ခ်စ္သူေတြ လမ္းခြဲျပတ္စဲသင့္တဲ့ အေျခအေန အခ်ိန္အခါ(၄)ခု…

ခ်စ္သူေတြ လမ္းခြဲျပတ္စဲသင့္တဲ့ အေျခအေန အခ်ိန္အခါ(၄)ခု…

ခ်စ္သူ ရည္းစားထားတဲ့အခါ ခ်စ္ၿပီး အဆင္ေျပေျပ ေရွ႕ဆက္သြားႏိုင္တာလည္း ရွိသလို အဆင္မေျပ ၾကေတာ႔လို႔ မခ်စ္ၾကေတာ့တာ မ်ိဳးလည္း ရွိပါတယ္။ ခ်စ္ေနၾကဆဲေပမယ့္ ျပတ္စဲလိုက္ရတဲ့ သူေတြလည္း ရွိေနပါတယ္။ ခ်စ္သူႏွစ္ဦး ရွိသင့္တဲ့ အေျခအေနေတြလည္း ရွိေနသလို ခ်စ္သူႏွစ္ဦး လမ္းခြဲ ျပတ္စဲသင့္ၿပီဆိုတာကို ေဖာ္ျပေနတဲ့ အခုလို အေျခအေနေတြလည္း ရွိလို႔ ေနပါတယ္ေနာ္ …။

(၁) ညွိႏႈိင္းလို႔ မရေတာ့တဲ့အခါ…

တစ္ေယာက္နဲ႔ တစ္ေယာက္ ညွိလို႔ ႏိႈင္းလို႔ေတာင္ မရေတာ့တဲ့ အေျခအေနေတြဆိုတာ ရွိပါတယ္။ လူတိုင္းမွာ အိမ္မက္ဆိုတာ ရွိပါတယ္။ အိပ္မက္ေတြက ဆန္႔က်င္ဘက္ ျဖစ္ေနရင္လည္း ညွိလို႔ အဆင္မေျပႏိုင္ပါဘူး။ ေရွ႕ဆက္ေလွ်ာက္ရမယ့္လမ္းအတြက္ ဘယ္လိုမွ ညွိႏိႈင္းလို႔ မရတဲ့အခါ ကိုယ့္လမ္း ကိုယ္ ဆက္ေလွ်ာက္ၾကရတာပါပဲ …။

(၂) ဘယ္လိုမွ အဆင္မေျပေတာ့တဲ့အခါ…

ႏွစ္ေတြ အၾကာႀကီး လက္တြဲေနၾကေပမယ့္ တျဖည္းျဖည္း အဆင္မေျပ ျဖစ္လာတယ္။ ထမင္းစား ေရေသာက္တာကစလို႔ စကားမ်ား ရန္ျဖစ္တာေတြ စိတ္လာမ်ိဳးကလည္း အခ်က္ျပေနတဲ့ သေဘာပါပဲ။ အမွားေတြကို စုၿပီး ေတြးၾကရင္း တစ္ေယာက္ကို တစ္ေယာက္ အျမင္မၾကည္လင္တာေတြပါ ျဖစ္ေနၿပီဆိုရင္ေတာ့ ႏွစ္ေယာက္သား လမ္းခြဲမွသာ ေျပလည္သြားႏိုင္မယ့္ သေဘာ ျဖစ္ပါတယ္ …။

(၃) မခ်စ္ေတာ့တဲ့အခါ…

အခ်စ္မရွိပဲနဲ႔လည္း ဆက္ဆံေရး တစ္ခုက ေရွ႕ဆက္လို႔ ရတယ္လို႔ ဆိုၾကေပမယ့္ သံေယာဇဥ္နဲ႔ ေမတၱာ ရွိမွသာ ဒီလို ျဖစ္ႏိုင္တာပါ။ လူႏွစ္ေယာက္ ပတ္သတ္တဲ့အခါ အခ်စ္ဆိုတာ သိပ္ကို အေရးႀကီးပါတယ္။ ခ်စ္လို႔ မရေတာ့တဲ့အခါ ႏွစ္ဦးသား ဆက္ဆံေရးမွာ အဖုအထစ္ေတြလည္း ရွိလာသလို လိပ္ျပာမသန္႔တာေတြလည္း ရွိလာတတ္ပါတယ္။ မခ်စ္ေတာ့တဲ့ ဆက္ဆံေရးကေန ေနာက္ထပ္ ထပ္ၿပီး ခ်စ္မိသြားတဲ့အခါမွာလည္း လူမႈေရး ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ မခ်စ္ေတာ့တဲ့အခါ ပြင့္ပြင့္လင္းလင္း ေျပာၿပီး ရင္ဆိုင္လိုက္ သင့္ပါတယ္ေနာ္ …။

(၄) လိမ္ညာတဲ့ ဆက္ဆံေရး…

လိမ္ညာေနရတဲ့ ဆက္ဆံေရးတစ္ခုက ဘယ္ေတာ့မွ အဆင္မေျပႏိုင္ပါဘူး။ တစ္ေယာက္က အျမဲတမ္း ဆက္ဆံေရးမွာ လိမ္ညာေနၿပီး တစ္ေယာက္က အျမဲ သည္းခံေနရတာမ်ိဳး ကလည္း အဆင္မေျပတဲ့ ဆက္ဆံေရး တစ္ခုပါပဲ။ ခ်စ္တဲ့စိတ္နဲ႔ ေရွ႕ဆက္ေလွ်ာက္လို႔ ရတယ္ဆိုေပမယ့္ လိမ္ဆဲ ညာဆဲ အျပစ္ေပၚလာတိုင္း ေတာင္းပန္ျမဲ ျဖစ္ေနရင္ေတာ့ သင္ပဲ စိတ္ဆင္းရဲ ရမွာမို႔ သူ႔အက်င့္ ေျပာင္းရင္ေျပာင္း၊ မေျပာင္းရင္ ဒီဆက္ဆံေရးကိုလည္း ရပ္စဲမွပဲ အဆင္ေျပမွာပဲ ျဖစ္ပါတယ္ ….။ ။

Kham

Credit – Aunty May

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူတွေ လမ်းခွဲပြတ်စဲသင့်တဲ့ အခြေအနေ အချိန်အခါ(၄)ခု…

ချစ်သူ ရည်းစားထားတဲ့အခါ ချစ်ပြီး အဆင်ပြေပြေ ရှေ့ဆက်သွားနိုင်တာလည်း ရှိသလို အဆင်မပြေ ကြတော့လို့ မချစ်ကြတော့တာ မျိုးလည်း ရှိပါတယ်။ ချစ်နေကြဆဲပေမယ့် ပြတ်စဲလိုက်ရတဲ့ သူတွေလည်း ရှိနေပါတယ်။ ချစ်သူနှစ်ဦး ရှိသင့်တဲ့ အခြေအနေတွေလည်း ရှိနေသလို ချစ်သူနှစ်ဦး လမ်းခွဲ ပြတ်စဲသင့်ပြီဆိုတာကို ဖော်ပြနေတဲ့ အခုလို အခြေအနေတွေလည်း ရှိလို့ နေပါတယ်နော် …။

(၁) ညှိနှိုင်းလို့ မရတော့တဲ့အခါ…

တစ်ယောက်နဲ့ တစ်ယောက် ညှိလို့ နှိုင်းလို့တောင် မရတော့တဲ့ အခြေအနေတွေဆိုတာ ရှိပါတယ်။ လူတိုင်းမှာ အိမ်မက်ဆိုတာ ရှိပါတယ်။ အိပ်မက်တွေက ဆန့်ကျင်ဘက် ဖြစ်နေရင်လည်း ညှိလို့ အဆင်မပြေနိုင်ပါဘူး။ ရှေ့ဆက်လျှောက်ရမယ့်လမ်းအတွက် ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အခါ ကိုယ့်လမ်း ကိုယ် ဆက်လျှောက်ကြရတာပါပဲ …။

(၂) ဘယ်လိုမှ အဆင်မပြေတော့တဲ့အခါ…

နှစ်တွေ အကြာကြီး လက်တွဲနေကြပေမယ့် တဖြည်းဖြည်း အဆင်မပြေ ဖြစ်လာတယ်။ ထမင်းစား ရေသောက်တာကစလို့ စကားများ ရန်ဖြစ်တာတွေ စိတ်လာမျိုးကလည်း အချက်ပြနေတဲ့ သဘောပါပဲ။ အမှားတွေကို စုပြီး တွေးကြရင်း တစ်ယောက်ကို တစ်ယောက် အမြင်မကြည်လင်တာတွေပါ ဖြစ်နေပြီဆိုရင်တော့ နှစ်ယောက်သား လမ်းခွဲမှသာ ပြေလည်သွားနိုင်မယ့် သဘော ဖြစ်ပါတယ် …။

(၃) မချစ်တော့တဲ့အခါ…

အချစ်မရှိပဲနဲ့လည်း ဆက်ဆံရေး တစ်ခုက ရှေ့ဆက်လို့ ရတယ်လို့ ဆိုကြပေမယ့် သံယောဇဉ်နဲ့ မေတ္တာ ရှိမှသာ ဒီလို ဖြစ်နိုင်တာပါ။ လူနှစ်ယောက် ပတ်သတ်တဲ့အခါ အချစ်ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ ချစ်လို့ မရတော့တဲ့အခါ နှစ်ဦးသား ဆက်ဆံရေးမှာ အဖုအထစ်တွေလည်း ရှိလာသလို လိပ်ပြာမသန့်တာတွေလည်း ရှိလာတတ်ပါတယ်။ မချစ်တော့တဲ့ ဆက်ဆံရေးကနေ နောက်ထပ် ထပ်ပြီး ချစ်မိသွားတဲ့အခါမှာလည်း လူမှုရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မချစ်တော့တဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပြီး ရင်ဆိုင်လိုက် သင့်ပါတယ်နော် …။

(၄) လိမ်ညာတဲ့ ဆက်ဆံရေး…

လိမ်ညာနေရတဲ့ ဆက်ဆံရေးတစ်ခုက ဘယ်တော့မှ အဆင်မပြေနိုင်ပါဘူး။ တစ်ယောက်က အမြဲတမ်း ဆက်ဆံရေးမှာ လိမ်ညာနေပြီး တစ်ယောက်က အမြဲ သည်းခံနေရတာမျိုး ကလည်း အဆင်မပြေတဲ့ ဆက်ဆံရေး တစ်ခုပါပဲ။ ချစ်တဲ့စိတ်နဲ့ ရှေ့ဆက်လျှောက်လို့ ရတယ်ဆိုပေမယ့် လိမ်ဆဲ ညာဆဲ အပြစ်ပေါ်လာတိုင်း တောင်းပန်မြဲ ဖြစ်နေရင်တော့ သင်ပဲ စိတ်ဆင်းရဲ ရမှာမို့ သူ့အကျင့် ပြောင်းရင်ပြောင်း၊ မပြောင်းရင် ဒီဆက်ဆံရေးကိုလည်း ရပ်စဲမှပဲ အဆင်ပြေမှာပဲ ဖြစ်ပါတယ် ….။ ။

Kham

Credit – Aunty May

Unicode Version ဖြင့်ဖတ်ရန်