အျပစ္မျမင္ဘဲ ခ်စ္ခင္တတ္ပါေစ ….

အျပစ္မျမင္ဘဲ ခ်စ္ခင္တတ္ပါေစ ….

အျပစ္ျမင္တာဟာမိမိရဲ႕စိတ္ ႏွလုံးသြင္းမူမေကာင္းမႈ အေပၚအဓိက မူတည္ေနပါတယ္။

အျပစ္မ႐ွာဘဲခ်စ္စရာမ်က္လုံးနဲ႔သာၾကည့္တတ္ ျမင္တတ္မယ္ဆိုရင္ေတာ့

ျမင္ျမင္သမွ် အရာရာတိုင္းဟာခ်စ္ခင္ ႏွစ္သက္စရာခ်ည္းပါပဲ။

ပုထုဇဥ္လူသားပီပီဘယ္သူမွ အျပစ္မကင္းႏိုင္ပါဘူး။

အနည္းနဲ႔အမ်ားဆိုသလိုအမွားကိုယ္စီ ႐ွိတတ္ၾကပါတယ္။

ခြင့္လႊတ္ နားလည္ေပးႏိုင္တဲ့အမွားမ်ိဳးကိုအျပစ္လို႔ မယူဆသင့္သလို

ဒီလို အေသးအဖြဲ အမွားေလးကိုပဲယိုးမယ္ဖြဲ႕အျပစ္တင္ေနမယ္ဆိုရင္ေတာ့

မိမိရဲ႕စာနာမူ ကင္းမဲ့ျခင္းစိတ္ႏွလုံး မသန္႔႐ွင္း မစင္ၾကယ္ျခင္း

သေဘာထား ေသးသိမ္ျခင္းကိုသက္ေသျပရာ ေရာက္ေနပါတယ္။

တကယ္ေတာ့သူမ်ားအမွားကို လက္ညိႇဳးထိုး အျပစ္႐ွာေတာ့မယ္ဆိုရင္

မိမိရဲ႕အမွားကို ဘယ္သူေတြက လက္ညိႇဳးထိုးၾကမလဲ။

မိမိကေရာ အျပစ္ကင္းရဲ႕လားလို႔မိမိကိုယ္ကို ျပန္ပီး သုံးသပ္ၾကည့္ရမွာ ျဖစ္ပါတယ္။

အဲ့ဒီလိုမြ မဟုတၻဲ မိမိရဲ႕ႀကီးမားတဲ့အ်ပစၠိဳ ဖုံးၾကယၠာ

သူမ်ားရဲ႕ ေသးငယ္တဲ့ အျပစ္ကိုပဲၾကည့္တတ္ ျမင္တတ္ၿပီး

မလိုမုန္းထား ျပဳ မူ ေျပာဆို ၾကံစည္ေနမယ္ဆိုရင္ေတာ့ပက္လက္လွန္ အိပ္ၿပီး

တံေတြး ‌ေထြးေနသလိုမိမိအေပၚပဲ ျပန္က်မွာအေသအခ်ာပါ ….။

အေကာင္းဆုံးကေတာ့ဘဝရဲ႕ လက္က်န္အခ်ိန္ေလးမွာေန႔စဥ္ ေန႔တိုင္းခ်စ္ခင္ စိတ္ထား ေမတၱာပြါး ေနပါ။

အေကာင္းျမင္စိတ္ အၿမဲ႐ွိေနရၿပီးကိုယ္ခ်င္းစာနာ တတ္တဲ့အက်င့္ကိုေမြးျမဴေနပါ။

သူတစ္ပါးရဲ႕အျပဳအမူ အေျပာဆိုေတြ‌ေနာက္လိုက္ ခံစား မေနဘဲမိမိရဲ႕အျပဳအမူ အေျပာဆို နဲ႔စိတ္ျဖစ္တည္မႈကိုသာ

အေကာင္းဆုံး ဂ႐ုစိုက္ အေလးထားၿပီးျပဳ ျပင္ ထိမ္းသိမ္းေစာင့္ေ႐ွာက္ ေနသင့္ပါေၾကာင္းေစတနာေကာင္းနဲ႔သတိေပးလိုက္ရပါတယ္။

မ်ိဳးႏိုင္-တန္႔ဆည္

Credit

Unicode

အပြစ်မမြင်ဘဲ ချစ်ခင်တတ်ပါစေ ….

အပြစ်မြင်တာဟာမိမိရဲ့စိတ် နှလုံးသွင်းမူမကောင်းမှု အပေါ်အဓိက မူတည်နေပါတယ်။

အပြစ်မရှာဘဲချစ်စရာမျက်လုံးနဲ့သာကြည့်တတ် မြင်တတ်မယ်ဆိုရင်တော့

မြင်မြင်သမျှ အရာရာတိုင်းဟာချစ်ခင် နှစ်သက်စရာချည်းပါပဲ။

ပုထုဇဉ်လူသားပီပီဘယ်သူမှ အပြစ်မကင်းနိုင်ပါဘူး။

အနည်းနဲ့အများဆိုသလိုအမှားကိုယ်စီ ရှိတတ်ကြပါတယ်။

ခွင့်လွှတ် နားလည်ပေးနိုင်တဲ့အမှားမျိုးကိုအပြစ်လို့ မယူဆသင့်သလို

ဒီလို အသေးအဖွဲ အမှားလေးကိုပဲယိုးမယ်ဖွဲ့အပြစ်တင်နေမယ်ဆိုရင်တော့

မိမိရဲ့စာနာမူ ကင်းမဲ့ခြင်းစိတ်နှလုံး မသန့်ရှင်း မစင်ကြယ်ခြင်း

သဘောထား သေးသိမ်ခြင်းကိုသက်သေပြရာ ရောက်နေပါတယ်။

တကယ်တော့သူများအမှားကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ဆိုရင်

မိမိရဲ့အမှားကို ဘယ်သူတွေက လက်ညှိုးထိုးကြမလဲ။

မိမိကရော အပြစ်ကင်းရဲ့လားလို့မိမိကိုယ်ကို ပြန်ပီး သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုမွ မဟုတ္ဘဲ မိမိရဲ့ကြီးမားတဲ့အျပစ္ကို ဖုံးကြယ္ကာ

သူများရဲ့ သေးငယ်တဲ့ အပြစ်ကိုပဲကြည့်တတ် မြင်တတ်ပြီး

မလိုမုန်းထား ပြု မူ ပြောဆို ကြံစည်နေမယ်ဆိုရင်တော့ပက်လက်လှန် အိပ်ပြီး

တံတွေး ‌ထွေးနေသလိုမိမိအပေါ်ပဲ ပြန်ကျမှာအသေအချာပါ ….။

အကောင်းဆုံးကတော့ဘဝရဲ့ လက်ကျန်အချိန်လေးမှာနေ့စဉ် နေ့တိုင်းချစ်ခင် စိတ်ထား မေတ္တာပွါး နေပါ။

အကောင်းမြင်စိတ် အမြဲရှိနေရပြီးကိုယ်ချင်းစာနာ တတ်တဲ့အကျင့်ကိုမွေးမြူနေပါ။

သူတစ်ပါးရဲ့အပြုအမူ အပြောဆိုတွေ‌နောက်လိုက် ခံစား မနေဘဲမိမိရဲ့အပြုအမူ အပြောဆို နဲ့စိတ်ဖြစ်တည်မှုကိုသာ

အကောင်းဆုံး ဂရုစိုက် အလေးထားပြီးပြု ပြင် ထိမ်းသိမ်းစောင့်ရှောက် နေသင့်ပါကြောင်းစေတနာကောင်းနဲ့သတိပေးလိုက်ရပါတယ်။

မျိုးနိုင်-တန့်ဆည်

Credit