လူေတြေျပာတဲ့အိမ္ေထာင္ေရးနဲ႔ လက္ေတြ႕အိမ္ေထာင္ေရး

လူေတြေျပာတဲ့အိမ္ေထာင္ေရးနဲ႔ လက္ေတြ႕အိမ္ေထာင္ေရး

လူေတာ္ေတာ္မ်ားမ်ားေမးၾကပါတယ္ အိမ္ေထာင္ျပဳတာေကာင္းလား မေကာင္းဘူးလားတဲ့

အေျဖကလည္းအမ်ိဳးမ်ိဳးပဲေကာင္းတယ္လို႔ေျပာတဲ့လူ႐ွိတယ္ မေကာင္းဘူးေျပာတဲ့လူ႐ွိတယ္

အေျဖကဘာလို႔ကြာသြားလဲအိမ္ေထာင္က်ၿပီးအဆင္ေျပေနတဲ့လူကေတာ့ ေကာင္းတယ္လို႔ေျပာမွာေပါ့

အဆင္မေျပျဖစ္ေနတဲ့လူေတြကေတာ့ မေကာင္းဘူးပဲေျပာမွာေပါ့သူတို႔ရဲ႕တူညီတဲ့အခ်က္ကေတာ့ အဆင္ေျပမယ္ ေကာင္းမယ္ထင္လို႔ အိမ္ေထာင္ျပဳတဲ့ လူေတြခ်ည္းပါပဲ

အမွန္ေတာ့အိမ္ေထာင္ေရးမွာအဆင္ေျပမႈေတြေရာ အဆင္မေျပမႈေတြပါ ႐ွိေနပါတယ္အဲဒါေတြကိုထိန္းညႇိၿပီး ေျပလည္ေအာင္ ေနထိုင္သြားရတာက အိမ္ေထာင္ေရးပါပဲအဆင္မေျပမႈကပိုမ်ားေနတဲ့အိမ္ေထာင္ေရးဆိုရင္ မေကာင္းဘူးေပါ့

အဆင္ေျပမႈေတြကပိုမ်ားေနရင္ ေကာင္းတဲ့အိမ္ေထာင္ေရးလို႔ဆိုႏိုင္တာေပါ့ဒီေတာ့ အဆင္ေျပတယ္ မေျပဘူးဆိုတာ ကံတရားနဲ႔ဆိုင္သလို ကာယကံ႐ွင္ႏွစ္ေယာက္အေပၚမွာလည္း မူတည္ေနပါတယ္

အိမ္ေထာင္ေရးမွာ ေငြေၾကးဆိုတာလည္း က႑တစ္ခုအေနနဲ႔ပါဝင္သလိုနားလည္မႈ သစၥာ႐ွိမႈ ယုံၾကည္မႈ အနစ္နာခံမႈ စတာေတြလည္းအေရးႀကီးပါတယ္ၿပီးျပည့္စုံတဲ့ အိမ္ေထာင္ေရးကိုေမွ်ာ္လင့္ေနရင္ေတာ့ ပင္ပန္းတာပဲ႐ွိမယ္ ျဖစ္မလာႏိုင္ပါဘူး

ဘယ္အရာမွ ၿပီးျပည့္စုံတယ္ဆိုတာ မ႐ွိပါဘူးေပ်ာ္႐ႊင္ဖြယ္အိမ္ေထာင္ေရးျဖစ္ေအာင္ေတာ့ႀကိဳးစားလို႔ရႏိုင္ပါတယ္

(အခ်စ္ဆိုတာကိုထည့္မေျပာခဲ့တာက ေျပာင္းလဲတတ္တဲ့စိတ္ခံစားမႈတစ္ခုျဖစ္ေနတာရယ္တစ္ခ်ိဳ႕ အခ်စ္နဲ႔ အိမ္ေထာင္ေရးတစ္ထပ္တည္း မက်တဲ့သူေတြအတြက္လည္း ရည္႐ြယ္ထားလို႔ပါ အခ်စ္ဆိုတာပါႏိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္)

အားလုံးက်မ္းမာသုချပည့္စုံတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ႏိုင္ပါေစ …

Unicode

လူတွေပြောတဲ့အိမ်ထောင်ရေးနဲ့ လက်တွေ့အိမ်ထောင်ရေး

လူတော်တော်များများမေးကြပါတယ် အိမ်ထောင်ပြုတာကောင်းလား မကောင်းဘူးလားတဲ့

အဖြေကလည်းအမျိုးမျိုးပဲကောင်းတယ်လို့ပြောတဲ့လူရှိတယ် မကောင်းဘူးပြောတဲ့လူရှိတယ်

အဖြေကဘာလို့ကွာသွားလဲအိမ်ထောင်ကျပြီးအဆင်ပြေနေတဲ့လူကတော့ ကောင်းတယ်လို့ပြောမှာပေါ့

အဆင်မပြေဖြစ်နေတဲ့လူတွေကတော့ မကောင်းဘူးပဲပြောမှာပေါ့သူတို့ရဲ့တူညီတဲ့အချက်ကတော့ အဆင်ပြေမယ် ကောင်းမယ်ထင်လို့ အိမ်ထောင်ပြုတဲ့ လူတွေချည်းပါပဲ

အမှန်တော့အိမ်ထောင်ရေးမှာအဆင်ပြေမှုတွေရော အဆင်မပြေမှုတွေပါ ရှိနေပါတယ်အဲဒါတွေကိုထိန်းညှိပြီး ပြေလည်အောင် နေထိုင်သွားရတာက အိမ်ထောင်ရေးပါပဲအဆင်မပြေမှုကပိုများနေတဲ့အိမ်ထောင်ရေးဆိုရင် မကောင်းဘူးပေါ့

အဆင်ပြေမှုတွေကပိုများနေရင် ကောင်းတဲ့အိမ်ထောင်ရေးလို့ဆိုနိုင်တာပေါ့ဒီတော့ အဆင်ပြေတယ် မပြေဘူးဆိုတာ ကံတရားနဲ့ဆိုင်သလို ကာယကံရှင်နှစ်ယောက်အပေါ်မှာလည်း မူတည်နေပါတယ်

အိမ်ထောင်ရေးမှာ ငွေကြေးဆိုတာလည်း ကဏ္ဍတစ်ခုအနေနဲ့ပါဝင်သလိုနားလည်မှု သစ္စာရှိမှု ယုံကြည်မှု အနစ်နာခံမှု စတာတွေလည်းအရေးကြီးပါတယ်ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကိုမျှော်လင့်နေရင်တော့ ပင်ပန်းတာပဲရှိမယ် ဖြစ်မလာနိုင်ပါဘူး

ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူးပျော်ရွှင်ဖွယ်အိမ်ထောင်ရေးဖြစ်အောင်တော့ကြိုးစားလို့ရနိုင်ပါတယ်

(အချစ်ဆိုတာကိုထည့်မပြောခဲ့တာက ပြောင်းလဲတတ်တဲ့စိတ်ခံစားမှုတစ်ခုဖြစ်နေတာရယ်တစ်ချို့ အချစ်နဲ့ အိမ်ထောင်ရေးတစ်ထပ်တည်း မကျတဲ့သူတွေအတွက်လည်း ရည်ရွယ်ထားလို့ပါ အချစ်ဆိုတာပါနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်)

အားလုံးကျမ်းမာသုခပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေ