ဘယ်လိုအရာတွေကို မတောင်းဆိုသင့်ဘူးလဲ ဆိုရင်တော့…
အချိန်
ဂရုစိုက်မှု
မေတ္တာ
အလေးထားမှု
ကိုယ်ချင်းစာတရား
Unicode
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်သူ့ဆီကမှ မတောင်းဆိုသင့်တဲ့ အရာ(၅)မျိုး
လောကကြီးမှာ မတောင်းဆိုပဲ အလ်ိုလိုရတဲ့ အရာတွေရှိသလို တောင်းဆိုမှရတဲ့ အရာတွေလဲ ရှိကြပါတယ်။ တစ်ချို့အရာတွေကတော့ တောင်းဆိုမှ ရတာက ပိုပြီးနာကျင်စေတဲ့ အရာလေးတွေဖြစ်နေတက်ပါတယ်။
ဘယ်လိုအရာတွေကို မတောင်းဆိုသင့်ဘူးလဲ ဆ်ိုရင်တော့…
အချိန်
ကိုယ့်အတွက် အချိန်ပေးချင်တဲ့သူက မအားရင်တောင် ရရင်ရသလို အချိန်တွေပေးနေမှာပါပဲ။ မပေးချင်တဲ့သူကတော့ ထမင်းစားရေသောက်ပဲ လုပ်နေရင်တောင် မအားဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်ပေးဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ကိုယ်တောင်းဆိုမှ ပေးတဲ့ အချိန်တွေက တန်ဖိုးမရှိတဲ့အချိန်တွေလို့ သတ်မှတ်လို့ရပါတယ်။
ဂရုစိုက်မှု
မတောင်းဆိုပဲ အလိုလိုရတဲက အရာလဲ ဖြစ်သလို တောင်းဆိုမှ ရလာတက်တဲ့ အရာလဲ ဖြစ်ပါတယ်။ ဂရုမစိုက်ချင်တဲ့သူက ကိုယ်အကြီးအကျယ်တစ်ခုခုဖြစ်နေရင်တောင် အေးဆေးပဲ ဖြစ်နေမှာမို့ အတင်းတွေ ဂရုစိုက်ပေးဖို့ မတောင်းဆိုသင့်ပါဘူး။
မေတ္တာ
မိသားစုတွေ အပေါင်းအသင်းတွေ ဆိုက တောင်းစရာမလိုပဲ ရနေတဲ့အရာတစ်ခုက သူစိမ်းတစ်ယောက်ဆီက တောင်းမှ ရနေတယ် ဆိုရင်တော့ အဆင်မပြေပါဘူး။ ကိုယ့်ကိုမေတ္တာ ပေးချင်တဲ့သူက ကိုယ်မလိုချင်ဘူးဆိုရင်တောင် ပေးနေမှာဖြစ်သလို မပေးချင်တဲ့သူကလဲ ဓားမိုးပြီးတောင်းနေရင်တောင် ပေးမှာမဟုတ်ပါဘူး။
အလေးထားမှု
ကိုယ်တကယ်အလေးထားချင်ရင် ကိုယ်ဖုန်းကိုတောင် အထိအခိုက်မခံနိုင်ကြဘူးလေ။ အလေးမထားချင်တဲ့ သူကတော့ ဘာဖြစ်ဖြစ် ဘယ်လို ထိခိုက်နေနေ အလေးထားမှာ မဟုတ်ပါဘူး။ ကိုယ်ကအလေးထားဖို့ တောင်းဆိုနေလို့ အလေးထားပေးနေတာကလဲ စိတ်ထဲကပါတာ မဟုတ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။
ကိုယ်ချင်းစာတရား
လူတွေက ကိုယ်ချင်းစားပါလို့ ပြောနေပြီး ကိုယ်တိုင် ကိုယ်ချင်းမစာတက်တဲ့ သူတွေ အများကြီးပါ။ ဒါကလုပ်ယူလို့လဲ မရသလို တောင်းဆိုလို့လဲ မရပါဘူး။ ကိုယ်ချင်းစာတက်တဲ့ သူကတော့ အသေးအဖွဲ့လေးတောင် ကိုယ်ချင်းစာမှာပါပဲ။ ကိုယ့်လုပ်ရက်ကြောင့် ဘယ်သူဘာဖြစ်ဖြစ် ခေါင်းထဲ မရှိတက်တဲ့ သူတွေဆီက ကိုယ်ချင်းစာဖို့ကို ဘယ်တော့မှမတောင်းဆိုမိပါစေနဲ့နော်။