ေယာက်ၤားေလးေတြကို ယံုၾကည္မႈ အျပည့္အ၀ မေပးသင့္တဲ့ အေၾကာင္းအရင္းမ်ား

ေယာက်ၤားေလးေတြကို ယံုၾကည္မႈ အျပည့္အ၀ မေပးသင့္တဲ့ အေၾကာင္းအရင္းမ်ား

ဘယ္လိုပဲ ေခတ္မီ တိုးတက္တဲ့ ေခတ္ႀကီး ျဖစ္ပါေစ၊ မိန္းကေလးေတြထက္ ေယာက်ၤားေလးေတြက ပိုၿပီး အခြင့္အေရးေတြ ရေနတာမ်ိဳးနဲ႔ အားသာမႈ ရွိေနတာမ်ိဳး ရွိေနဆဲပါပဲ။

ခ်စ္သူထားတဲ့ မိန္းကေလးေတြအဖို႔ ေကာင္ေလးေတြကို ခ်စ္တဲ့စိတ္နဲ႔ ယံုၾကည္မႈကို အျပည့္အဝ မေပးသင့္တဲ့ အေၾကာင္းအရင္းေတြ ရွိေနၿပီး ကိုယ္က မိန္းကေလးဆိုတဲ့ အသိကို ဒီအခ်က္ေတြေၾကာင့္ အျမဲ ေတြးထားဖို႔ လိုအပ္ပါတယ္။

၁။ လူေကာင္းခ်ည္းပဲ ရွိမေနဘူး

ကိုယ္က ခ်စ္မိသြားလို႔ ကိုယ္ ခ်စ္တဲ့သူက လူေကာင္းပါလို႔ လြယ္လြယ္ ေျပာလို႔ မရပါဘူး။ ငယ္ငယ္တည္းက သိလာတဲ့ သူေတြဆိုရင္ ေျပာလို႔ ရေပမယ့္ သူစိမ္းႏွစ္ေယာက္က ရင္းႏွီးရာကေန ခံစားမႈေတြျဖစ္ ခ်စ္မိသြားတာမ်ိဳးကိုေတာ့ ကိုယ့္ဘက္ကပဲ ခ်စ္တယ္လို႔ အာမခံလို႔ ရပါလိမ့္မယ္။

သူက ကိုယ့္ကို ခ်စ္ပါတယ္ဆိုၿပီး အျပဳအမူေတြနဲ႔ အေျပာကိုပဲ ၾကည့္ၿပီး ယံုလို႔ မျဖစ္ပါဘူး။ အေျပာေကာင္းသူေတြ ရွိေနသလို သင့္ဆီကို ခဏတာ ေပ်ာ္ရႊင္ဖို႔နဲ႔ လိင္ကိစၥသက္သက္အတြက္ ခ်ဥ္းကပ္လာသူေတြ ရွိေနတတ္လို႔ အျပည့္ မယံုတာ ပိုေကာင္းပါတယ္။

၂။ စိတ္ဆိုတာ တသမတ္တည္း မရွိဘူး

စိတ္ဆိုုတာ အင္မတန္ ဆန္းၾကယ္ပါတယ္။ ကိုယ့္ကို ခ်စ္ေနတယ္ ဆိုေပမယ့္ ေနာက္တစ္ပတ္ေလာက္မွာ သူ တကယ္ခ်စ္တဲ့သူကို ေတြ႔လိုက္ရတာမ်ိဳးလည္း ရွိေနတတ္ပါတယ္။

သစၥာေဖာက္တယ္လို႔ လူမႈစည္းမ်ဥ္းအရ ေျပာၾကမွာ ဆိုေပမယ့္ သူ႔အတြက္ေတာ့ သင့္ကို ခ်စ္ၿပီးမွ ေနာက္ထပ္ ထပ္ၿပီး ခ်စ္မိသြားတဲ့သူ ထပ္ေပၚလာတာမ်ိဳးပါပဲ။ ဒါေၾကာင့္ လံုးဝ ယံုၾကည္မႈ မေပးတာက ေမွ်ာ္လင့္သလို ျဖစ္မလာတဲ့အခါ နာက်င္မႈေတြကို သက္သာေစပါလိမ့္မယ္။

၃။ အရင္ဆံုး ရင္ဆိုင္ရမွာ ကိုယ္ပဲ

ဒီေန႔ေခတ္ ခ်စ္သူရည္းစားေတြမွာေတာ့ အတူေနတဲ့ ကိစၥေတြပါ ေျပာဆိုလာၾကတာ ရွိပါတယ္။ ေကာင္ေလးေတြကေတာ့ ေတာင္းဆိုတာ လြယ္ေပမယ့္ ကိုယ့္ဘက္ စဥ္းစားဖို႔ လိုပါလိမ့္မယ္။ ဘယ္ေလာက္ပဲ အေျပာေကာင္းေကာင္း အတူေနၿပီးသြားရင္ ဘယ္လို ပံုစံ ေျပာင္းလဲသြားမလဲဆိုတာ မသိႏိုင္ပါဘူး။

ဒါ့အျပင္ မေတာ္တဆ ကိုယ္ဝန္ရွိသြားၿပီဆိုရင္ လူမႈေရးအရေရာ၊ က်န္းမာေရးအရပါ ကိုယ္ပဲ အရင္ဆံုး ထိခိုက္ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ယံုၾကည္မႈနဲ႔ အတူေနတာမ်ိဳးကို မလိုက္ေလ်ာလုိက္ဖို႔လည္း လိုအပ္ေနပါတယ္။

၄။ ေနာင္တေတြနဲ႔ မရွင္သန္ခ်င္ပါနဲ႔

ကိုယ့္ရဲ႕ လုပ္ရပ္ေတြ၊ ဆံုးျဖတ္မႈေတြကို ေနာင္အခ်ိန္မွာ ျပန္ေတြးမိၿပီး ေနာင္တရေနေစမွာမ်ိဳးထက္ အခုတည္းက ေနာင္က် ေနာင္တရႏိုင္တယ္လို႔ ေတြးမိရင္ အဲ့အလုပ္ကို မလုပ္တာ အေကာင္းဆံုးပါပဲ။

ကိုယ့္အေပၚ ဆုိးလြန္းတဲ့သူကိုမွ အတင္းဖက္တြယ္တာကလည္း ကိုယ္ပဲ ပ်က္စီးမွာပါ၊ မယံုၾကည္ဘူးလို႔ ထင္မွာစိုးလို႔ အတူေနဖို႔ လိုက္ေလ်ာတာကလည္း ကိုယ္က ကိုယ္ဝန္မရွိသြားရင္ေတာင္ ကိုယ့္ကိုယ္ကို ငါက ဒီလိုေကာင္မ်ိဳးကို လိုက္ေလ်ာမိတယ္ဆိုတဲ့ မေက်နပ္စိတ္နဲ႔ ပူေလာင္မႈ ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူ ျဖစ္တိုင္း လံုးဝ ယတိျပတ္ မယံုလိုက္ဖို႔က သိပ္ကို အေရးႀကီးတာပါ။

၅။ အခ်ိန္ေတြက သက္ေသပဲ

ကိုယ့္ခ်စ္သူကို ကိုယ္က မယံုလို႔ သူ႔ဘက္က စိတ္မေကာင္းျဖစ္ၿပီး ျပတ္စဲသြားရင္ ဘယ္လို လုပ္မလဲလို႔ တစ္ခ်ိဳ႕ ေတြးၾကပါလိမ့္မယ္။ ယံုၾကည္မႈမွာ ႏွစ္မ်ိဳး ရွိပါတယ္။ ကိုယ့္ခံစားခ်က္သက္သက္နဲ႔ ယံုမိတာမ်ိဳးနဲ႔ အျပန္အလွန္ ယံုၾကည္မႈ တည္ေဆာက္ထားၿပီး အေသြးအသားထဲက ယံုၾကတာမ်ိဳးပါ။

ဒီလို ျဖစ္ဖို႔ဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အလိုလို ယံုၾကည္မႈ ေပးကို ေပးရမယ္ဆိုတာမ်ိဳးထက္ အခ်ိန္ေတြအမ်ားႀကီး အတူ ျဖတ္သန္းၾကရင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္လိုလူမ်ိဳးဆိုတာကို နားလည္လာၿပီး ယံုၾကည္မႈ ရွိလာၾကတဲ့ အခ်ိန္ေတြက အေကာင္းဆံုးပါပဲ။ အဲ့မတိုင္ခင္ ျပတ္စဲသြားရင္ေတာ့ ကိုယ့္လက္တြဲေဖာ္အစစ္ မဟုတ္ဘူးလို႔ပဲ ယူဆလိုက္သင့္ပါတယ္။

Kham

Unicode

ယောင်္ကျားလေးတွေကို ယုံကြည်မှု အပြည့်အ၀ မပေးသင့်တဲ့ အကြောင်းအရင်းများ

ဘယ်လိုပဲ ခေတ်မီ တိုးတက်တဲ့ ခေတ်ကြီး ဖြစ်ပါစေ၊ မိန်းကလေးတွေထက် ယောင်္ကျားလေးတွေက ပိုပြီး အခွင့်အရေးတွေ ရနေတာမျိုးနဲ့ အားသာမှု ရှိနေတာမျိုး ရှိနေဆဲပါပဲ။

ချစ်သူထားတဲ့ မိန်းကလေးတွေအဖို့ ကောင်လေးတွေကို ချစ်တဲ့စိတ်နဲ့ ယုံကြည်မှုကို အပြည့်အဝ မပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိနေပြီး ကိုယ်က မိန်းကလေးဆိုတဲ့ အသိကို ဒီအချက်တွေကြောင့် အမြဲ တွေးထားဖို့ လိုအပ်ပါတယ်။

၁။ လူကောင်းချည်းပဲ ရှိမနေဘူး

ကိုယ်က ချစ်မိသွားလို့ ကိုယ် ချစ်တဲ့သူက လူကောင်းပါလို့ လွယ်လွယ် ပြောလို့ မရပါဘူး။ ငယ်ငယ်တည်းက သိလာတဲ့ သူတွေဆိုရင် ပြောလို့ ရပေမယ့် သူစိမ်းနှစ်ယောက်က ရင်းနှီးရာကနေ ခံစားမှုတွေဖြစ် ချစ်မိသွားတာမျိုးကိုတော့ ကိုယ့်ဘက်ကပဲ ချစ်တယ်လို့ အာမခံလို့ ရပါလိမ့်မယ်။

သူက ကိုယ့်ကို ချစ်ပါတယ်ဆိုပြီး အပြုအမူတွေနဲ့ အပြောကိုပဲ ကြည့်ပြီး ယုံလို့ မဖြစ်ပါဘူး။ အပြောကောင်းသူတွေ ရှိနေသလို သင့်ဆီကို ခဏတာ ပျော်ရွှင်ဖို့နဲ့ လိင်ကိစ္စသက်သက်အတွက် ချဉ်းကပ်လာသူတွေ ရှိနေတတ်လို့ အပြည့် မယုံတာ ပိုကောင်းပါတယ်။

၂။ စိတ်ဆိုတာ တသမတ်တည်း မရှိဘူး

စိတ်ဆိုတာ အင်မတန် ဆန်းကြယ်ပါတယ်။ ကိုယ့်ကို ချစ်နေတယ် ဆိုပေမယ့် နောက်တစ်ပတ်လောက်မှာ သူ တကယ်ချစ်တဲ့သူကို တွေ့လိုက်ရတာမျိုးလည်း ရှိနေတတ်ပါတယ်။

သစ္စာဖောက်တယ်လို့ လူမှုစည်းမျဉ်းအရ ပြောကြမှာ ဆိုပေမယ့် သူ့အတွက်တော့ သင့်ကို ချစ်ပြီးမှ နောက်ထပ် ထပ်ပြီး ချစ်မိသွားတဲ့သူ ထပ်ပေါ်လာတာမျိုးပါပဲ။ ဒါကြောင့် လုံးဝ ယုံကြည်မှု မပေးတာက မျှော်လင့်သလို ဖြစ်မလာတဲ့အခါ နာကျင်မှုတွေကို သက်သာစေပါလိမ့်မယ်။

၃။ အရင်ဆုံး ရင်ဆိုင်ရမှာ ကိုယ်ပဲ

ဒီနေ့ခေတ် ချစ်သူရည်းစားတွေမှာတော့ အတူနေတဲ့ ကိစ္စတွေပါ ပြောဆိုလာကြတာ ရှိပါတယ်။ ကောင်လေးတွေကတော့ တောင်းဆိုတာ လွယ်ပေမယ့် ကိုယ့်ဘက် စဉ်းစားဖို့ လိုပါလိမ့်မယ်။ ဘယ်လောက်ပဲ အပြောကောင်းကောင်း အတူနေပြီးသွားရင် ဘယ်လို ပုံစံ ပြောင်းလဲသွားမလဲဆိုတာ မသိနိုင်ပါဘူး။

ဒါ့အပြင် မတော်တဆ ကိုယ်ဝန်ရှိသွားပြီဆိုရင် လူမှုရေးအရရော၊ ကျန်းမာရေးအရပါ ကိုယ်ပဲ အရင်ဆုံး ထိခိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုနဲ့ အတူနေတာမျိုးကို မလိုက်လျောလိုက်ဖို့လည်း လိုအပ်နေပါတယ်။

၄။ နောင်တတွေနဲ့ မရှင်သန်ချင်ပါနဲ့

ကိုယ့်ရဲ့ လုပ်ရပ်တွေ၊ ဆုံးဖြတ်မှုတွေကို နောင်အချိန်မှာ ပြန်တွေးမိပြီး နောင်တရနေစေမှာမျိုးထက် အခုတည်းက နောင်ကျ နောင်တရနိုင်တယ်လို့ တွေးမိရင် အဲ့အလုပ်ကို မလုပ်တာ အကောင်းဆုံးပါပဲ။

ကိုယ့်အပေါ် ဆိုးလွန်းတဲ့သူကိုမှ အတင်းဖက်တွယ်တာကလည်း ကိုယ်ပဲ ပျက်စီးမှာပါ၊ မယုံကြည်ဘူးလို့ ထင်မှာစိုးလို့ အတူနေဖို့ လိုက်လျောတာကလည်း ကိုယ်က ကိုယ်ဝန်မရှိသွားရင်တောင် ကိုယ့်ကိုယ်ကို ငါက ဒီလိုကောင်မျိုးကို လိုက်လျောမိတယ်ဆိုတဲ့ မကျေနပ်စိတ်နဲ့ ပူလောင်မှု ခံစားရတတ်ပါတယ်။ ဒါကြောင့် ချစ်သူ ဖြစ်တိုင်း လုံးဝ ယတိပြတ် မယုံလိုက်ဖို့က သိပ်ကို အရေးကြီးတာပါ။

၅။ အချိန်တွေက သက်သေပဲ

ကိုယ့်ချစ်သူကို ကိုယ်က မယုံလို့ သူ့ဘက်က စိတ်မကောင်းဖြစ်ပြီး ပြတ်စဲသွားရင် ဘယ်လို လုပ်မလဲလို့ တစ်ချို့ တွေးကြပါလိမ့်မယ်။ ယုံကြည်မှုမှာ နှစ်မျိုး ရှိပါတယ်။ ကိုယ့်ခံစားချက်သက်သက်နဲ့ ယုံမိတာမျိုးနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားပြီး အသွေးအသားထဲက ယုံကြတာမျိုးပါ။

ဒီလို ဖြစ်ဖို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အလိုလို ယုံကြည်မှု ပေးကို ပေးရမယ်ဆိုတာမျိုးထက် အချိန်တွေအများကြီး အတူ ဖြတ်သန်းကြရင်း တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုလူမျိုးဆိုတာကို နားလည်လာပြီး ယုံကြည်မှု ရှိလာကြတဲ့ အချိန်တွေက အကောင်းဆုံးပါပဲ။ အဲ့မတိုင်ခင် ပြတ်စဲသွားရင်တော့ ကိုယ့်လက်တွဲဖော်အစစ် မဟုတ်ဘူးလို့ပဲ ယူဆလိုက်သင့်ပါတယ်။

Kham