မိန္းကေလးေတြ လံုးဝ မစြန္႔လႊတ္သင့္တဲ့ ေယာက်ၤားေလးပံုစံ (၄) မ်ိဳး

မိန္းကေလးေတြ လံုးဝ မစြန္႔လႊတ္သင့္တဲ့ ေယာက်ၤားေလးပံုစံ (၄) မ်ိဳး

ယံုၾကည္ဖို႔ ခက္ခဲေနတဲ့ ေလာကႀကီးထဲမွာ ခ်စ္ရသူ ရွိဖို႔ဆိုတာလည္း တကယ့္ကို ခက္ခဲပါတယ္။ ေယာက်ၤားေလးေတြနဲ႔ ပတ္သတ္ရင္ မိန္းကေလးေတြအေနနဲ႔ မေကာင္းတဲ့သူေတြနဲ႔ မၾကံဳရတာက အဓိကပါပဲ။

လိုခ်င္တာအတြက္ ခ်ဥ္းကပ္တဲ့ ေယာက်ၤားေလးေတြ၊ လိင္စိတ္အတြက္ပဲ ရည္းစားျဖစ္ခ်င္သူေတြအျပင္ သင့္ကို စိတ္ဒုကၡေပးတတ္တဲ့ ခ်စ္သူရည္းစားေတြက သင့္ဘဝနဲ႔ ထုိက္တန္တဲ့ လက္တြဲေဖာ္ေတြ မဟုတ္ပါဘူး။

ဒါေပမယ့္ ဒီလုိ ေကာင္ေလးမ်ိဳးကိုေတာ့ လံုးဝ လက္တြဲေဖာ္ေကာင္း အျဖစ္ စဥ္းစားသင့္ပါတယ္။

၁။ ကိုယ့္အေပၚ ေကာင္းတဲ့သူ

ကိုယ္ခ်စ္ကို မရွာနဲ႔။ သူခ်စ္ကို ရွာပါဆိုတဲ့ စကား ရွိပါတယ္။ ကိုယ့္ကို ခ်စ္တဲ့သူက ကိုယ့္အေပၚ ဘယ္ေတာ့မွ မေဖာက္ျပန္မယ့္သူလည္း ျဖစ္ပါတယ္။

ကိုယ့္ရဲ႕ အရာရာကို အရွိအတိုင္း ခ်စ္ေနေပးတဲ့သူေတြ ျဖစ္ၿပီး ကိုယ့္အေပၚ ေကာင္းတဲ့သူေတြလည္း ျဖစ္ပါတယ္။ ကိုယ့္အေပၚ ေကာင္းၿပီး ခ်စ္ေပးတဲ့သူေတြကလည္း ခ်စ္သူအျဖစ္ စဥ္းစားသင့္တဲ့ နံပါတ္ တစ္ လူေတြ ျဖစ္ပါတယ္။

၂။ အက်င့္စာရိတၱ ေကာင္းမြန္တဲ့သူ

ခ်စ္သူေရြးတဲ့အခါ ကိုယ့္ခံစားခ်က္ကိုပဲ လံုးဝ မေတြးသင့္ပါဘူး။ ငယ္တဲ့အခ်ိန္မွာေတာ့ ရင္ခုန္တာေတြ ခ်စ္တာေတြ ျဖစ္တတ္တာ သဘာဝပါပဲ။ ဒီအခ်စ္ကလည္း အခ်ိန္တစ္ခုၾကာရင္ ေျပာင္းလဲႏိုင္ပါတယ္။

ဒါေၾကာင့္ ခ်စ္သူထားတဲ့အခါ အက်င့္စာရိတၱကို မျဖစ္မေန ၾကည့္သင့္ပါတယ္။ အက်င့္စာရိတၱ မေကာင္းတဲ့သူေတြက သင့္အခ်စ္ကို လွည့္စားတာ၊ သင့္ကို ဖ်က္ဆီးသြားတာမ်ိဳးနဲ႔ တန္ဖိုးမထားတဲ့အရာေတြ ျပဳလုပ္သြားတာမ်ိဳးေတြ လုပ္တတ္ပါတယ္။

ဒါေၾကာင့္ ကိုယ့္ခ်စ္သူက အက်င့္စာရိတၱ ေကာင္းမြန္တဲ့သူဆိုရင္ လံုးဝ လက္မလႊတ္သင့္ပါဘူးေနာ္။

၃။ သစၥာရွိတဲ့သူ

အခ်စ္ေတြ မတည္ျမဲဘူးဆိုတာ သစၥာရွိမႈကလည္း အားနည္းလို႔ ျဖစ္ပါတယ္။ သစၥာရွိတဲ့သူဆိုတာ အင္မတန္ ရွားပါးေနၿပီဆိုေပမယ့္လည္း ကိုယ္ခ်စ္မိသြားရင္ လက္တြဲေဖာ္အျဖစ္ ေရြးထားရင္ လံုးဝ သစၥာရွိမႈ ေပးတတ္တဲ့ ေကာင္ေလးေတြလည္း ရွိေနပါတယ္။

ကိုယ့္ခ်စ္သူကလြဲရင္ တျခားမိန္းကေလးေတြကို စိတ္ထဲ မထည့္တတ္တဲ့ သူေတြက စကားနဲ႔ ထုတ္ေျပာတာထက္ လက္ေတြ႔မွာ ပိုၿပီး သစၥာ ရွိရွိ ေနၾကသူေတြ ျဖစ္ပါတယ္။ ဒီေကာင္ေလးကို ေတြ႔ရင္ေတာ့ လံုးဝ မစြန္႔လႊတ္လိုက္ပါနဲ႔ေတာ့။

၄။ တာဝန္ယူစိတ္ ရွိတဲ့သူ

ခ်စ္သူေတြကေန ဘဝလက္တြဲေဖာ္အျဖစ္ လက္တြဲဖို႔ဆုိရင္ တာဝန္ရွိစိတ္ရွိတဲ့သူက အေကာင္းဆံုး ျဖစ္ပါတယ္။ ကိုယ့္ကို သူတို႔ ဘဝထဲက လူတစ္ေယာက္အျဖစ္ သင့္အတြက္ သူ႔မွာ တာဝန္ရွိတယ္လို႔ ေတြးထားတဲ့ ေကာင္ေလးေတြက ခ်စ္သူအျဖစ္ လံုးဝ အသင့္ေတာ္ဆံုးသူေတြ ျဖစ္ပါတယ္။

အိမ္ေထာင္တစ္ခု တည္ေဆာက္တဲ့အခါ တာဝန္သိတတ္မႈ အေရးပါတဲ့ က႑မွာ ရွိေနလို႔ ဒီလိုေကာင္ေလးမ်ိဳးကို ခ်စ္သူေတာ္ထားရရင္လည္း လံုးဝ လက္မလႊတ္သင့္ပါဘူးေနာ္။

Kham

Unicode

မိန်းကလေးတွေ လုံးဝ မစွန့်လွှတ်သင့်တဲ့ ယောင်္ကျားလေးပုံစံ (၄) မျိုး

ယုံကြည်ဖို့ ခက်ခဲနေတဲ့ လောကကြီးထဲမှာ ချစ်ရသူ ရှိဖို့ဆိုတာလည်း တကယ့်ကို ခက်ခဲပါတယ်။ ယောင်္ကျားလေးတွေနဲ့ ပတ်သတ်ရင် မိန်းကလေးတွေအနေနဲ့ မကောင်းတဲ့သူတွေနဲ့ မကြုံရတာက အဓိကပါပဲ။

လိုချင်တာအတွက် ချဉ်းကပ်တဲ့ ယောင်္ကျားလေးတွေ၊ လိင်စိတ်အတွက်ပဲ ရည်းစားဖြစ်ချင်သူတွေအပြင် သင့်ကို စိတ်ဒုက္ခပေးတတ်တဲ့ ချစ်သူရည်းစားတွေက သင့်ဘဝနဲ့ ထိုက်တန်တဲ့ လက်တွဲဖော်တွေ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီလို ကောင်လေးမျိုးကိုတော့ လုံးဝ လက်တွဲဖော်ကောင်း အဖြစ် စဉ်းစားသင့်ပါတယ်။

၁။ ကိုယ့်အပေါ် ကောင်းတဲ့သူ

ကိုယ်ချစ်ကို မရှာနဲ့။ သူချစ်ကို ရှာပါဆိုတဲ့ စကား ရှိပါတယ်။ ကိုယ့်ကို ချစ်တဲ့သူက ကိုယ့်အပေါ် ဘယ်တော့မှ မဖောက်ပြန်မယ့်သူလည်း ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အရာရာကို အရှိအတိုင်း ချစ်နေပေးတဲ့သူတွေ ဖြစ်ပြီး ကိုယ့်အပေါ် ကောင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်အပေါ် ကောင်းပြီး ချစ်ပေးတဲ့သူတွေကလည်း ချစ်သူအဖြစ် စဉ်းစားသင့်တဲ့ နံပါတ် တစ် လူတွေ ဖြစ်ပါတယ်။

၂။ အကျင့်စာရိတ္တ ကောင်းမွန်တဲ့သူ

ချစ်သူရွေးတဲ့အခါ ကိုယ့်ခံစားချက်ကိုပဲ လုံးဝ မတွေးသင့်ပါဘူး။ ငယ်တဲ့အချိန်မှာတော့ ရင်ခုန်တာတွေ ချစ်တာတွေ ဖြစ်တတ်တာ သဘာဝပါပဲ။ ဒီအချစ်ကလည်း အချိန်တစ်ခုကြာရင် ပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် ချစ်သူထားတဲ့အခါ အကျင့်စာရိတ္တကို မဖြစ်မနေ ကြည့်သင့်ပါတယ်။ အကျင့်စာရိတ္တ မကောင်းတဲ့သူတွေက သင့်အချစ်ကို လှည့်စားတာ၊ သင့်ကို ဖျက်ဆီးသွားတာမျိုးနဲ့ တန်ဖိုးမထားတဲ့အရာတွေ ပြုလုပ်သွားတာမျိုးတွေ လုပ်တတ်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူက အကျင့်စာရိတ္တ ကောင်းမွန်တဲ့သူဆိုရင် လုံးဝ လက်မလွှတ်သင့်ပါဘူးနော်။

၃။ သစ္စာရှိတဲ့သူ

အချစ်တွေ မတည်မြဲဘူးဆိုတာ သစ္စာရှိမှုကလည်း အားနည်းလို့ ဖြစ်ပါတယ်။ သစ္စာရှိတဲ့သူဆိုတာ အင်မတန် ရှားပါးနေပြီဆိုပေမယ့်လည်း ကိုယ်ချစ်မိသွားရင် လက်တွဲဖော်အဖြစ် ရွေးထားရင် လုံးဝ သစ္စာရှိမှု ပေးတတ်တဲ့ ကောင်လေးတွေလည်း ရှိနေပါတယ်။

ကိုယ့်ချစ်သူကလွဲရင် တခြားမိန်းကလေးတွေကို စိတ်ထဲ မထည့်တတ်တဲ့ သူတွေက စကားနဲ့ ထုတ်ပြောတာထက် လက်တွေ့မှာ ပိုပြီး သစ္စာ ရှိရှိ နေကြသူတွေ ဖြစ်ပါတယ်။ ဒီကောင်လေးကို တွေ့ရင်တော့ လုံးဝ မစွန့်လွှတ်လိုက်ပါနဲ့တော့။

၄။ တာဝန်ယူစိတ် ရှိတဲ့သူ

ချစ်သူတွေကနေ ဘဝလက်တွဲဖော်အဖြစ် လက်တွဲဖို့ဆိုရင် တာဝန်ရှိစိတ်ရှိတဲ့သူက အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ့်ကို သူတို့ ဘဝထဲက လူတစ်ယောက်အဖြစ် သင့်အတွက် သူ့မှာ တာဝန်ရှိတယ်လို့ တွေးထားတဲ့ ကောင်လေးတွေက ချစ်သူအဖြစ် လုံးဝ အသင့်တော်ဆုံးသူတွေ ဖြစ်ပါတယ်။

အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါ တာဝန်သိတတ်မှု အရေးပါတဲ့ ကဏ္ဍမှာ ရှိနေလို့ ဒီလိုကောင်လေးမျိုးကို ချစ်သူတော်ထားရရင်လည်း လုံးဝ လက်မလွှတ်သင့်ပါဘူးနော်။

Kham