
















Nan Khin May Win

Credit

Unicode

မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားရင် တခြားသူကတန်ဖိုးထားဖို့ဆိုတာမမျှော်လင့်ပါနဲ့တော့

ခပ်မြင့်မြင့်ကပန်းကလေးတစ်ပွင့်

မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားရင်

တခြားသူကတန်ဖိုးထားဖို့ဆိုတာမမျှော်လင့်ပါနဲ့တော့

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကရုပ်ဆိုးခြင်း,ရုပ်ချောခြင်း

အပျိုဟုတ်ခြင်း,မဟုတ်ခြင်း ဆင်းရဲခြင်း,ချမ်းသာခြင်းတို့နဲ့မသက်ဆိုင်ပါဘူး။

မိန်းကလေးတိုင်းတန်ဖိုးကိုယ်စီရှိကြပေမယ့်

ကိုယ့်ရဲ့လုပ်ရပ်,အပြုအမူ,

အပြောအဆို,အနေအထိုင်တွေကပဲ တန်ဖိုးတွေကွာခြားကုန်ကြတာပါ။

မိန်းမသားတွေတန်ဖိုးတွေကွာခြားကုန်ကြတော့

ယောက်ျားသားတွေတန်ဖိုးထားပုံခြင်းကွဲပြားကုန်ကြတာမဆန်းပါဘူး။

မိန်းကလေးဆိုတာကိုယ့်ရဲ့တန်ဖိုးကို

အောက်ဆုံးအထိရောက်အောင်ကိုယ်ကိုယ်တိုင်ပဲဆွဲချနိုင်သလို

အမြင့်ဆုံးထိရောက်အောင်လည်းကိုယ်ကိုယ်တိုင်ပဲဖန်တီးနိုင်ကြပါတယ်။

ကျွန်မ, မိန်းကလေးတိုင်းကိုခပ်မြင့်မြင့်ကပန်းကလေးတစ်ပွင့်လို

ဘဝကိုတန်ဖိုးမြင့်မြင့်မားမားနဲ့လှလှပပရှင်သန်စေချင်ပါတယ်။

Nan Khin May Win

Credit