ၿပီးျပည့္စံုတဲ့ ခင္ပြန္းေကာင္း ပီသသူေတြဟာ ဒီလို လကၡဏာရပ္ေတြ ပိုင္ဆိုင္ထားပါတယ္

ၿပီးျပည့္စံုတဲ့ ခင္ပြန္းေကာင္း ပီသသူေတြဟာ ဒီလို လကၡဏာရပ္ေတြ ပိုင္ဆိုင္ထားပါတယ္

ၿပီးျပည့္စံုတဲ့သူဆိုတာ ေလာကမွာ မရွိတတ္ၾကပါဘူး။ ဒါေပမယ့္လည္း ခင္ပြန္းေကာင္းတစ္ေယာက္အျဖစ္ ၿပီးျပည့္စံုေနတဲ့သူေတြကေတာ့ ရွိေနပါတယ္ ..။

ေယာက်ၤားေကာင္းတစ္ေယာက္ဆိုရင္ေတာင္မွ ခင္ပြန္းေကာင္း တစ္ေယာက္ ျဖစ္ဖို႔ဆိုတာ မလြယ္ေတာ့ မလြယ္ပါဘူး။ ခင္ပြန္းေကာင္းတစ္ေယာက္မွာ ရွိသင့္တဲ့ လကၡဏာရပ္ေတြ ပိုင္ဆိုင္ထားတဲ့ ေယာက်ၤားေလးေတြကေတာ့ အခုလိုပဲ ျဖစ္ပါတယ္ … ။

(၁) ရိုမန္႔တစ္ဆန္တယ္

အခ်စ္ေရး တစ္ခုရဲ႕ အစမွာေတာ့ ရိုဆန္ဆန္ ေန႔ရက္ေတြကို ျဖတ္သန္းဖို႔ အင္မတန္ လြယ္ပါတယ္။ ခ်စ္ၾကတယ္ဆိုေပမယ့္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိတဲ့အခ်ိန္ေတြ ျဖတ္သန္းၿပီးေနာက္မွာ ရိုမန္႔တစ္ဆန္ေအာင္ ေနဖို႔ဆိုတာ မလြယ္ၾကေတာ့ပါဘူး။

အခ်ိန္ေတြ ဘယ္လိုပဲ အတူျဖတ္သန္းၾကတယ္ဆိုေပမယ့္ ဘာမွ ေျပာင္းလဲမႈ မရွိဘဲ သင့္ကို ရိုဆန္ဆန္ အထိမ္းအမွတ္ေတြ ျပဳလုပ္ေပးတဲ့သူက တကယ့္ကို ခင္ပြန္းေကာင္းတစ္ေယာက္ပါေနာ္။

(၂) သင့္အလုပ္ကို တန္ဖိုးထားေပးတယ္

ကိုယ္ဘာလုပ္လဲဆိုတာကို ကိုယ့္ခ်စ္သူ မသိရတာက တကယ့္ကို စိတ္ထဲ အဆင္မေျပရတဲ့ အခ်က္ တစ္ခ်က္ပါပဲ။ ခင္ပြန္းေကာင္း ပီသသူေတြကေတာ့ ကိုယ့္ခ်စ္သူရဲ႕ အလုပ္နဲ႔ ဂုဏ္ေတြကို သိထားၾကပါတယ္။

ဒါ့အျပင္ သူ႔အလုပ္နဲ႔ ပတ္သတ္တဲ့ တန္ဖိုးထားမႈေတြလည္း ေပးထားေလ့ ရွိပါတယ္။ သူ႔အလုပ္အတြက္ ဘဝအတြက္ လိုအပ္တဲ့ ဆံုးျဖတ္ခ်က္ေတြကို အားေပးေထာက္ပံ့ေပးတတ္ၾကပါတယ္။

(၃) သင့္ကို နားေထာင္ေပးတယ္

ခ်စ္သူဆိုတာ ေသြးသားမေတာ္စပ္တဲ့ ကိုယ့္ရဲ႕ မိသားစုလည္း ျဖစ္သလို၊ သူငယ္ခ်င္းလည္း ျဖစ္သလို၊ ဘဝအေဖာ္လည္း ျဖစ္ေနပါတယ္။

သင့္ရဲ႕ အခက္အခဲေတြ၊ စိတ္ပင္ပန္းမႈေတြအျပင္ ေပ်ာ္ရႊင္မႈေတြကိုလည္း ကူၿပီး ခံစားေပးတဲ့သူက သင့္ရဲ႕ ခ်စ္သူေကာင္းလည္း ျဖစ္သလို ခင္ပြန္းေကာင္းလကၡဏာနဲ႔ ညီတဲ့သူလည္း ျဖစ္ေနပါတယ္ေနာ္။

(၄) တာဝန္ယူတတ္တယ္

ခင္ပြန္းေကာင္းပီသတဲ့သူေတြကေတာ့ တကယ့္ကို မိသားစုအတြက္ ခ်စ္သူအတြက္ ေတြးေပးၾကသူေတြ ျဖစ္ပါတယ္။

ဘဝကို အေကာင္းဆံုး ျဖစ္ေအာင္ ေနထိုင္ၿပီး ခ်စ္သူနဲ႔ အဆင္ေျပေျပေနဖို႔က ကိုယ့္တာဝန္လည္း ျဖစ္တယ္လို႔ ေတြးၿပီး ႀကိဳးစားေနတတ္ၾကပါတယ္။ မိသားစု လိုအပ္ခ်က္ေတြကိုလည္း ဂရုတစိုက္ ၾကည့္တတ္ၾကသူေတြလည္း ျဖစ္ပါတယ္။

(၅) သစၥာရွိတယ္

သစၥာရွိတာထက္ ဘာကမွ ဆြဲေဆာင္မႈ ရွိမေနပါဘူး။ ကိုယ့္တစ္ေယာက္တည္းကိုပဲ စိတ္ထဲမွာ ေတြးၿပီး တျခားေသာ မိန္းကေလးေတြကို ေခါင္းထဲထည့္ဖို႔ မလုပ္တတ္တဲ့သူေတြကေတာ့ တကယ့္ကို မိန္းကေလးေတြကို စိတ္လံုျခံဳမႈ ေပးတဲ့သူလည္း ျဖစ္ပါတယ္။

ဒီလိုလူမ်ိဳးေတြက သိပ္ကို ၿပီးျပည့္စံုတဲ့ ခင္ပြန္းေကာင္းပီသူေတြပဲ ျဖစ္ပါတယ္။

Kham

Unicode

ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်း ပီသသူတွေဟာ ဒီလို လက္ခဏာရပ်တွေ ပိုင်ဆိုင်ထားပါတယ်

ပြီးပြည့်စုံတဲ့သူဆိုတာ လောကမှာ မရှိတတ်ကြပါဘူး။ ဒါပေမယ့်လည်း ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ပြီးပြည့်စုံနေတဲ့သူတွေကတော့ ရှိနေပါတယ်။

ယောင်္ကျားကောင်းတစ်ယောက်ဆိုရင်တောင်မှ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်တော့ မလွယ်ပါဘူး။ ခင်ပွန်းကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ လက္ခဏာရပ်တွေ ပိုင်ဆိုင်ထားတဲ့ ယောင်္ကျားလေးတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။

(၁) ရိုမန့်တစ်ဆန်တယ်

အချစ်ရေး တစ်ခုရဲ့ အစမှာတော့ ရိုဆန်ဆန် နေ့ရက်တွေကို ဖြတ်သန်းဖို့ အင်မတန် လွယ်ပါတယ်။ ချစ်ကြတယ်ဆိုပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိတဲ့အချိန်တွေ ဖြတ်သန်းပြီးနောက်မှာ ရိုမန့်တစ်ဆန်အောင် နေဖို့ဆိုတာ မလွယ်ကြတော့ပါဘူး။

အချိန်တွေ ဘယ်လိုပဲ အတူဖြတ်သန်းကြတယ်ဆိုပေမယ့် ဘာမှ ပြောင်းလဲမှု မရှိဘဲ သင့်ကို ရိုဆန်ဆန် အထိမ်းအမှတ်တွေ ပြုလုပ်ပေးတဲ့သူက တကယ့်ကို ခင်ပွန်းကောင်းတစ်ယောက်ပါနော်။

(၂) သင့်အလုပ်ကို တန်ဖိုးထားပေးတယ်

ကိုယ်ဘာလုပ်လဲဆိုတာကို ကိုယ့်ချစ်သူ မသိရတာက တကယ့်ကို စိတ်ထဲ အဆင်မပြေရတဲ့ အချက် တစ်ချက်ပါပဲ။ ခင်ပွန်းကောင်း ပီသသူတွေကတော့ ကိုယ့်ချစ်သူရဲ့ အလုပ်နဲ့ ဂုဏ်တွေကို သိထားကြပါတယ်။

ဒါ့အပြင် သူ့အလုပ်နဲ့ ပတ်သတ်တဲ့ တန်ဖိုးထားမှုတွေလည်း ပေးထားလေ့ ရှိပါတယ်။ သူ့အလုပ်အတွက် ဘဝအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို အားပေးထောက်ပံ့ပေးတတ်ကြပါတယ်။

(၃) သင့်ကို နားထောင်ပေးတယ်

ချစ်သူဆိုတာ သွေးသားမတော်စပ်တဲ့ ကိုယ့်ရဲ့ မိသားစုလည်း ဖြစ်သလို၊ သူငယ်ချင်းလည်း ဖြစ်သလို၊ ဘဝအဖော်လည်း ဖြစ်နေပါတယ်။

သင့်ရဲ့ အခက်အခဲတွေ၊ စိတ်ပင်ပန်းမှုတွေအပြင် ပျော်ရွှင်မှုတွေကိုလည်း ကူပြီး ခံစားပေးတဲ့သူက သင့်ရဲ့ ချစ်သူကောင်းလည်း ဖြစ်သလို ခင်ပွန်းကောင်းလက္ခဏာနဲ့ ညီတဲ့သူလည်း ဖြစ်နေပါတယ်နော်။

(၄) တာဝန်ယူတတ်တယ်

ခင်ပွန်းကောင်းပီသတဲ့သူတွေကတော့ တကယ့်ကို မိသားစုအတွက် ချစ်သူအတွက် တွေးပေးကြသူတွေ ဖြစ်ပါတယ်။

ဘဝကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ပြီး ချစ်သူနဲ့ အဆင်ပြေပြေနေဖို့က ကိုယ့်တာဝန်လည်း ဖြစ်တယ်လို့ တွေးပြီး ကြိုးစားနေတတ်ကြပါတယ်။ မိသားစု လိုအပ်ချက်တွေကိုလည်း ဂရုတစိုက် ကြည့်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။

(၅) သစ္စာရှိတယ်

သစ္စာရှိတာထက် ဘာကမှ ဆွဲဆောင်မှု ရှိမနေပါဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာ တွေးပြီး တခြားသော မိန်းကလေးတွေကို ခေါင်းထဲထည့်ဖို့ မလုပ်တတ်တဲ့သူတွေကတော့ တကယ့်ကို မိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးတဲ့သူလည်း ဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေက သိပ်ကို ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းပီသူတွေပဲ ဖြစ်ပါတယ်။

Kham