







၎. မကြာမကြာလေး အလျှော့ပေးပါ၊ သည်းခံပေးပါ။














#XYZ

Unicode

ဝေးကွာစေသည့် အကြောင်းအချို့

၁. ချစ်ရင် ချစ်တယ် ပြောပါ။

ချစ်လားလို့ မေးမှ ဖြေတာမျိုး မလုပ်မိပါစေနဲ့။

၂. ဂရုစိုက်မှုတွေ ကြင်နာမှုတွေကို ထုတ်ပြပါ။

စိတ်ထဲမှာပဲ မထားမိပါစေနဲ့။

၃. သဝန်တိုရင် တိုတယ်ပြောလိုက်ပါ။

ဘာမှ မဖြစ်သလိုပုံစံမျိုး မနေမိပါစေနဲ့။

၄. မကြာမကြာလေး အလျှော့ပေးပါ၊ သည်းခံပေးပါ။

အမြဲလိုလို အနိုင်မယူမိပါစေနဲ့။

၅. ဘာပဲလုပ်ချင် လုပ်ချင် အသိပေးပါ၊ တိုင်ပင်ပါ။

လုပ်ချင်ရာ လုပ်ပြီးမှ မပြောမိပါစေနဲ့။

၆. စိတ်ဆိုး စိတ်ကောက်ကြတဲ့အခါ ပြန်ချော့ပါ။

အကြာကြီး ပြစ်မထားမိပါစေနဲ့။

၇. ဦးစားပေးဆက်ဆံပါ၊ အလေးထားပါ။

သူငယ်ချင်းတွေကို လိုတာထက်ပိုပြီး ဦးစားမပေးမိပါစေနဲ့။

၈. စကားကို လေးလေးနက်နက် ပြောဆိုပါ။

ပေါ့ပျက်ပျက် မပြောမိပါစေနဲ့။

၉. ပျော်ရွှင်စရာ အချိန်လေးတွေကို နှစ်ယောက်အတူ ဖန်တီးပါ။

အလုပ်တွေ မအားလို့ဆိုပြီး တစ်ယောက်တည်း ပြစ်မထားမိပါစေနဲ့။

၁၀. သူ မကြိုက်တတ်တဲ့ အရာလေးတွေကို ရှောင်ပေးပါ။

မကြာခဏ မလုပ်မိပါစေနဲ့

#XYZ