ကိုယ္မပိုင္တဲ့ သူမ်ားဘဝေတြၾကည့္ၿပီး အားက်ေနတာေတြကိုရပ္ပါ

ကိုယ္မပိုင္တဲ့ သူမ်ားဘဝေတြၾကည့္ၿပီး အားက်ေနတာေတြကိုရပ္ပါ

ကိုယ့္အလုပ္ကိုယ္လုပ္ ကိုယ့္အေၾကာင္းကိုယ္ေတြးၿပီး ကိုယ့္အတြက္ပဲ ကိုယ္႐ွင္သန္ပါ…..

ဘဝမွာ လူတိုင္းက ကိုယ္မပိုင္တဲ့ သူမ်ားဘဝေတြကိုၾကည့္ၿပီး အားက်ေနတာေတြ၊စိတ္ဆင္းရဲေနရတာေတြ၊စိတ္ခံစားရတာေတြနဲ႔ အသက္ဆက္႐ွင္ၾကတုန္းပါပဲ။

လူအမ်ားစုရဲ႕ အေတြးထဲမွာ ကိုယ့္အေၾကာင္းက လြဲၿပီးသူတစ္ပါးအေၾကာင္းေတြကသာ ေနရာယူေနတတ္ၾကပါတယ္။

သူကေတာ့ အဆင္ေျပေနၿပီး ငါက်ေတာ့အဆင္မေျပလိုက္တာ၊သူက်ေတာ့ အသားအေရ စိုေျပၿပီး၊ငါ့က်ေတာ့ မြဲေျခာက္ေနလိုက္တာ၊သူ႕က်ေတာ့ အိမ္အေကာင္းစား၊ကားအေကာင္းစားနဲ႔ ငါ့က်ေတာ့ အိမ္ ေလးတစ္လုံး ေတာင္မပိုင္းေသးဘူး ၊

သူက်ေတာ့ အိမ္ေထာင္ေရးကံေကာင္းလိုက္တာ၊ငါ့က်ေတာ့ ခုထိတြဲတဲ့ရည္းစားတိုင္းျပတ္ေနတုန္း စတဲ့…အေတြးေပါင္းစုံက မိမိအတြက္ မဟုတ္ပဲ သူမ်ားအေၾကာင္းေတြနဲ႔ ကိုယ့္စိတ္ကို စိတ္ဆင္းရဲေအာင္ လုပ္ေနတာကပိုမ်ားေနမွာပါ။

တစ္ကယ္တမ္းေတာ့ ကြၽန္မတို႔ေတြက ကိုယ္သြားမဲ့ခရီးမွာ အတူတူ သြားရမယ့္ သူေတြနဲ႔သာ အဆင္ေျပေအာင္ေပါင္းသင္းၿပီး သူတို႔ရဲ႕အေၾကာင္းသာ ေခါင္းထဲထည့္စဥ္းစားရမွာကို ေမ့ေနၾကတာပါ။

ေဘးက ဘာမဟူတ္တဲ့အရာေလးေတြကို ေခါင္းထဲထည့္ၿပီး စိတ္ပူပင္ခံစားေနၾကရင္းနဲ႔ ေန႔ရက္တိုင္းက သူတစ္ပါးစိတ္နဲ႔ ႐ွင္သန္ၿပီး အခ်ိန္ကုန္ဆုံးသြားၾကရမွာပါ။

ဒါေၾကာင့္ ကိုယ့္အတြက္ အေရးမပါတဲ့ ကိစၥ ေတြ၊ကိုယ့္ဘဝအတြက္ အေရးမႀကီးတဲ့လူေတြ၊ကိုယ့္ဘဝမွာ ကိုယ့္အတြက္ မလိုအပ္တဲ့ အရာေတြအတြက္နဲ႔ အခ်ိန္ကုန္ေနတာေတြရပ္ၿပီး မိမိဘဝအတြက္ အက်ိဳး႐ွိေစမယ့္ အေတြးေတြ၊
မိမိဘဝအတြက္ အေရးပါတဲ့ သူေတြ၊အလုပ္ေတြနဲ႔၊မိမိအနာဂါတ္အတြက္ မ႐ွိမျဖစ္ လိုအပ္တဲ့ ကိစၥ ေတြ၊လူေတြအတြက္ပဲ ကိုယ့္ဘဝကို ကိုယ္တိုင္ အေကာင္းဆုံး ျဖစ္ေအာင္႐ွင္သန္ပါ။

ကိုယ့္ဘဝအတြက္ အေရးမပါတဲ့အရာေတြအတြက္နဲ႔ ကိုယ့္ဘဝအတြက္ အေရးပါတဲ့ အရာေတြကို ဆုံး႐ႈံးမခံပါနဲ႔ ကိုယ့္စိတ္နဲ႔ကိုယ္ ႐ွင္သန္ပါ။

MayHsu(ရာမညေျမ)

Credit

Unicode

ကိုယ်မပိုင်တဲ့ သူများဘဝတွေကြည့်ပြီး အားကျနေတာတွေကိုရပ်ပါ

ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်အကြောင်းကိုယ်တွေးပြီး ကိုယ့်အတွက်ပဲ ကိုယ်ရှင်သန်ပါ…..

ဘဝမှာ လူတိုင်းက ကိုယ်မပိုင်တဲ့ သူများဘဝတွေကိုကြည့်ပြီး အားကျနေတာတွေ၊စိတ်ဆင်းရဲနေရတာတွေ၊စိတ်ခံစားရတာတွေနဲ့ အသက်ဆက်ရှင်ကြတုန်းပါပဲ။

လူအများစုရဲ့ အတွေးထဲမှာ ကိုယ့်အကြောင်းက လွဲပြီးသူတစ်ပါးအကြောင်းတွေကသာ နေရာယူနေတတ်ကြပါတယ်။

သူကတော့ အဆင်ပြေနေပြီး ငါကျတော့အဆင်မပြေလိုက်တာ၊သူကျတော့ အသားအရေ စိုပြေပြီး၊ငါ့ကျတော့ မွဲခြောက်နေလိုက်တာ၊သူ့ကျတော့ အိမ်အကောင်းစား၊ကားအကောင်းစားနဲ့ ငါ့ကျတော့ အိမ် လေးတစ်လုံး တောင်မပိုင်းသေးဘူး ၊

သူကျတော့ အိမ်ထောင်ရေးကံကောင်းလိုက်တာ၊ငါ့ကျတော့ ခုထိတွဲတဲ့ရည်းစားတိုင်းပြတ်နေတုန်း စတဲ့…အတွေးပေါင်းစုံက မိမိအတွက် မဟုတ်ပဲ သူများအကြောင်းတွေနဲ့ ကိုယ့်စိတ်ကို စိတ်ဆင်းရဲအောင် လုပ်နေတာကပိုများနေမှာပါ။

တစ်ကယ်တမ်းတော့ ကျွန်မတို့တွေက ကိုယ်သွားမဲ့ခရီးမှာ အတူတူ သွားရမယ့် သူတွေနဲ့သာ အဆင်ပြေအောင်ပေါင်းသင်းပြီး သူတို့ရဲ့အကြောင်းသာ ခေါင်းထဲထည့်စဉ်းစားရမှာကို မေ့နေကြတာပါ။

ဘေးက ဘာမဟူတ်တဲ့အရာလေးတွေကို ခေါင်းထဲထည့်ပြီး စိတ်ပူပင်ခံစားနေကြရင်းနဲ့ နေ့ရက်တိုင်းက သူတစ်ပါးစိတ်နဲ့ ရှင်သန်ပြီး အချိန်ကုန်ဆုံးသွားကြရမှာပါ။

ဒါကြောင့် ကိုယ့်အတွက် အရေးမပါတဲ့ ကိစ္စ တွေ၊ကိုယ့်ဘဝအတွက် အရေးမကြီးတဲ့လူတွေ၊ကိုယ့်ဘဝမှာ ကိုယ့်အတွက် မလိုအပ်တဲ့ အရာတွေအတွက်နဲ့ အချိန်ကုန်နေတာတွေရပ်ပြီး မိမိဘဝအတွက် အကျိုးရှိစေမယ့် အတွေးတွေ၊
မိမိဘဝအတွက် အရေးပါတဲ့ သူတွေ၊အလုပ်တွေနဲ့၊မိမိအနာဂါတ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကိစ္စ တွေ၊လူတွေအတွက်ပဲ ကိုယ့်ဘဝကို ကိုယ်တိုင် အကောင်းဆုံး ဖြစ်အောင်ရှင်သန်ပါ။

ကိုယ့်ဘဝအတွက် အရေးမပါတဲ့အရာတွေအတွက်နဲ့ ကိုယ့်ဘဝအတွက် အရေးပါတဲ့ အရာတွေကို ဆုံးရှုံးမခံပါနဲ့ ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်ပါ။

MayHsu(ရာမညမြေ)

Credit