ဒူးနဲ႔ တံေတာင္ဆစ္ေပၚက အမည္းကြက္ေတြကိုဖယ္ရွားနည္း…

ဒူးနဲ႔ တံေတာင္ဆစ္ေပၚက အမည္းကြက္ေတြကိုဖယ္ရွားနည္း…

တံေတာင္ဆစ္ ေနာက္က အမည္းကြက္ ၊ အညိဳကြက္ ေတြေၾကာင့္ အက်ီလက္တို ဝတ္ရာမွာ ေၾကာက္ေနတဲ႔သူေတြ ၊ ဒူးမည္းေနလို႔ စကပ္တို ၊ ေဘာင္းဘီတို ဝတ္ရမွာ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔ အတြက္ နည္းလမ္းေကာင္း ကို ေဖာ္ျပေပးခ်င္ပါတယ္။ အခ်ိန္ကုန္ ၊ ေငြကုန္ သက္သာၿပီး ဒူးမည္း၊တံေတာင္မည္းေနတာေတြကို ဖယ္ ရွားေပး ႏိုင္တဲ့ သဘာဝ နည္းလမ္းေတြ ရွိပါတယ္ေနာ္ ။ အဲ့ဒါေတြကေတာ့…

( ၁ ) အုန္းဆီ”

အုန္းဆီဟာ ဒီလို အမည္းကြက္ေတြကို ဖယ္ရွား ေပးႏိုင္တဲ့ သဘာဝ နည္းလမ္းပါ။ သူ႔မွာ ဆိုရင္ ဗီတာမင္အီး ပါတဲ့ အတြက္ အေရျပားကို ပိုေတာက္ပ ေစသလို ၊ ေျခာက္ေသြ႕တာနဲ႔ ေရဓါတ္ ခမ္းေျခာက္တာေတြကို သက္သာ ေစႏိုင္ပါတယ္။ ပ်က္ စီးေနတဲ့ အသားအေရ ကိုလည္း ျပန္ကုစား ေပးႏိုင္ပါတယ္။ ေရခ်ိဳးၿပီးတိုင္းမွာ မည္းေနတဲ့ ဒူးဆစ္၊ တံေတာင္ဆစ္ေနရာကို အုန္းဆီ လိမ္းၿပီး တစ္မိနစ္ ၊ ႏွစ္မိ နစ္ေလာက္ ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ပိုထိေရာက္တဲ့ နည္းကေတာ့ အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ သံပ႐ိုရည္ ဇြန္းဝက္ကို ေရာၿပီး မည္းေနတဲ့ ေနရာေပၚမွာ လိမ္းေပးပါ။ ( ၁၅ ) မိနစ္ေလာက္ ၾကာေအာင္ ထားၿပီးရင္ တစ္ရႉးနဲ႔ သုတ္ ပစ္ လိုက္ပါ ။ ေန႔စဥ္ လုပ္ေပးျခင္း အားျဖင့္ မည္းေနတာေတြ သက္သာေပ်ာက္ ကင္းသြားပါလိမ႔္မယ္ …။

( ၂ ) သံပ႐ို”

သံပ႐ိုရည္ကို မည္းေနတဲ့ ေနရာ အေပၚ လိမ္းေပးၿပီး မိနစ္( ၂၀ ) ၾကာေအာင္ ထား ပါ။ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေရေဆးခ်ပါ။ ေရစင္ေအာင္ သုတ္ေပးၿပီးရင္ Lotion လိမ္းေပးပါ …။

( ၃ ) ဒိန္ခ်ဥ္”

ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း နဲ႔ အျဖဴေရာင္ ရွာလကာရည္ကို ေရာၿပီး လိမ္းေပးပါ ။ၿပီးရင္ေတာ့ ေရေႏြးနဲ႔ေဆးခ်ပါ ။ ေရေျခာက္ေအာင္ သုတ္ေပးၿပီးရင္ေတာ့ Lotion ဒါမွမဟုတ္ moisturizer လိမ္းေပးပါ။ ေန႔စဥ္ျပဳ လုပ္ေပးရင္ေတာ့ တစ္လအတြင္း သိသိသာသာ အက်ိဳးထူးေစမွာပဲ ျဖစ္ပါတယ္ …။

( ၄ ) သၾကား”

 

သၾကားနဲ႔သံလြင္ဆီ လိုပါတယ္။ၿပီးရင္ေတာ့ ေရာၿပီးပ်စ္ေနေအာင္ေမႊပါ။ၿပီးရင္ေ တာ့ လိမ္းေပးပါ။လိမ္းတဲ့ေနရာမွာလည္း လက္ေခ်ာင္းကိုသုံးၿပီး စက္ဝိုင္းပုံစံမ်ိဳး လွည့္ၿပီး လိမ္းေပးရမွာပါ။ ငါးမိနစ္ေလာက္ ၾကာရင္ေတာ့ ေရေႏြးေႏြးနဲ႔ ေဆးခ်လိုက္ပါ …။

( ၅ ) မုန႔္ဖုတ္ေဆာ္ဒါ”

မုန႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ႏို႔တစ္ဇြန္းကိုေရာပါ။ပ်စ္ေနေအာင္ ေမႊၿပီးရင္ေတာ့ လိမ္းေပးပါ။ႏွစ္မိနစ္သုံးမိနစ္ေလာက္ ၾကာရင္ေတာ့ ေရေဆးခ် ပါ။ ဒီနည္းကိုလည္း ေန႔စဥ္လုပ္ေပးရင္ေတာ့ တစ္လအတြင္းမွာပဲ အမည္း ကြက္ေတြ သိသိသာသာသက္သာေစမွာ ျဖစ္ပါတယ္ …။

( ၆ ) ရွားေစာင္းလက္ပတ္”

ရွားေစာင္းလက္ပတ္ကို လိမ္းေပးရမွာပါ။ မိနစ္(၂၀)ေလာက္ေျခာက္ေအာင္ ထားၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ေပးပါ။ဒီနည္းကိုေတာ့လည္း တစ္ေန႔မွာ တစ္ႀကိမ္(သို႔)ႏွစ္ႀကိမ္ ျပဳလုပ္ေပး႐ုံနဲ႔ တစ္လအတြင္း သိသိသာသာ အက်ိဳးထူးေစမွာပါေနာ္ …။ ။

Credit : homeremedies

Unicode Version ဖြင့်ဖတ်ရန်

ဒူးနဲ့ တံတောင်ဆစ်ပေါ်က အမည်းကွက်တွေကိုဖယ်ရှားနည်း…

တံတောင်ဆစ် နောက်က အမည်းကွက် ၊ အညိုကွက် တွေကြောင့် အကျီလက်တို ဝတ်ရာမှာ ကြောက်နေတဲ့သူတွေ ၊ ဒူးမည်းနေလို့ စကပ်တို ၊ ဘောင်းဘီတို ဝတ်ရမှာ စိတ်ညစ်နေတဲ့ ပျိုမေတို့ အတွက် နည်းလမ်းကောင်း ကို ဖော်ပြပေးချင်ပါတယ်။ အချိန်ကုန် ၊ ငွေကုန် သက်သာပြီး ဒူးမည်း၊တံတောင်မည်းနေတာတွေကို ဖယ် ရှားပေး နိုင်တဲ့ သဘာဝ နည်းလမ်းတွေ ရှိပါတယ်နော် ။ အဲ့ဒါတွေကတော့…

( ၁ ) အုန်းဆီ”

အုန်းဆီဟာ ဒီလို အမည်းကွက်တွေကို ဖယ်ရှား ပေးနိုင်တဲ့ သဘာဝ နည်းလမ်းပါ။ သူ့မှာ ဆိုရင် ဗီတာမင်အီး ပါတဲ့ အတွက် အရေပြားကို ပိုတောက်ပ စေသလို ၊ ခြောက်သွေ့တာနဲ့ ရေဓါတ် ခမ်းခြောက်တာတွေကို သက်သာ စေနိုင်ပါတယ်။ ပျက် စီးနေတဲ့ အသားအရေ ကိုလည်း ပြန်ကုစား ပေးနိုင်ပါတယ်။ ရေချိုးပြီးတိုင်းမှာ မည်းနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်နေရာကို အုန်းဆီ လိမ်းပြီး တစ်မိနစ် ၊ နှစ်မိ နစ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ ပိုထိရောက်တဲ့ နည်းကတော့ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သံပရိုရည် ဇွန်းဝက်ကို ရောပြီး မည်းနေတဲ့ နေရာပေါ်မှာ လိမ်းပေးပါ။ ( ၁၅ ) မိနစ်လောက် ကြာအောင် ထားပြီးရင် တစ်ရှူးနဲ့ သုတ် ပစ် လိုက်ပါ ။ နေ့စဉ် လုပ်ပေးခြင်း အားဖြင့် မည်းနေတာတွေ သက်သာပျောက် ကင်းသွားပါလိမ့်မယ် …။

( ၂ ) သံပရို”

သံပရိုရည်ကို မည်းနေတဲ့ နေရာ အပေါ် လိမ်းပေးပြီး မိနစ်( ၂၀ ) ကြာအောင် ထား ပါ။ပြီးရင်တော့ ရေနွေးလေးနဲ့ ရေဆေးချပါ။ ရေစင်အောင် သုတ်ပေးပြီးရင် Lotion လိမ်းပေးပါ …။

( ၃ ) ဒိန်ချဉ်”

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း နဲ့ အဖြူရောင် ရှာလကာရည်ကို ရောပြီး လိမ်းပေးပါ ။ပြီးရင်တော့ ရေနွေးနဲ့ဆေးချပါ ။ ရေခြောက်အောင် သုတ်ပေးပြီးရင်တော့ Lotion ဒါမှမဟုတ် moisturizer လိမ်းပေးပါ။ နေ့စဉ်ပြု လုပ်ပေးရင်တော့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပဲ ဖြစ်ပါတယ် …။

( ၄ ) သကြား”

သကြားနဲ့သံလွင်ဆီ လိုပါတယ်။ပြီးရင်တော့ ရောပြီးပျစ်နေအောင်မွှေပါ။ပြီးရင်တေ့ လိမ်းပေးပါ။လိမ်းတဲ့နေရာမှာလည်း လက်ချောင်းကိုသုံးပြီး စက်ဝိုင်းပုံစံမျိုး လှည့်ပြီး လိမ်းပေးရမှာပါ။ ငါးမိနစ်လောက် ကြာရင်တော့ ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ …။

( ၅ ) မုန့်ဖုတ်ဆော်ဒါ”

မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နို့တစ်ဇွန်းကိုရောပါ။ပျစ်နေအောင် မွှေပြီးရင်တော့ လိမ်းပေးပါ။နှစ်မိနစ်သုံးမိနစ်လောက် ကြာရင်တော့ ရေဆေးချ ပါ။ ဒီနည်းကိုလည်း နေ့စဉ်လုပ်ပေးရင်တော့ တစ်လအတွင်းမှာပဲ အမည်း ကွက်တွေ သိသိသာသာသက်သာစေမှာ ဖြစ်ပါတယ် …။

( ၆ ) ရှားစောင်းလက်ပတ်”

ရှားစောင်းလက်ပတ်ကို လိမ်းပေးရမှာပါ။ မိနစ်(၂၀)လောက်ခြောက်အောင် ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ဒီနည်းကိုတော့လည်း တစ်နေ့မှာ တစ်ကြိမ်(သို့)နှစ်ကြိမ် ပြုလုပ်ပေးရုံနဲ့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပါနော် …။ ။

Credit : homeremedies