သင့္ေအာင္ျမင္မႈေတြကို အဟန္႔အတားျဖစ္ေစတဲ့ အေၾကာင္းအရင္းမ်ား

သင့္ေအာင္ျမင္မႈေတြကို အဟန္႔အတားျဖစ္ေစတဲ့ အေၾကာင္းအရင္းမ်ား

တခါတေလ ဘာလုပ္လုပ္ အဆင္မေျပမႈေတြ ဆက္တိုက္ၾကဳံေတြ႕လာရတဲ့အခ်ိန္မွာ တခ်ိဳ႕လူေတြက အျပစ္တင္တတ္ၾကတယ္။ တခ်ိဳ႕က စြန္႔ခြာသြားတတ္ၾကပါတယ္။

ဒီအေျခအေနမွာ စိတ္ဓာတ္က်ၿပီး လက္ေျမႇာက္အ႐ႈံးေပးလိုက္တဲ့ သူေတြ႐ွိသလို ၊ အခက္အခဲေတြကို ေက်ာ္ျဖတ္ၿပီး ေအာင္ျမင္သြားတဲ့ သူေတြလဲ႐ွိပါတယ္။

အခုေျပာျပမွာကေတာ့ ေအာင္ျမင္မႈေတြကို ေႏွာင့္ေႏွးေစတဲ့ အေၾကာင္းအရင္းေတြဘဲ ျဖစ္ပါတယ္။

ခ်စ္တဲ့သူေတြဆီက အားေပးေထာက္ခံမႈကို မရျခင္း

အေရးႀကီးဆုံးအခ်က္ပါဘဲ။ ခ်စ္တဲ့သူေတြဆီက အားေပးေထာက္ခံမႈ မရဘဲ အထင္အျမင္လြဲမွားေနမယ္ဆိုရင္ ဘယ္အရာမွ အဆင္ေျပေခ်ာမြတ္ေနမွာ မဟုတ္ပါဘူး။

စိတ္မၾကည္မသာနဲ႔ အလုပ္လုပ္တဲ့အခါ အလုပ္ေပၚ အာ႐ုံမစိုက္ႏိုင္ဘဲ ျဖစ္ေနတတ္ပါတယ္။ အဲ့တာေၾကာင့္ ကိုယ္ခ်စ္တဲ့သူေတြနဲ႔ အရင္ဆုံး ညႇိႏိႈင္းတိုင္ပင္ၿပီး သူတို႔ဆီက သေဘာတူညီမႈနဲ႔ အားေပးေထာက္ခံမႈကို ရယူသင့္ပါတယ္။

အေတြးလြန္ျခင္း

အလုပ္တစ္ခုကို လုပ္ေတာ့မယ္ဆိုရင္ ဘယ္လိုျပႆနာၾကဳံရမယ္။ ဘယ္လိုအခက္အခဲေတြ႐ွိမယ္။ ဘယ္လို ႐ႈံးနိမ့္ႏိုင္မယ္ စတဲ့ မေကာင္းတဲ့ ဘက္ကို အေတြးလြန္သြားတဲ့ခါ စိတ္ဓာတ္က်ၿပီး ဒီအလုပ္အေပၚ ေမွ်ာ္လင့္ခ်က္ထားႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

အဲ့တာေၾကာင့္ အဆိုးနဲ႔အေကာင္း ႏွစ္ဖက္လုံးမွ်ေတြးၿပီး အလုပ္တခုကို ေပ်ာ္႐ႊင္စြာ လုပ္သင့္ပါတယ္။

တာဝန္ယူမႈ၊ တာဝန္ခံမႈ မ႐ွိျခင္း

တခ်ိဳ႕သူေတြက လုပ္ငန္းမေအာင္ျမင္တဲ့ခါ ဒါဟာ အစိုးရေၾကာင့္ ၊ မိဘေၾကာင့္၊ အေပါင္းအသင္းေၾကာင့္ စသည္ျဖင့္အျပစ္တင္တတ္ၾကပါတယ္။

အမွန္တကယ္ေတာ့ မိမိကိုယ္ပိုင္ရည္မွန္းခ်က္ေတြ ၊ ေအာင္ျမင္မႈတက္လမ္းေတြဟာ ကိုယ္တိုင္႐ွာေဖြၿပီး ကိုယ္တိုင္ႀကိဳးစားယူရမွာဘဲ ျဖစ္ပါတယ္။

ျပင္းျပင္းထန္ထန္ က်႐ႈံးဖူးျခင္း

အ႐ႈံးနဲ႔ ရင္မဆိုင္ဖူးတဲ့သူဆိုတာ မ႐ွိသေလာက္႐ွားပါတယ္။ အဲ့ထဲမွာမွ အ႐ႈံးေတြက သင္ခန္းစာယူၿပီး ေအာင္ျမင္သြားၾကတာေတြလဲ႐ွိပါတယ္။

ဒါေပမယ့္ ဆုံး႐ႈံးမႈ ဒဏ္ကို အလူးအလဲ ခံရသူအဖို႔ေတာ့ နာလန္ထူဖို႔ေတာ္ေတာ္အားယူရမွာဘဲ ျဖစ္ပါတယ္။ ေနာက္ထပ္က်႐ႈံးဖို႔ ေတာ္ေတာ္ေၾကာက္သြားတာမို႔ လုပ္ငန္းသစ္ျပန္စဖို႔ အခ်ိန္ေတာ္ေတာ္ ႐ွိေနတတ္ၾကပါတယ္။

Unicode

သင့်အောင်မြင်မှုတွေကို အဟန့်အတားဖြစ်စေတဲ့ အကြောင်းအရင်းများ

တခါတလေ ဘာလုပ်လုပ် အဆင်မပြေမှုတွေ ဆက်တိုက်ကြုံတွေ့လာရတဲ့အချိန်မှာ တချို့လူတွေက အပြစ်တင်တတ်ကြတယ်။ တချို့က စွန့်ခွာသွားတတ်ကြပါတယ်။

ဒီအခြေအနေမှာ စိတ်ဓာတ်ကျပြီး လက်မြှောက်အရှုံးပေးလိုက်တဲ့ သူတွေရှိသလို ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်သွားတဲ့ သူတွေလဲရှိပါတယ်။

အခုပြောပြမှာကတော့ အောင်မြင်မှုတွေကို နှောင့်နှေးစေတဲ့ အကြောင်းအရင်းတွေဘဲ ဖြစ်ပါတယ်။

ချစ်တဲ့သူတွေဆီက အားပေးထောက်ခံမှုကို မရခြင်း

အရေးကြီးဆုံးအချက်ပါဘဲ။ ချစ်တဲ့သူတွေဆီက အားပေးထောက်ခံမှု မရဘဲ အထင်အမြင်လွဲမှားနေမယ်ဆိုရင် ဘယ်အရာမှ အဆင်ပြေချောမွတ်နေမှာ မဟုတ်ပါဘူး။

စိတ်မကြည်မသာနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်ပေါ် အာရုံမစိုက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲ့တာကြောင့် ကိုယ်ချစ်တဲ့သူတွေနဲ့ အရင်ဆုံး ညှိနှိုင်းတိုင်ပင်ပြီး သူတို့ဆီက သဘောတူညီမှုနဲ့ အားပေးထောက်ခံမှုကို ရယူသင့်ပါတယ်။

အတွေးလွန်ခြင်း

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ဘယ်လိုပြဿနာကြုံရမယ်။ ဘယ်လိုအခက်အခဲတွေရှိမယ်။ ဘယ်လို ရှုံးနိမ့်နိုင်မယ် စတဲ့ မကောင်းတဲ့ ဘက်ကို အတွေးလွန်သွားတဲ့ခါ စိတ်ဓာတ်ကျပြီး ဒီအလုပ်အပေါ် မျှော်လင့်ချက်ထားနိုင်တော့မှာ မဟုတ်ပါဘူး။

အဲ့တာကြောင့် အဆိုးနဲ့အကောင်း နှစ်ဖက်လုံးမျှတွေးပြီး အလုပ်တခုကို ပျော်ရွှင်စွာ လုပ်သင့်ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း

တချို့သူတွေက လုပ်ငန်းမအောင်မြင်တဲ့ခါ ဒါဟာ အစိုးရကြောင့် ၊ မိဘကြောင့်၊ အပေါင်းအသင်းကြောင့် စသည်ဖြင့်အပြစ်တင်တတ်ကြပါတယ်။

အမှန်တကယ်တော့ မိမိကိုယ်ပိုင်ရည်မှန်းချက်တွေ ၊ အောင်မြင်မှုတက်လမ်းတွေဟာ ကိုယ်တိုင်ရှာဖွေပြီး ကိုယ်တိုင်ကြိုးစားယူရမှာဘဲ ဖြစ်ပါတယ်။

ပြင်းပြင်းထန်ထန် ကျရှုံးဖူးခြင်း

အရှုံးနဲ့ ရင်မဆိုင်ဖူးတဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ အဲ့ထဲမှာမှ အရှုံးတွေက သင်ခန်းစာယူပြီး အောင်မြင်သွားကြတာတွေလဲရှိပါတယ်။

ဒါပေမယ့် ဆုံးရှုံးမှု ဒဏ်ကို အလူးအလဲ ခံရသူအဖို့တော့ နာလန်ထူဖို့တော်တော်အားယူရမှာဘဲ ဖြစ်ပါတယ်။ နောက်ထပ်ကျရှုံးဖို့ တော်တော်ကြောက်သွားတာမို့ လုပ်ငန်းသစ်ပြန်စဖို့ အချိန်တော်တော် ရှိနေတတ်ကြပါတယ်။