ေသျပီးသားလူတစ္ေယာက္က သင့္ကိုအိပ္မက္က တဆင့္ဆက္သြယ္ဖို႕ ၾကိဳးစားတဲ့ပံုစံ (၇) မ်ိဳး

ေသျပီးသားလူတစ္ေယာက္က သင့္ကိုအိပ္မက္က တဆင့္ဆက္သြယ္ဖို႕ ၾကိဳးစားတဲ့ပံုစံ (၇) မ်ိဳး

ကိုယ့္ေဆြမ်ိဳးသားခ်င္းေတြထဲက ၊ အသိမိတ္ေဆြေတြထဲက တစ္ေယာက္ေယာက္ေသဆံုးသြားျပီးတဲ့အခါ သူတို႕ကို သတိရတဲ့ စိတ္ကေတာ္ေတာ္နဲ႕ မေလ်ာ့သြားပါဘူး။ ျပီးေတာ့ ေသဆံုးျပီးတဲ့သူက အသက္ရွင္က်န္ရစ္တဲ့ သူေတြကို အိပ္မက္ေပးျပီး ဆက္သြယ္ဖို႕ၾကိဳးစားတတ္ၾကတယ္လို႕လည္း အယူအဆ ရိွၾကပါတယ္။ တကယ္ေရာ အဲ့ဒီလိုအျဖစ္မ်ိဳးရွိပါ့မလား ဆိုတာကေတာ့ စဥ္းစားစရာပါပဲ။ ဘာပဲေျပာေျပာ ဆံုးပါးသြားတဲ့ တစ္စံုတစ္ေယာက္က သင့္ကိုအိပ္မက္ကတဆင့္ ဆက္သြယ္ဖို႕ၾကိဳးစားလာရင္ ဒီအခ်က္ေလးေတြ ၾကံဳရတတ္ပါတယ္တဲ့ေနာ္ …။

(၁) အိပ္မက္တဲ့ အေၾကာင္းအရာ အေသးစိတ္ကို မွတ္မိေနတယ္”

မနက္နိုးလာတဲ့အခ်ိန္မွာ အိပ္မက္မက္တဲ့ အေၾကာင္းအရာေတြကို ေမ့သြားတတ္ၾကပါတယ္။ မွတ္မိရင္ေတာင္ ဇေ၀ဇ၀ါ ျဖစ္ေနတုန္္းပါ။ အဲ့ဒီလိုမဟုတ္ဘဲ ေသဆံုးျပီးသား သူကိုလည္း အိမ္မက္မက္တယ္၊ အေၾကာင္းအရာ အေသးစိတ္ကိုလည္းမွတ္မိေနတယ္ဆိုရင္ သူတို႕ေတြသင့္ကို တစ္ခုခုေျပာခ်င္ေနလို႕ ဆက္သြယ္ဖို႕ၾကိဳးစားေနတာေၾကာင္႔ပဲ ျဖစ္ပါတယ္ …။

(၂) အိပ္မက္ကနိုးလာခ်ိန္မွာ တစ္ေယာက္ေယာက္ စိုက္ၾကည့္ေနသလို ခံစားရတယ္”

ကိုယ္ခ်စ္ခင္ရတဲ့သူေတြ ဆံုးပါးသြားခဲ့ေပမယ့္ သူတို႕ေတြကိုယ့္အနားမွာရွိေနတုန္းပဲလို႕ စိတ္ထဲကေနထင္ေနတတ္ပါတယ္။ ျပီးေတာ့ ညအိပ္တဲ့အခါ သူတို႕ကိုအိပ္မက္မက္ျပီး လန္႕နိုးလာတဲ့အခ်ိန္မွာ ေဘးနားကေနတစ္ေယာက္ေယာက္ၾကည့္ေနသလိုခံစားခ်က္မ်ိဳးျဖစ္တတ္ပါတယ္။ အဲ့ဒီလိုျဖစ္တာက သူတို႕ေတြ သင့္ကိုအိပ္မက္ကေနတဆင့္ဆက္သြယ္ဖို႕ ၾကိဳးစားေနလို႕ ျဖစ္ပါတယ္တဲ့ …။

(၃) အိပ္မက္တစ္ခုျပီးတစ္ခု ဆက္စပ္ျပီးမက္တယ္”

တစ္ညတည္းမွာ အိပ္မက္တစ္ခုနဲ႕တစ္ခု အဆက္အစပ္ေလးေတြနဲ႕မက္ေနတယ္ဆိုရင္လည္း ဒါက သင့္ကိုဆက္သြယ္ဖို႕အေၾကာင္းအရာတစ္ခုလို႕ ေျပာလို႕ရပါတယ္ …။

(၄) အိပ္ရာနိုးလာတဲ့အခါၾကည္လင္လန္းဆန္းေနျပီး သက္ေတာင့္သက္သာျဖစ္ေနမယ္

ေသဆံုးျပီးတဲ့သူေတြကိုအိပ္မက္မက္ျပီး မနက္အိပ္ရာနိုးလာတဲ့အခါ ၾကည္လင္လန္းဆန္းေနမယ္၊ သက္ေတာင့္သက္သာ ျဖစ္ေနမယ္ ဆိုရင္ သူတို႕ေတြက သင့္ရဲ႕က်န္းမာေရးနဲ႔ ပတ္သက္လို႕စိုးရိမ္ေနျပီး သင့္ကို မပင္ပန္းေစခ်င္တာေၾကာင့္ ေကာင္းေကာင္းအနားရေအာင္ ကူညီေပးတယ္လို႕ ဆိုၾကပါတယ္ …။

(၅) သူတို႕ေတြကို နဂိုထက္ပိုငယ္ရြယ္နုနယ္တဲ့ ပံုစံမ်ိဳးေတြ႕ရတယ္

အိပ္မက္ထဲမွာ သူတို႕ေသဆံုးခ်ိန္တုန္းကထက္ ပိုငယ္ရြယ္နုနယ္တဲ့ပံုစံမ်ိဳးျမင္ေတြ႕ရတယ္ဆိုုရင္၊ က်န္းမာေရးေကာင္းတဲ့ပံုစံမ်ိဳးကိုေတြ႕ရတယ္ဆိုရင္ သူတို႕ကို သတိရေနတာကို သူတို႕ကလည္းသိတယ္ဆိုတဲ့အေၾကာင္း အသိေပးတာပါတဲ့။ ျပီးေတာ့ သင့္ကိုလည္း ေပ်ာ္ေပ်ာ္ေနေစခ်င္တယ္လို႕ ေျပာခ်င္တာပဲ ျဖစ္ပါတယ္ …။

(၆) အိပ္မက္လို႕မထင္ရဘူး၊ တကယ့္အျဖစ္အပ်က္လို႕ထင္ရတယ္

တခါတေလ ေသသြားျပီးသားလူကိုအိပ္မက္မက္တဲ့အခါ အိပ္မက္လို႕မထင္ရဘဲ တကယ့္အျဖစ္အပ်က္လို႕ထင္ရတဲ့အခါမ်ိဳးေတြရွိပါတယ္။ အနံအသက္၊ အသံ၊ ျမင္ကြင္း နဲ႕ ခံစားခ်က္ေတြက တကယ့္အျပင္မွာျဖစ္ေနသလိုမ်ိဳး ထင္ရရင္သူတို႕ေတြ သင္နဲ႕အနီးနားတ၀ိုက္မွာရွိေနျပီး သင္နဲ႕ဆက္သြယ္ခ်င္လို႕ ျဖစ္နိုင္ပါတယ္ …။

(၇) စကားေျပာတယ္

ေသဆံုးျပီးတဲ့လူက အိပ္မက္ထဲမွာ စကားေျပာတယ္ဆိုရင္၊ သူတို႕အသံကိုေကာင္းေကာင္းၾကားရတယ္လို႕ မက္ရင္ သူတို႕လက္ရွိေရာက္ေနတဲ့ေနရာမွာ အဆင္ေျပေနျပီဆိုတဲ့ အဓိပၸါယ္ပါ။ သူတို႕ကိုမစိုးရိမ္ဖို႕၊ စိတ္မပူနဲ႕ေတာ့လို႕ ေျပာခ်င္တာပါတဲ႔ေနာ္ …။ ။

MAY THAZINHTOO (Aunty May)

Unicode Version ဖြင့်ဖတ်ရန်

သေပြီးသားလူတစ်ယောက်က သင့်ကိုအိပ်မက်က တဆင့်ဆက်သွယ်ဖို့ ကြိုးစားတဲ့ပုံစံ (၇) မျိုး

ကိုယ့်ဆွေမျိုးသားချင်းတွေထဲက ၊ အသိမိတ်ဆွေတွေထဲက တစ်ယောက်ယောက်သေဆုံးသွားပြီးတဲ့အခါ သူတို့ကို သတိရတဲ့ စိတ်ကတော်တော်နဲ့ မလျော့သွားပါဘူး။ ပြီးတော့ သေဆုံးပြီးတဲ့သူက အသက်ရှင်ကျန်ရစ်တဲ့ သူတွေကို အိပ်မက်ပေးပြီး ဆက်သွယ်ဖို့ကြိုးစားတတ်ကြတယ်လို့လည်း အယူအဆ ရှိကြပါတယ်။ တကယ်ရော အဲ့ဒီလိုအဖြစ်မျိုးရှိပါ့မလား ဆိုတာကတော့ စဉ်းစားစရာပါပဲ။ ဘာပဲပြောပြော ဆုံးပါးသွားတဲ့ တစ်စုံတစ်ယောက်က သင့်ကိုအိပ်မက်ကတဆင့် ဆက်သွယ်ဖို့ကြိုးစားလာရင် ဒီအချက်လေးတွေ ကြုံရတတ်ပါတယ်တဲ့နော် …။

(၁) အိပ်မက်တဲ့ အကြောင်းအရာ အသေးစိတ်ကို မှတ်မိနေတယ်”

မနက်နိုးလာတဲ့အချိန်မှာ အိပ်မက်မက်တဲ့ အကြောင်းအရာတွေကို မေ့သွားတတ်ကြပါတယ်။ မှတ်မိရင်တောင် ဇဝေဇဝါ ဖြစ်နေတုန်းပါ။ အဲ့ဒီလိုမဟုတ်ဘဲ သေဆုံးပြီးသား သူကိုလည်း အိမ်မက်မက်တယ်၊ အကြောင်းအရာ အသေးစိတ်ကိုလည်းမှတ်မိနေတယ်ဆိုရင် သူတို့တွေသင့်ကို တစ်ခုခုပြောချင်နေလို့ ဆက်သွယ်ဖို့ကြိုးစားနေတာကြောင့်ပဲ ဖြစ်ပါတယ် …။

(၂) အိပ်မက်ကနိုးလာချိန်မှာ တစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားရတယ်”

ကိုယ်ချစ်ခင်ရတဲ့သူတွေ ဆုံးပါးသွားခဲ့ပေမယ့် သူတို့တွေကိုယ့်အနားမှာရှိနေတုန်းပဲလို့ စိတ်ထဲကနေထင်နေတတ်ပါတယ်။ ပြီးတော့ ညအိပ်တဲ့အခါ သူတို့ကိုအိပ်မက်မက်ပြီး လန့်နိုးလာတဲ့အချိန်မှာ ဘေးနားကနေတစ်ယောက်ယောက်ကြည့်နေသလိုခံစားချက်မျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာက သူတို့တွေ သင့်ကိုအိပ်မက်ကနေတဆင့်ဆက်သွယ်ဖို့ ကြိုးစားနေလို့ ဖြစ်ပါတယ်တဲ့ …။

(၃) အိပ်မက်တစ်ခုပြီးတစ်ခု ဆက်စပ်ပြီးမက်တယ်”

တစ်ညတည်းမှာ အိပ်မက်တစ်ခုနဲ့တစ်ခု အဆက်အစပ်လေးတွေနဲ့မက်နေတယ်ဆိုရင်လည်း ဒါက သင့်ကိုဆက်သွယ်ဖို့အကြောင်းအရာတစ်ခုလို့ ပြောလို့ရပါတယ် …။

(၄) အိပ်ရာနိုးလာတဲ့အခါကြည်လင်လန်းဆန်းနေပြီး သက်တောင့်သက်သာဖြစ်နေမယ်

သေဆုံးပြီးတဲ့သူတွေကိုအိပ်မက်မက်ပြီး မနက်အိပ်ရာနိုးလာတဲ့အခါ ကြည်လင်လန်းဆန်းနေမယ်၊ သက်တောင့်သက်သာ ဖြစ်နေမယ် ဆိုရင် သူတို့တွေက သင့်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့စိုးရိမ်နေပြီး သင့်ကို မပင်ပန်းစေချင်တာကြောင့် ကောင်းကောင်းအနားရအောင် ကူညီပေးတယ်လို့ ဆိုကြပါတယ် …။

(၅) သူတို့တွေကို နဂိုထက်ပိုငယ်ရွယ်နုနယ်တဲ့ ပုံစံမျိုးတွေ့ရတယ်

အိပ်မက်ထဲမှာ သူတို့သေဆုံးချိန်တုန်းကထက် ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဆိုရင်၊ ကျန်းမာရေးကောင်းတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုရင် သူတို့ကို သတိရနေတာကို သူတို့ကလည်းသိတယ်ဆိုတဲ့အကြောင်း အသိပေးတာပါတဲ့။ ပြီးတော့ သင့်ကိုလည်း ပျော်ပျော်နေစေချင်တယ်လို့ ပြောချင်တာပဲ ဖြစ်ပါတယ် …။

(၆) အိပ်မက်လို့မထင်ရဘူး၊ တကယ့်အဖြစ်အပျက်လို့ထင်ရတယ်

တခါတလေ သေသွားပြီးသားလူကိုအိပ်မက်မက်တဲ့အခါ အိပ်မက်လို့မထင်ရဘဲ တကယ့်အဖြစ်အပျက်လို့ထင်ရတဲ့အခါမျိုးတွေရှိပါတယ်။ အနံအသက်၊ အသံ၊ မြင်ကွင်း နဲ့ ခံစားချက်တွေက တကယ့်အပြင်မှာဖြစ်နေသလိုမျိုး ထင်ရရင်သူတို့တွေ သင်နဲ့အနီးနားတဝိုက်မှာရှိနေပြီး သင်နဲ့ဆက်သွယ်ချင်လို့ ဖြစ်နိုင်ပါတယ် …။

(၇) စကားပြောတယ်

သေဆုံးပြီးတဲ့လူက အိပ်မက်ထဲမှာ စကားပြောတယ်ဆိုရင်၊ သူတို့အသံကိုကောင်းကောင်းကြားရတယ်လို့ မက်ရင် သူတို့လက်ရှိရောက်နေတဲ့နေရာမှာ အဆင်ပြေနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ သူတို့ကိုမစိုးရိမ်ဖို့၊ စိတ်မပူနဲ့တော့လို့ ပြောချင်တာပါတဲ့နော် …။ ။

MAY THAZINHTOO (Aunty May)