ကြြၽန္မ ေနႏိုင္ေနပါၿပီ အရင္လို ဖုန္းမဆက္လို႔လဲ သိပ္ၿပီး ဝမ္းမနည္းေတာ့ဘူး

ကြၽန္မ ေနႏိုင္ေနပါၿပီ အရင္လို ဖုန္းမဆက္လို႔လဲ သိပ္ၿပီး ဝမ္းမနည္းေတာ့ဘူး

ကြၽန္မ ေနႏိုင္ေနပါၿပီ အရင္လို ဖုန္းမဆက္ လို႔လဲ သိပ္ၿပီး ဝမ္းမနည္းေတာ့ဘူး မအားတာပဲ ေနမွာပါလို႔လဲ ျဖည့္မေတြး ျဖစ္ေတာ့ဘူး … ။

သတိရတဲ့ အခါပဲ ျဖစ္ျဖစ္ ဆက္ခ်င္တဲ့အခါျဖစ္ျဖစ္ ဆက္လာ လိမ့္မယ္ ဆိုတာေလာက္ပဲ ေတြးျဖစ္ေတာ့ တယ္ အရင္လို ဖုန္းေဘးနား ငုတ္တုတ္ ထိုင္ၿပီး ေမွ်ာ္မေနေတာ့ဘူး … ။

ကြၽန္မ ရင့္က်က္ စျပဳလာ ပါၿပီ . . . အရင္လို ခဏခဏ မတမ္းတျဖစ္ေတာ့ဘူး တစ္ခုခုျဖစ္တိုင္း တိုက္ဆိုင္တိုင္း ကိုယ့္ဘက္ ကသာ အေမာတေကာနဲ႔ သတိေတြ ရလိုက္ ရတာ သူ႔ကေတာ့ ဘာကိုမွ မွတ္မွတ္ရရ မရွိဘူး …. ။
ခုကြၽန္မလဲ ဒီလိုပါပဲ အမွတ္တရေတြ ရွိလာရင္ေတာင္ အမွတ္တမဲ့ေလး ေနႏိုင္လာတဲ့ အထိ ကြၽန္မ ရင့္က်က္ေန ပါၿပီ ။

ကြၽန္မ အဆင္ေျပေန ပါၿပီ . . . အရင္လို အမ်ားႀကီး မေမွ်ာ္လင့္ျဖစ္ေတာ့ဘူး ကတိေတြကိုပဲ ျဖစ္ျဖစ္ လုပ္ေပး မယ္လို႔ ေျပာထားတာေတြကို ပဲျဖစ္ျဖစ္ ကြၽန္မ သိပ္ၿပီး ေမွ်ာ္လင့္မထားေတာ့ဘူး …. ။

ျဖစ္ခ်ိန္တန္မွ ျဖစ္လာေရာေပါ့ ျဖစ္မလာလို ႔လဲ သိပ္ၿပီး ႀကီးႀကီးမားမား ခံစားမေနေတာ့ဘူး အရင္တုန္းက စိတ္နဲ႔သာ ဆိုရင္ ျဖစ္မလာတိုင္း ျဖစ္မလာ တိုင္း ကြၽန္မမွာ ေသမတတ္ကို နာက်င္ရခဲ့တာ …

ကြၽန္မ လြတ္လပ္စျပဳ လာပါၿပီ . . . အရင္လို အမ်ားႀကီး မခ်စ္ မိေတာ့ဘူး ခ်စ္တယ္ဆိုတဲ့စကားကို ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး ေျပာခဲ့တဲ့ ကြၽန္မ ထပ္မခ်စ္ေအာင္ ဆိုတာထက္ မ်ားႀကီးမခ်စ္မိေအာင္ ဆင္ျခင္ေနတယ္ … ။

ဒီလူေတာ့ ငါ့အနားမွာ တစ္သက္လုံးရွိေနမွာပဲဆိုတဲ့အေတြးေတြ ေခါင္းထဲမွာ မရွိေတာ့ဘူး ေရစက္ပါ သေလာက္ ခ်စ္ေနမယ္ ဝဋ္ေႂကြးပါသေလာက္ဆပ္မယ္ ဒီေလာက္ ပါပဲ … ။

ဒါနဲ႔ ကြၽန္မ ရက္စက္တယ္ ဆိုတဲ့ ေခါင္းစဥ္တပ္ မလား . . .

တကယ္ေတာ့ အသက္ဝင္ေနတဲ့ ႏွလုံးသားကို သူကိုယ္တိုင္ပဲ ေရခဲ႐ိုက္ၿပီး အသက္မဲ့ေစ ခဲ့တာပါ အခုလို ေအးတိေအးစက္ ႏိုင္သြားကာမွ

ကြၽန္မကို ရက္စက္လိုက္တာဆိုတဲ့ ေခါင္းစဥ္တပ္ လိုက္တာက ကြၽန္မအတြက္ ပိုၿပီး ရက္စက္ရာ မေရာက္ဘူးလား ေျဖပါ ။

သွ်င္ယြန္း

Unicode

ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး

ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက် လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး မအားတာပဲ နေမှာပါလို့လဲ ဖြည့်မတွေး ဖြစ်တော့ဘူး … ။

သတိရတဲ့ အခါပဲ ဖြစ်ဖြစ် ဆက်ချင်တဲ့အခါဖြစ်ဖြစ် ဆက်လာ လိမ့်မယ် ဆိုတာလောက်ပဲ တွေးဖြစ်တော့ တယ် အရင်လို ဖုန်းဘေးနား ငုတ်တုတ် ထိုင်ပြီး မျှော်မနေတော့ဘူး … ။

ကျွန်မ ရင့်ကျက် စပြုလာ ပါပြီ . . . အရင်လို ခဏခဏ မတမ်းတဖြစ်တော့ဘူး တစ်ခုခုဖြစ်တိုင်း တိုက်ဆိုင်တိုင်း ကိုယ့်ဘက် ကသာ အမောတကောနဲ့ သတိတွေ ရလိုက် ရတာ သူ့ကတော့ ဘာကိုမှ မှတ်မှတ်ရရ မရှိဘူး …. ။
ခုကျွန်မလဲ ဒီလိုပါပဲ အမှတ်တရတွေ ရှိလာရင်တောင် အမှတ်တမဲ့လေး နေနိုင်လာတဲ့ အထိ ကျွန်မ ရင့်ကျက်နေ ပါပြီ ။

ကျွန်မ အဆင်ပြေနေ ပါပြီ . . . အရင်လို အများကြီး မမျှော်လင့်ဖြစ်တော့ဘူး ကတိတွေကိုပဲ ဖြစ်ဖြစ် လုပ်ပေး မယ်လို့ ပြောထားတာတွေကို ပဲဖြစ်ဖြစ် ကျွန်မ သိပ်ပြီး မျှော်လင့်မထားတော့ဘူး …. ။

ဖြစ်ချိန်တန်မှ ဖြစ်လာရောပေါ့ ဖြစ်မလာလို့လဲ သိပ်ပြီး ကြီးကြီးမားမား ခံစားမနေတော့ဘူး အရင်တုန်းက စိတ်နဲ့သာ ဆိုရင် ဖြစ်မလာတိုင်း ဖြစ်မလာ တိုင်း ကျွန်မမှာ သေမတတ်ကို နာကျင်ရခဲ့တာ …

ကျွန်မ လွတ်လပ်စပြု လာပါပြီ . . . အရင်လို အများကြီး မချစ် မိတော့ဘူး ချစ်တယ်ဆိုတဲ့စကားကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပြောခဲ့တဲ့ ကျွန်မ ထပ်မချစ်အောင် ဆိုတာထက် များကြီးမချစ်မိအောင် ဆင်ခြင်နေတယ် … ။

ဒီလူတော့ ငါ့အနားမှာ တစ်သက်လုံးရှိနေမှာပဲဆိုတဲ့အတွေးတွေ ခေါင်းထဲမှာ မရှိတော့ဘူး ရေစက်ပါ သလောက် ချစ်နေမယ် ဝဋ်ကြွေးပါသလောက်ဆပ်မယ် ဒီလောက် ပါပဲ … ။

ဒါနဲ့ ကျွန်မ ရက်စက်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် မလား . . .

တကယ်တော့ အသက်ဝင်နေတဲ့ နှလုံးသားကို သူကိုယ်တိုင်ပဲ ရေခဲရိုက်ပြီး အသက်မဲ့စေ ခဲ့တာပါ အခုလို အေးတိအေးစက် နိုင်သွားကာမှ

ကျွန်မကို ရက်စက်လိုက်တာဆိုတဲ့ ခေါင်းစဉ်တပ် လိုက်တာက ကျွန်မအတွက် ပိုပြီး ရက်စက်ရာ မရောက်ဘူးလား ဖြေပါ ။

သျှင်ယွန်း