါက သင့္ကို အေလးအနက္မထားဘူးဆိုတာကို ေဖာ္ျပေနသလို သူ႔သေဘာသူ႔ဆႏၵတစ္ခုကိုသာ ဦးစားေပးတဲ့ သူဆုိတာ သိေစႏုိင္ပါတယ္။ ဒါဟာ သင့္ကို တကယ္မခ်စ္လုိ႔ ခဏတာ အေပ်ာ္သေဘာ ကစား႐ံုပဲဆုိတာကို ေဖာ္ျပလုိ႔ေနပါတယ္ေနာ္။

Khin

Unicode

သင့်ကို အပျော်ကြံရုံ ချည်းကပ်လာတဲ့ အမျိုးသားတွေမှာ တွေ့ရမယ့် စရိုက်လက္ခဏာ(၄)ချက်

တစ်ချို့ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ အချစ်ကို ကစားရတာ ကြိုက်တတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်ကို သူတို့ခဏတာ စိတ်ပျော်ရွှင်ဖို့အတွက် ခဏတာ အသုံးချတာမျိုးကိုလည်း ပြုလုပ်လွယ်တတ်ကြသူတွေပါ။ ဒီတော့ မိန်းကလေးတွေအနေနဲ့ သတိထားမိစေဖို့၊ လွယ်လွယ်အယုံမလွယ်မိဖို့ အရမ်းကို အရေးကြီးပါတယ်နော်။

မိန်းကလေးတွေကို အပျော်ကြံဖို့သက်သက် ချည်းကပ်တတ်တဲ့ အမျိုးသားတွေမှာတော့ ဒီလို အချက်တွေကို တွေ့ရတတ်ပါတယ်။

(1) လျို့ဝှက်ဆန်းကြယ်တယ်

မိန်းကလေးတွေကို အပျော်ကြံတတ်တဲ့ အမျိုးသားတွေရဲ့ ပုံစံက လျို့ဝှက်ချက်တွေများသလိုပဲ နားလည်ရလည်း ခက်စေတတ်ပါတယ်။ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတာကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ဆွဲဆောင်ဖို့အတွက် ဒီနည်းလမ်းဟောင်းကို အသုံးပြုလေ့ရှိကြပါတယ်တဲ့။

ဒါက သူ့အကြောင်း ဘာမှမသိရပေမယ့် မိန်းကလေးတစ်ယောက် စိတ်ဝင်စားလာအောင် သူတို့ရဲ့ အပြောတွေ၊ အပြုအမူတွေနဲ့ သိမ်းပိုက်နိုင်ကြတာပါ။ ရှင်းရှင်းပြောရရင် မိန်းကလေးတွေရဲ့ အကြိုက်ဘာဆိုတာကို သိထားပြီးသား သူမျိုးတွေ ဖြစ်နေတတ်လို့ပါပဲ။ ဒါကြောင့် အပြောကောင်းတိုင်းလည်း အယုံမလွယ်ဖို့ ပြောတတ်ကြတာ ထင်ပါတယ်။

(2) ဆက်ဆံတဲ့ ပုံစံတွေ မတူညီဘူး

မိန်းကလေးတစ်ယောက်ကို ခဏတာ အပျော်သဘောမျိုးသာ သဘောထားတတ်တဲ့ အမျိုးသားတွေက ဆက်ဆံရေးတွေ အေးလိုက်၊ ပူလိုက်ဖြစ်နေတတ်ပါတယ်။

ဥပမာ – တစ်ခါတစ်လေ သင့်ကို ညည့်နက်တဲ့အထိ မက်ဆော့ချ်တွေ တောက်လျှောက်ပို့နေပေမယ့် ရက်သတ္တပတ်လောက် ဘာအဆက်အသွယ် မရှိပဲ ပျောက်သွားတာမျိုး၊ ညည့်နက်သန်းခေါင် သတိရလို့ဆိုပြီး ရုတ်တရက် ဖုန်းခေါ်လာတာမျိုး၊ အချိန်အတော်ကြာ ပျောက်သွားတတ်တာမျိုး စသဖြင့် ဒီလိုအပြုအမူတွေက သင့်ရဲ့စိတ်ကို မကြည့်ပဲ သူ့စိတ်ပျော်ဖို့တစ်ခုသာ လုပ်နေတာမှန်း သိသာစေပါတယ်။

(3) သူနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိရဘူး

သင်နဲ့ သူက ချစ်သူတွေ ဖြစ်ခါနီး အခြေအနေ ဒါမှမဟုတ် ရင်းနှီးမှုထက် ပိုတဲ့အတိုင်းအတာတစ်ခုအထိ ရောက်နေပေမယ့် သူ့အကြောင်းတွေ ဘာဆိုဘာမှ မသိရသေးဘူးဆိုရင်တော့ စဉ်းစားစရာပါ။

သူ ဘာအလုပ်လုပ်တယ်၊ သူ သူ့ငယ်ချင်းတွေက ဘယ်သူတွေ၊ သူ ဝါသနာက ဘာ၊ သူ ဘာတွေကို စိတ်ဝင်စားတတ်တယ် စသဖြင့် ဒါတွေကို သင့်ကို ဘာမှမပြောပြဘူး၊ မသိစေချင်ဘူးဆိုတာက သူသင့်ကို အပျော်ခဏတာ ကစားရုံပဲဆိုတာကို သိဖို့လိုအပ်ပါပြီ။

(4) ညှိနှိုင်းမှုတွေ မရှိဘူး

သူလိုအပ်တဲ့ အချိန်မှာ သင့်ကို လာတွေ့တာမျိုး၊ သင်ကို အပြင်သွားဖို့ ခေါ်တာမျိုး လုပ်တတ်ပေမယ့် သင်အားရဲ့လား၊ ဘယ်နေရာသွားချင်တယ်၊ ဘာလုပ်ချင်တယ်၊ သင့်စိတ်ခံစားမှု ဘယ်လိုရှိတယ် ဆိုတာကိုတော့ စိတ်မဝင်စားတတ်ပါဘူး။

သူဖြစ်ချင်တဲ့ ပုံစံ၊ သူသွားချင်တဲ့ နေရာကိုသာ ရွေးချယ်တတ်ပြီး သင်နဲ့ညှိနှိုင်းမှု လုပ်ရမှာကို စိတ်မဝင်စားပါဘူး။ ဒါက သင့်ကို အလေးအနက်မထားဘူးဆိုတာကို ဖော်ပြနေသလို သူ့သဘောသူ့ဆန္ဒတစ်ခုကိုသာ ဦးစားပေးတဲ့ သူဆိုတာ သိစေနိုင်ပါတယ်။ ဒါဟာ သင့်ကို တကယ်မချစ်လို့ ခဏတာ အပျော်သဘော ကစားရုံပဲဆိုတာကို ဖော်ပြလို့နေပါတယ်နော်။

Khin