သူေတာ္ေကာင္းဟန္ေဆာင္ထားတဲ့ စိတ္ပုပ္သူမွန္း သိသာတဲ့ လကၡဏာ (၅) မ်ိဳး

သူေတာ္ေကာင္းဟန္ေဆာင္ထားတဲ့ စိတ္ပုပ္သူမွန္း သိသာတဲ့ လကၡဏာ (၅) မ်ိဳး

သိုးေရျခံဳထားတဲ့ဝံပုေလြေတြဟာ ေနရာတိုင္းမွာ ရွိေနႏိုင္ပါတယ္။ မိသားစုထဲမွာ၊ လုပ္ေဖာ္ကိုင္ဖက္ထဲမွာ၊ အေပါင္းအသင္းထဲမွာ စသျဖင့္ ကိုယ္က်င္လည္တဲ့ ပတ္ဝန္းက်င္တိုင္းမွာ ရွိေနႏိုင္ပါတယ္။

သူေတာ္ေကာင္း ဟန္ေဆာင္ထားတဲ့ အတြင္းစိတ္ပုပ္သူေတြဆိုတာ ဘယ္ေလာက္ပဲ ဟန္ေဆာင္ေကာင္းေကာင္း ဖံုးမရေအာင္ ေပၚလာတတ္ၾကပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သူေတာ္ေကာင္း ဟန္ေဆာင္ထားတဲ့ စိတ္ပုပ္သူမွန္း သိသာတဲ့ လကၡဏာေတြပဲျဖစ္ပါတယ္။

(၁) နာမည္ေကာင္းဝင္ယူတတ္တယ္

ဟန္ေဆာင္ေကာင္းျပီး အတြင္းစိတ္ပုပ္တဲ့သူေတြဆိုတာ သူတစ္ပါးလုပ္ျပီးသားအရာတစ္ခုခုမွာ နာမည္ေကာင္း ဝင္ဝင္ယူတတ္တဲ့သူေတြပါ။

ပင္ပန္းဖုိ႔ဆိုေခါင္းေရွာင္ေကာင္းသေလာက္၊ နာမည္ေကာင္းရျပီဆိုတာနဲ႔ ကိုယ့္ဂုဏ္ကိုယ္ေဖာ္ျပီး နာမည္ေကာင္းဝင္ယူလိုက္ရမွ ေက်နပ္တတ္တဲ့သူေတြပါ။ မသိရင္ သူတို႔ပဲ အပင္ပန္းဆံုးဆိုတဲ့ အခ်ိဳးမ်ိဳးသိပ္ခ်ိဳးတတ္တဲ့သူေတြပါ။

(၂) သရုပ္မွန္ေပၚလာတတ္တယ္

လူတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ဟန္ေဆာင္ေကာင္းေကာင္း ဇာတိသရုပ္မွန္ကို ၾကာၾကာဖံုးကြယ္မထားႏိုင္ပါဘူး။

အခက္အခဲတစ္ခုခု၊ ျပသနာတစ္ခုခု ျဖစ္လာတဲ့အခါမွာ သူ႔ရဲ႕ သရုပ္မွန္က ေပၚလာတတ္ပါတယ္။ လံုးဝထင္မွတ္မထားေလာက္ေအာင္ကို ေကာက္က်စ္ယုတ္မာတဲ့ သရုပ္မွန္ေတြကို ေနာက္မွသိရျပီး ေအာ့ႏွလံုးနာရတတ္ပါတယ္။

(၃) သူတစ္ပါးကိုသိမ္ငယ္ေအာင္လုပ္တယ္

ဒီလိုလူေတြဟာ သူတစ္ပါးရဲ႕စိတ္ခံစားခ်က္ေတြကို သိမ္ငယ္ေအာင္လုပ္တတ္တဲ့သူေတြပါ။ စကားေျပာရင္လည္း တစ္ဖက္သားကို ေစာင္းေျမာင္းေျပာဆိုတာ၊ တစ္ဖက္သားရဲ႕ အားနည္းခ်က္ကို နင္းေျချပီး ေျပာတတ္တဲ့သူေတြပါ။
ကိုယ့္ေၾကာင့္တစ္ဖက္သား ဘယ္လိုခံစားသြားရမလဲဆိုတာ မစဥ္းစားတာမဟုတ္ပါဘူး၊ တမင္ကို နာက်င္ေအာင္ ေျပာဆိုလုပ္ကိုင္လိုက္ရမွ ေက်နပ္တဲ့သူေတြပါ။

(၄) အရင္ရင္းႏွီးေအာင္လုပ္တယ္

ဒီလိုလူေတြဟာ ေပါင္းသင္းဆက္ဆံေရးလည္း အရမး္ေတာ္ပါတယ္။ လိုခ်င္တာရွိျပီဆိုရင္ ဖားတတ္သေလာက္၊ မလိုေတာ့တဲ့အခါမွာလည္း ေတာက္ခ်ဖို႔ဝန္ေလးမယ့္သူေတြ မဟုတ္ပါဘူး။

ကိုယ့္ထက္သာရင္ အတင္းလိုက္ကပ္၊ အားနည္းခ်က္ေတြကိုရွာျပီး အတင္းၾကိတ္ျပိဳင္၊ အခ်ိန္ေကာင္းရတာနဲ႔ အဲ့ဒီ့လူရဲ႕မာနေတြကို နင္းေျချပီး သူ႔ထက္သာျပီဆိုတာနဲ႔ အဲ့ဒီ့လူကုိ ေတာက္ခ်ပစ္လိုက္မွာပါ။

(၅) ဗေလာင္းဗလဲေတြေျပာတတ္တယ္

ဒီလိုလူေတြဟာ စကားေျပာရင္လည္း ဗေလာင္းဗလဲအရမး္ေျပာတတ္တဲ့သူေတြပါ။ ျပသနာတစ္ခုျဖစ္ျပီဆုိရင္ ကုိယ့္အျပစ္လြတ္ျပီး သူမ်ားအျပစ္ၾကီးေအာင္ အရမး္ေျပာတတ္တဲ့သူေတြျဖစ္ပါတယ္။

သူ႔ကိုလူေတြယံုေအာင္၊ သနားေအာင္ ကုိယ့္ဂုဏ္ကိုယ္ေဖာ္တဲ့ စကားေတြအျမဲလိုလိုေျပာတတ္တဲ့သူေတြပါ။

Em Em

Unicode

သူတော်ကောင်းဟန်ဆောင်ထားတဲ့ စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာ (၅) မျိုး

သိုးရေခြုံထားတဲ့ဝံပုလွေတွေဟာ နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။ မိသားစုထဲမှာ၊ လုပ်ဖော်ကိုင်ဖက်ထဲမှာ၊ အပေါင်းအသင်းထဲမှာ စသဖြင့် ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိနေနိုင်ပါတယ်။

သူတော်ကောင်း ဟန်ဆောင်ထားတဲ့ အတွင်းစိတ်ပုပ်သူတွေဆိုတာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဖုံးမရအောင် ပေါ်လာတတ်ကြပါတယ်။ ခုဖော်ပြပေးမှာကတော့ သူတော်ကောင်း ဟန်ဆောင်ထားတဲ့ စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

(၁) နာမည်ကောင်းဝင်ယူတတ်တယ်

ဟန်ဆောင်ကောင်းပြီး အတွင်းစိတ်ပုပ်တဲ့သူတွေဆိုတာ သူတစ်ပါးလုပ်ပြီးသားအရာတစ်ခုခုမှာ နာမည်ကောင်း ဝင်ဝင်ယူတတ်တဲ့သူတွေပါ။

ပင်ပန်းဖို့ဆိုခေါင်းရှောင်ကောင်းသလောက်၊ နာမည်ကောင်းရပြီဆိုတာနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး နာမည်ကောင်းဝင်ယူလိုက်ရမှ ကျေနပ်တတ်တဲ့သူတွေပါ။ မသိရင် သူတို့ပဲ အပင်ပန်းဆုံးဆိုတဲ့ အချိုးမျိုးသိပ်ချိုးတတ်တဲ့သူတွေပါ။

(၂) သရုပ်မှန်ပေါ်လာတတ်တယ်

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဇာတိသရုပ်မှန်ကို ကြာကြာဖုံးကွယ်မထားနိုင်ပါဘူး။

အခက်အခဲတစ်ခုခု၊ ပြသနာတစ်ခုခု ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ သရုပ်မှန်က ပေါ်လာတတ်ပါတယ်။ လုံးဝထင်မှတ်မထားလောက်အောင်ကို ကောက်ကျစ်ယုတ်မာတဲ့ သရုပ်မှန်တွေကို နောက်မှသိရပြီး အော့နှလုံးနာရတတ်ပါတယ်။

(၃) သူတစ်ပါးကိုသိမ်ငယ်အောင်လုပ်တယ်

ဒီလိုလူတွေဟာ သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို သိမ်ငယ်အောင်လုပ်တတ်တဲ့သူတွေပါ။ စကားပြောရင်လည်း တစ်ဖက်သားကို စောင်းမြောင်းပြောဆိုတာ၊ တစ်ဖက်သားရဲ့ အားနည်းချက်ကို နင်းခြေပြီး ပြောတတ်တဲ့သူတွေပါ။
ကိုယ့်ကြောင့်တစ်ဖက်သား ဘယ်လိုခံစားသွားရမလဲဆိုတာ မစဉ်းစားတာမဟုတ်ပါဘူး၊ တမင်ကို နာကျင်အောင် ပြောဆိုလုပ်ကိုင်လိုက်ရမှ ကျေနပ်တဲ့သူတွေပါ။

(၄) အရင်ရင်းနှီးအောင်လုပ်တယ်

ဒီလိုလူတွေဟာ ပေါင်းသင်းဆက်ဆံရေးလည်း အရမး်တော်ပါတယ်။ လိုချင်တာရှိပြီဆိုရင် ဖားတတ်သလောက်၊ မလိုတော့တဲ့အခါမှာလည်း တောက်ချဖို့ဝန်လေးမယ့်သူတွေ မဟုတ်ပါဘူး။

ကိုယ့်ထက်သာရင် အတင်းလိုက်ကပ်၊ အားနည်းချက်တွေကိုရှာပြီး အတင်းကြိတ်ပြိုင်၊ အချိန်ကောင်းရတာနဲ့ အဲ့ဒီ့လူရဲ့မာနတွေကို နင်းခြေပြီး သူ့ထက်သာပြီဆိုတာနဲ့ အဲ့ဒီ့လူကို တောက်ချပစ်လိုက်မှာပါ။

(၅) ဗလောင်းဗလဲတွေပြောတတ်တယ်

ဒီလိုလူတွေဟာ စကားပြောရင်လည်း ဗလောင်းဗလဲအရမး်ပြောတတ်တဲ့သူတွေပါ။ ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကိုယ့်အပြစ်လွတ်ပြီး သူများအပြစ်ကြီးအောင် အရမး်ပြောတတ်တဲ့သူတွေဖြစ်ပါတယ်။

သူ့ကိုလူတွေယုံအောင်၊ သနားအောင် ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ စကားတွေအမြဲလိုလိုပြောတတ်တဲ့သူတွေပါ။


Em Em