ေက်းဇူးျပဳၿပီးေတာ့ စာနာပါ တစ္ဘဝစာမွ မဟုတ္ရင္ ခ်စ္တယ္ဆိုတဲ့စကားကို မေျပာလိုက္ပါနဲ႔

ေက်းဇူးျပဳၿပီးေတာ့ စာနာပါ တစ္ဘဝစာမွ မဟုတ္ရင္ ခ်စ္တယ္ဆိုတဲ့စကားကို မေျပာလိုက္ပါနဲ႔

အခ်စ္ေၾကာင့္ ဘဝေတြပါ ပ်က္သြားတယ္ တဲ့

အစက ရယ္မိတယ္ ဘာလို႔ ဒီေလာက္ တုံးအရတာလဲေပါ့

ၿပီးေတာ့မွ စာနာမိတယ္ သူ ဘယ္ေလာက္မ်ား ေမွ်ာ္လင့္ခဲ့မိသလဲေပါ့

ေက်းဇူးျပဳၿပီးေတာ့ ေပ်ာ္ေစပ်က္ေစဆိုရင္ တစ္ဖက္လူရဲ႕ႏွလုံးသားကို မကစားပါနဲ႔

ကိုယ့္ဘက္က ဘာရယ္မဟုတ္ေပမယ့္ တစ္ဖက္မွာ ေမွ်ာ္လင့္ခ်က္ေတြ ဆက္ၿပီး ႐ွင္သန္ဖို႔ခက္ခဲတယ္

တခ်ိဳ႕ အနာဂတ္ေတြအတြက္ ႀကိဳေတြးၿပီး စိတ္ကူးယဥ္ေနတဲ့ လူေတြအတြက္

အနာဂတ္ေတြ ေပ်ာက္တတ္သလို လမ္းေတြလဲ ေပ်ာက္တတ္ပါတယ္

ခ်စ္တယ္ ဆိုတဲ့စကားဟာ အမ်ားႀကီးဆိုတာထက္ ပိုၿပီး ေလးနက္တတ္ပါတယ္

ေပးဆပ္ၿပီးခ်စ္တတ္တဲ့သူအေပၚ အရမ္းႀကီး အႏိုင္မယူနဲ႔ တစ္ေန႔ေန႔ သူ႕တန္ဖိုးသိလာတဲ့အခါ ကိုယ္က သူနဲ႔ မဆုံႏိုင္ေအာင္ ေဝးေနတာမ်ိဳး ျဖစ္ေနတတ္တယ္

ကိုယ့္အေပၚ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုတစ္စိုက္ခ်စ္တတ္တဲ့သူကို

ေက်းဇူးျပဳၿပီးေတာ့ ျပန္ၾကင္နာဖို႔ မေမ့ပါနဲ႔ စိတ္ကုန္သြားတဲ့အခါ မင္းဘာႀကီးပဲ ျဖစ္ေနျဖစ္ေန ျပန္လွည့္မၾကည့္ေတာ့မွာ စိုးတယ္

အခ်စ္မွာ အတတ္ႏိုင္ဆုံး႐ိုးသားပါ ပြင့္လင္းပါ တကယ္မခ်စ္ႏိုင္ပါပဲနဲ႔ေတာ့

ခ်စ္တယ္ဆိုတဲ့စကားကို အေပ်ာ္သေဘာပဲျဖစ္ျဖစ္ မေျပာနဲ႔

တခ်ိဳ႕ အခ်စ္ေတြက ဘဝေတြပါ ရင္းထားတတ္တယ္ေလ

ဘဝေတြ ေမွ်ာ္လင့္ခ်က္ေတြ ၿပီးေတာ့ အနာဂတ္ေတြပါ စိတ္ကူးထိုင္ယဥ္ေနတတ္တဲ့

အစြဲအလန္းႀကီးတတ္တဲ့ ေကာင္မေလးတစ္ေယာက္ အခ်စ္ကို သိပ္ေၾကာက္သြားခဲ့ဖူးသလိုမ်ိဳး ေနာက္ထပ္ ဘယ္သူ႕ကိုမွ ထပ္မျဖစ္ေစခ်င္ေတာ့ဘူး ။

ေက်းဇူးျပဳၿပီးေတာ့ စာနာပါ တစ္ဘဝစာမွ မဟုတ္ရင္ ခ်စ္တယ္ဆိုတဲ့စကားကို မေျပာလိုက္ပါနဲ႔ ။

Credit-Zuu

Unicode

ကျေးဇူးပြုပြီးတော့ စာနာပါ တစ်ဘဝစာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့

အချစ်ကြောင့် ဘဝတွေပါ ပျက်သွားတယ် တဲ့

အစက ရယ်မိတယ် ဘာလို့ ဒီလောက် တုံးအရတာလဲပေါ့

ပြီးတော့မှ စာနာမိတယ် သူ ဘယ်လောက်များ မျှော်လင့်ခဲ့မိသလဲပေါ့

ကျေးဇူးပြုပြီးတော့ ပျော်စေပျက်စေဆိုရင် တစ်ဖက်လူရဲ့နှလုံးသားကို မကစားပါနဲ့

ကိုယ့်ဘက်က ဘာရယ်မဟုတ်ပေမယ့် တစ်ဖက်မှာ မျှော်လင့်ချက်တွေ ဆက်ပြီး ရှင်သန်ဖို့ခက်ခဲတယ်

တချို့ အနာဂတ်တွေအတွက် ကြိုတွေးပြီး စိတ်ကူးယဉ်နေတဲ့ လူတွေအတွက်

အနာဂတ်တွေ ပျောက်တတ်သလို လမ်းတွေလဲ ပျောက်တတ်ပါတယ်

ချစ်တယ် ဆိုတဲ့စကားဟာ အများကြီးဆိုတာထက် ပိုပြီး လေးနက်တတ်ပါတယ်

ပေးဆပ်ပြီးချစ်တတ်တဲ့သူအပေါ် အရမ်းကြီး အနိုင်မယူနဲ့ တစ်နေ့နေ့ သူ့တန်ဖိုးသိလာတဲ့အခါ ကိုယ်က သူနဲ့ မဆုံနိုင်အောင် ဝေးနေတာမျိုး ဖြစ်နေတတ်တယ်

ကိုယ့်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုတစ်စိုက်ချစ်တတ်တဲ့သူကို

ကျေးဇူးပြုပြီးတော့ ပြန်ကြင်နာဖို့ မမေ့ပါနဲ့ စိတ်ကုန်သွားတဲ့အခါ မင်းဘာကြီးပဲ ဖြစ်နေဖြစ်နေ ပြန်လှည့်မကြည့်တော့မှာ စိုးတယ်

အချစ်မှာ အတတ်နိုင်ဆုံးရိုးသားပါ ပွင့်လင်းပါ တကယ်မချစ်နိုင်ပါပဲနဲ့တော့

ချစ်တယ်ဆိုတဲ့စကားကို အပျော်သဘောပဲဖြစ်ဖြစ် မပြောနဲ့

တချို့ အချစ်တွေက ဘဝတွေပါ ရင်းထားတတ်တယ်လေ

ဘဝတွေ မျှော်လင့်ချက်တွေ ပြီးတော့ အနာဂတ်တွေပါ စိတ်ကူးထိုင်ယဉ်နေတတ်တဲ့

အစွဲအလန်းကြီးတတ်တဲ့ ကောင်မလေးတစ်ယောက် အချစ်ကို သိပ်ကြောက်သွားခဲ့ဖူးသလိုမျိုး နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ဘူး ။

ကျေးဇူးပြုပြီးတော့ စာနာပါ တစ်ဘဝစာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့ ။

Credit-Zuu