Video ကြည့်ရန်
Unicode Version ဖြင့်ဖတ်ရန်
ရည်စားဟောင်းသံစဉ်မောင်ကို သတိပေးစာထုတ်ခဲ့ လို့ ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး ဖြေရှင်းလာတဲ့နေဒွေး..
သရုပ်ဆောင် နေဒွေးကတော့ အောင်မြင်တဲ့ အနုပညာလမ်းမှာ လျှောက်လှန်းနေရုံသာမက တစ်ဖက်မှာလည်း မိဘစီးပွားရေးကို ဦးဆောင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ် …။
နေဒွေးကတော့ဒီနေ့မှာ အမှုရင်ဆိုင်ခဲ့ရတဲ့ ရည်စားဟောင်း သံစဉ်မောင် interview ဖြေထားတာဟာ သူ့အတွက်လုံးဝအဆင်မပြေတာကြောင့် သတိပေးစာထုတ်ခဲ့တာပဲဖြစ်ပါတယ်။ နေဒွေးကတော့ သတိပေးစာကြောင့် ဝေဖန်မှုတွေခံနေရတာပဲ ဖြစ်ပါတယ် …။
နေဒွေးက “ပြသနာတွေရဲ့အစက လွန်ခဲ့တဲ့ ၂ရက်ကျော်က ဒီအင်တာဗျူးကိုသူ့ဘက်ကဖြေခဲ့လို့ စဖြစ်တာပါ…ဆရာ့ရှေ့မှာ နှစ်ဉီးနှစ်ဖက် ကြေအေးပြီးထဲက အင်တာဗျူးတွေ ပုတ်ခတ်ပြောဆိုပြီးမဖြေဖို့ ကတိပေးခဲ့ပါသည်…ဒီနေ့အချိန်ထိလည်း သူ့နဲ့ပတ်သတ်ပြီးလုံးဝမဖြေပါဖူးခင်ဗျ။ အခုသူဖြေထားတာက ကျွန်တောိ့အတွက်လုံးဝအဆင်မပြေလို့ သတိပေးစာ ထုတ်ခဲ့တော့ ကျွန်တော် အပြစ်ထပ်ဖြစ်ပါတယ် …
အဲ့တော့အကြောင်းစုံ သိချင်သူများလွန်ခဲ့သော ၂ရက်က Cele Gaber မှာ သူဖြေထားတာလေးသွားကြည့်ပြီး ဆုံးဖြတ်ပေးကြပါ…အဲ့အင်တာဗျူးကြည့်ပြီး ကျွန်တော်သတိပေးစာ ထုတ်ခဲ့တာမှားတယ် ဆိုလဲ စိတ်မကောင်းစွာ တောင်းပန်ပါတယ်…အဓိကက အဖြစ်မှန်ကိုပဲ သိစေချင်တာပါ ဆရာ့စကားနားထောင်ပြီးသတိပေးစာလည်း ဖျက်လိုက်ပါသည်…
နောက်ထပ်လည်း ဘာမှမဖြေရှင်းတော့ပါဖူး ခင်ဗျ…အပြောခံရတဲ့ဝဠ်ပါလို့ အပြောခံရတယ်ပဲ မှတ်ပါတယ်…မဆိုင်တဲ့သူတွေကိုတော့ထည့်မပြောစေချင်ပါဘူး…ကျွန်တော့် CB မှာလာဆဲနေသူများကိုလည်း အေးဆေးတယောက်ချင်းစီ ရှင်းပြပါတယ်ခင်ဗျ…နောက်ထပ်ဘာမှ ထပ်ပြီးဖြေရှင်းမှာ မဟုတ်တော့ပါဖူးခင်ဗျ…အထင်လွဲနေသူတွေလည်း စိတ်မဆိုးပါဖူးဗျ…အဲ့ အင်တာဗျူးလေးတော့ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်…
မန့်တွေပိတ်တာလဲ အဖြစ်မှန်မသိဘဲဆဲဆိုနေကြတဲ့သူတွေ အကုသိုလ်မရောက်စေချင်လို့ပါ…သူ့ကိုလဲ ထိခိုက်သွားရင် စိတ်မကောင်းပါဖူး အဓိကက အင်တာဗျူးမှာဖြေထားတာတွေတချို့ကအဆင်မပြေလို့ပါ။” ဆိုပြီး ဝေဖန်နေကြတဲ့ သူတွေကို ပြန်ရှင်းပြထားတာပဲဖြစ်ပါတယ်…”ဆိုပြီး တင်ထားခဲ့ပါတယ် …။
ပရိသတ်ကြီးအတွက်သံစဉ်မောင်ရဲ့ interview ဗီဒီယိုဖိုင်လေးက်ိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ဗီဒီယိုလေးကြည့်ပြီး ထင်မြင်ချက်လေးတွေကို ပြောပေးခဲ့ကြပါအုံးနော် …။ ။
Video ကြည့်ရန်