













ဘဝကိုဖြတ်သန်းတယ်











Credit

Unicode

ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ

ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး

နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ🌼

အကောင်းမြင်စိတ်ဆိုတာ တော်ရုံလူမှာ မရှိနိုင်ဘူး

စာနာ တတ်တဲ့လူမှာပဲရှိတယ် အကောင်းမြင်စိတ်လေးမွေးမြူနိုင်ပါစေ🌼

အချစ်ဆိုတာ ဦးနှောက်ကနေ ဖြစ်တည်တာမဟုတ်ဘူး

နှလုံးသားကနေ ပေါက်ဖွားလာတာ ဘဝအတွက်ဆိုရင်တော့

နှလုံးသားနဲ့ ဦးနှောက် ဆတူ စဉ်းစားဆုံးဖြတ်တတ်ပါစေ🌼

မနာလိုစိတ် ဆိုတာ ကိုယ့်ထက်သူသာနေလို့ဖြစ်တာ

ကိုယ့်ထက်သူ တော်နေလို့ဖြစ်တာ မနာလိုစိတ်တွေ ဖယ်ထုတ်နိုင်ပါစေ🌼

လူကြားထဲ ထင်ပေါ်ခံချင်တဲ့သူက မရှိတာကို အရှိလုပ်ပြီးကြွားတယ်

ပညာတတ်ဖြစ်ကြောင်းလည်း ကြွားတယ်

ဉာဏ်ပညာကြီးတဲ့သူက သိုသိုသိပ်သိပ်နဲ့

ဘဝကိုဖြတ်သန်းတယ်

အေးအေးချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းနိုင်ပါစေ🌼

လောဘတွေကြီးလာရင် ရယူသင့် မသင့်

လုပ်သင့် မလုပ်သင့် ဖြစ်သင့် မဖြစ်သင့် မစဉ်းစားဘဲ

အကုန်လုံးကို လိုချင်လာတယ် ကိုယ့်ရှိသလောက်နဲ့ ရောင့်ရဲနိုင်ပါစေ🌼

လူတစ်ယောက်မှာ ရုပ်လှဖို့ ရုပ်ချောဖို့ထက်

စာရိတ္တကောင်းစွာနဲ့ နှလုံးသားဖြူစင်နေရင်

ဘယ်နေရာရာရောက်ရောက် အများကြားခေါင်းမော့နေနိုင်ပါတယ်🌼

အရာအားလုံးဟာ ခဏတာဆိုတဲ့

သင်္ခါရသဘောတရားကိုလည်း နားလည်နိုင်ပါစေ🌼

ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ🌼

Credit