ခ်စ္သူကုိအေ၀းသို႔ တြန္းထုတ္ေနသလုိ ျဖစ္ေစတဲ့ အရာမ်ား…

ခ်စ္သူကုိအေ၀းသို႔ တြန္းထုတ္ေနသလုိ ျဖစ္ေစတဲ့ အရာမ်ား…

ပရိသတ္ႀကီးအေနနဲ႔ ခ်စ္သူနဲ႔ မေ၀းခ်င္ဘူးဆုိရင္ ေအာက္မွာေဖာ္ျပထားတဲ့ အေျခအေနေတြကေန ကင္းေအာင္ေနၾကဖုိ႔ တုိက္တြန္းခ်င္ပါတယ္။ တစ္ခ်ိဳ႕အေျခအေနေတြဟာ ေမြးရာပါ အက်င့္စာရိတၱနဲ႔ သက္ဆုိင္တယ္လုိ႔ ေျပာလုိ႔ရေပမယ့္ တကယ္ ျပင္ခ်င္ရင္ တကယ္ရပါတယ္ေနာ္ …။

(၁) အရမ္းကုိ မ်က္ႏွာပြင့္သူျဖစ္လွ်င္”

အခ်ိဳ႕ေသာသူေတြဟာ မ်က္ႏွာပြင့္သူေတြ စန္းပြင့္သူေတြ ျဖစ္တတ္ပါတယ္။ သူတုိ႔ရဲ႕ အေျပာအဆုိ၊ အေနအထုိင္ဟာ တစ္ဖက္သားအတြက္ အလြန္စြဲမက္ဖြယ္ ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႕က ဒီအခ်က္ကုိ ေကာင္းေကာင္းသိၿပီး ရည္းစားေတြထည္လဲ တြဲတာမ်ိဳး မေလွ်ာ္ကန္တဲ့ေနရာမွာ အသုံးခ်တတ္ၾကပါတယ္။ ဒီလုိလူတစ္ေယာက္နဲ႔ ခ်စ္သူေတာ္ထားရတဲ့ ကာယကံရွင္တစ္ေယာက္အေနနဲ႔လည္း ဘယ္လုိ အေျခအေနမ်ိဳးနဲ႔ ခ်စ္သူကုိ စိတ္ခ်ႏုိ္င္မွာလဲ …၊ သံသယဟာ ခ်စ္သူခ်င္း ေ၀းေအာင္လုပ္ေပးတဲ့ တြန္းအားတစ္ခု ျဖစ္ေစပါတယ္ …။

(၂) အတၱကုိ ဦးစားေပးလြန္းလွ်င္”

ဒါကလည္း ခ်စ္သူေတာ္ေတာ္မ်ားမ်ားမွာ ဂုဏ္ယူစရာမဟုတ္တာကုိ ဂုဏ္ယူၿပီး ေျပာေနတတ္ပါတယ္။ တစ္ခ်ိဳ႕က ” ငါက ေသဆုိေသ ရွင္ဆုိရင္ “ ပဲ ဆုိၿပီး ခ်စ္သူအေပၚမွာ ႏုိင္စားရတာကုိ အဟုတ္ႀကီး ထင္ေနတတ္ပါတယ္။ ဒါကလည္း ခ်စ္သူက လုံး၀ သီးမခံႏုိင္တဲ့တစ္ေန႔ေတာ့ ေ၀းကြာျခင္းကို ျဖစ္ေပၚေစႏုိင္တဲ့ အရာပဲ ျဖစ္ပါတယ္ …။

(၃) ေဒါသတႀကီး ျပဳမူတတ္လွ်င္”

တစ္ခ်ိဳ႕ေသာသူေတြက ကိစၥတစ္ခု ႀကဳံလာတဲ့အခါ ဦးေႏွာက္နဲ႕ ေသခ်ာမစဥ္းစားပဲ ေဒါသကို ဦးစားေပးကာ တုန္႔ ျပန္တတ္ပါတယ္။ ဒါဟာ အခ်စ္ေရးတစ္ခုမွာတင္ မေကာင္းက်ိဳး ျဖစ္ေစႏုိင္တာ မဟုတ္ပါ။ က်န္တဲ့ လူေနမႈ ဘ၀မွာလည္း မ်ားျပားလွတဲ့ ဆုိးက်ိဳး ႐ုိက္ခက္မႈေတြ ျဖစ္တတ္ပါတယ္ …။

(၄) ႐ုိင္းစုိင္းလွ်င္”

႐ုိင္းစုိင္းတဲ့သူေတြကိုလည္း ခ်စ္သူေတြက ၾကာရွည္ သီးခံႏုိင္ေလ့ မရွိပါဘူး။ တစ္ခ်ိဳ႕ဆုိ အရြယ္ေလးက ငယ္ငယ္၊ စိတ္ထဲ အခန္႔မသင့္တာေတြ႕ရင္ ကတ္ကတ္လန္ ရန္ေတြ႕တတ္တဲ့ စြာေတးေတြ ျဖစ္ရတာကို ဂုဏ္ယူေနတတ္ပါတယ္။ ဒါဟာ လက္တြဲေဖာ္အတြက္ေတာ့ အလြန္ရွက္စရာေကာင္းၿပီး လူမႈေရးေလာကမွာပင္လွ်င္ အလြန္ရြံစရာေကာင္းတဲ့ အရာပဲ ျဖစ္ပါတယ္ …။

(၅) လိင္ကိစၥကုိသာ အာ႐ုံစုိက္လွ်င္”

ေနာက္ဆုံးအခ်က္ကေတာ့ ခ်စ္သူကုိ ခ်စ္တယ္ဆုိတာထက္ လိင္ကိစၥကုိသာ ဦးစားေပးခ်င္ၾကတဲ့ သူေတြ ရွိပါတယ္။ အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ ရွိႏိုိင္ပါတယ္။ ဒီကိစၥကုိ ၀ါသနာတစ္ခုအေနနဲ႔ သီးသန္႔လႈပ္ရွားေနတဲ့ လုိင္းလည္း ရွိပါတယ္။ လိင္ကိစၥဆုိတာကလည္း သိတဲ့အတိုင္း သင့္ေတာ္တဲ့ အႀကိမ္ေရကုိ ေက်ာ္လြန္ရင္ အသက္အႏၱရာယ္ကုိပါ ထိခုိက္ေစႏုိင္တာမ်ိဴးပါ။ ခ်စ္သူက ဒီလူဟာ တဏွာ႐ူး၊ ႏွာဘူးဆုိတာ သိသြားရင္လည္း ေရွာင္ၾကဥ္တတ္ပါတယ္ေနာ္ …။ ။

Si Si (auntymay)

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူကိုအဝေးသို့ တွန်းထုတ်နေသလို ဖြစ်စေတဲ့ အရာများ…

ပရိသတ်ကြီးအနေနဲ့ ချစ်သူနဲ့ မဝေးချင်ဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့ အခြေအနေတွေကနေ ကင်းအောင်နေကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့အခြေအနေတွေဟာ မွေးရာပါ အကျင့်စာရိတ္တနဲ့ သက်ဆိုင်တယ်လို့ ပြောလို့ရပေမယ့် တကယ် ပြင်ချင်ရင် တကယ်ရပါတယ်နော် …။

(၁) အရမ်းကို မျက်နှာပွင့်သူဖြစ်လျှင်”

အချို့သောသူတွေဟာ မျက်နှာပွင့်သူတွေ စန်းပွင့်သူတွေ ဖြစ်တတ်ပါတယ်။ သူတို့ရဲ့ အပြောအဆို၊ အနေအထိုင်ဟာ တစ်ဖက်သားအတွက် အလွန်စွဲမက်ဖွယ် ဖြစ်တတ်ပါတယ်။ တစ်ချို့က ဒီအချက်ကို ကောင်းကောင်းသိပြီး ရည်းစားတွေထည်လဲ တွဲတာမျိုး မလျှော်ကန်တဲ့နေရာမှာ အသုံးချတတ်ကြပါတယ်။ ဒီလိုလူတစ်ယောက်နဲ့ ချစ်သူတော်ထားရတဲ့ ကာယကံရှင်တစ်ယောက်အနေနဲ့လည်း ဘယ်လို အခြေအနေမျိုးနဲ့ ချစ်သူကို စိတ်ချန်ိုင်မှာလဲ …၊ သံသယဟာ ချစ်သူချင်း ဝေးအောင်လုပ်ပေးတဲ့ တွန်းအားတစ်ခု ဖြစ်စေပါတယ် …။

(၂) အတ္တကို ဦးစားပေးလွန်းလျှင်”

ဒါကလည်း ချစ်သူတော်တော်များများမှာ ဂုဏ်ယူစရာမဟုတ်တာကို ဂုဏ်ယူပြီး ပြောနေတတ်ပါတယ်။ တစ်ချို့က ” ငါက သေဆိုသေ ရှင်ဆိုရင် “ ပဲ ဆိုပြီး ချစ်သူအပေါ်မှာ နိုင်စားရတာကို အဟုတ်ကြီး ထင်နေတတ်ပါတယ်။ ဒါကလည်း ချစ်သူက လုံး၀ သီးမခံနိုင်တဲ့တစ်နေ့တော့ ဝေးကွာခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အရာပဲ ဖြစ်ပါတယ် …။

(၃) ဒေါသတကြီး ပြုမူတတ်လျှင်”

တစ်ချို့သောသူတွေက ကိစ္စတစ်ခု ကြုံလာတဲ့အခါ ဦးနှောက်နဲ့ သေချာမစဉ်းစားပဲ ဒေါသကို ဦးစားပေးကာ တုန့် ပြန်တတ်ပါတယ်။ ဒါဟာ အချစ်ရေးတစ်ခုမှာတင် မကောင်းကျိုး ဖြစ်စေနိုင်တာ မဟုတ်ပါ။ ကျန်တဲ့ လူနေမှု ဘဝမှာလည်း များပြားလှတဲ့ ဆိုးကျိုး ရိုက်ခက်မှုတွေ ဖြစ်တတ်ပါတယ် …။

(၄) ရိုင်းစိုင်းလျှင်”

ရိုင်းစိုင်းတဲ့သူတွေကိုလည်း ချစ်သူတွေက ကြာရှည် သီးခံနိုင်လေ့ မရှိပါဘူး။ တစ်ချို့ဆို အရွယ်လေးက ငယ်ငယ်၊ စိတ်ထဲ အခန့်မသင့်တာတွေ့ရင် ကတ်ကတ်လန် ရန်တွေ့တတ်တဲ့ စွာတေးတွေ ဖြစ်ရတာကို ဂုဏ်ယူနေတတ်ပါတယ်။ ဒါဟာ လက်တွဲဖော်အတွက်တော့ အလွန်ရှက်စရာကောင်းပြီး လူမှုရေးလောကမှာပင်လျှင် အလွန်ရွံစရာကောင်းတဲ့ အရာပဲ ဖြစ်ပါတယ် …။

(၅) လိင်ကိစ္စကိုသာ အာရုံစိုက်လျှင်”

နောက်ဆုံးအချက်ကတော့ ချစ်သူကို ချစ်တယ်ဆိုတာထက် လိင်ကိစ္စကိုသာ ဦးစားပေးချင်ကြတဲ့ သူတွေ ရှိပါတယ်။ အမျိုးသားရော အမျိုးသမီးရော ရှိနိိုင်ပါတယ်။ ဒီကိစ္စကို ဝါသနာတစ်ခုအနေနဲ့ သီးသန့်လှုပ်ရှားနေတဲ့ လိုင်းလည်း ရှိပါတယ်။ လိင်ကိစ္စဆိုတာကလည်း သိတဲ့အတိုင်း သင့်တော်တဲ့ အကြိမ်ရေကို ကျော်လွန်ရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာမျိူးပါ။ ချစ်သူက ဒီလူဟာ တဏှာရူး၊ နှာဘူးဆိုတာ သိသွားရင်လည်း ရှောင်ကြဉ်တတ်ပါတယ်နော် …။ ။

Si Si (auntymay)