












ပိုရင်နာမိလေပါပဲ



Unicode

မေ့သင့်တာကို မေ့လိုက်ပါ

ဆုံတွေ့ခွင့်ရှိတိုင်း ရေစက်ပါလို့ မထင်နဲ့ ဝဋ်ကြွေးတွေ ရှိရင်လည်း ဆုံရတတ်တယ်

ဘဝမှာ လမ်းခွဲသွားတိုင်းလည်း မချစ်နိုင်လို့တော့ မဟုတ်ဘူး တစ်ခါတလေ

မဖြစ်နိုင်တော့တဲ့ အခြေနေကြောင့်လည်း ရှိတယ်

အကြင်နာ မေတ္တာတရားရှိရင် အရင်းနှီးဆုံး ဆွေမျိုးတွေဖြစ်နိုင်သလို

မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် အခြေအနေမျိုးမှာ

ချစ်သူဆိုတာလည်း ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက် ဖြစ်သွားနိုင်တယ်

ခံစားချက်ကို ဦးစားပေးလွန်းရင် လက်တွေ့ဘဝဟာ အဓိပ္ပါယ်မဲ့လာတတ်တယ်

ဒါကြောင့်… ခံစားချက်တိုင်းကို အလိုမလိုက်သင့်ဘူး လူတစ်ယောက်ရဲ့

ခံစားမှုဆိုတာ သူနဲ့ အသက်အရွယ် အသိဉာဏ်နဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့

ရင့်ကျက်ပြောင်းလဲ စမြဲပဲ ဝေတနာတွေကို အချိန်အကြာကြီး မျိုသိပ်မထားပါနဲ့

မေ့သင့်တာကို မေ့ပစ်လိုက်ပါ ဘဝမှာ တစ်ချို့ကိစ္စတွေက ပြန်တွေးမိလေ

ပိုရင်နာမိလေပါပဲ

#စာပေချစ်သူများအားလုံးကို_အစဉ်လေးစားလျှက်ပါ

အရှင်ဇဝန(ရွှေလင်းယုန်)

Credit#