သူနဲ႔ကိုယ္နဲ႔ ေရစက္လားဆိုတာကို သိႏိုင္တဲ့ အခ်က္(၄)ခ်က္…

သူနဲ႔ကိုယ္နဲ႔ ေရစက္လားဆိုတာကို သိႏိုင္တဲ့ အခ်က္(၄)ခ်က္…

“ေရစက္ဆုံျခင္း ဟုတ္မဟုတ္ေတာ့ ဒီလိုေလး စစ္ၾကည့္မယ္”

ေရစက္သာပါလာရင္ ၾကံံဖန္ၿပီးဆုံရသလိုပဲ ေရစက္မပါရင္ ၾကံဖန္ၿပီးလြဲတယ္ ဆိုတဲ့ စကားေလး ၾကားဖူးၾကမွာပါ …။

ဒီလိုပဲ ကိုယ္တစ္ႀကိမ္တစ္ခါမွ မဆုံဖူးပါပဲ ျမင္ျမင္ခ်င္း ခ်စ္မိတဲ့အခ်စ္ဆိုတာ အတိတ္ဘဝက ေ႐ွးေရစက္ေၾကာင့္ ျဖစ္လာရတဲ့ အခ်စ္လို႔ယုံ ၾကည္ထားၾကပါတယ္ …။

သူနဲ႔ကိုယ္နဲ႔ ေရစက္လားဆိုတာကို သိႏိုင္တဲ့ အခ်က္ေလးေတြ႐ွိပါတယ္ေနာ္ …။

၁။ ပထမဆုံးဆုံတဲ့အခါ ရင္းႏွီးေနတဲ့ ခံံစားခ်က္မ်ိဳး”

လူတိုင္းကေရစက္ပါလို႔ေတြ႕ဆုံၾကသလိုပဲ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ဆိုတာ လည္း အတိတ္ဘဝကဆုံဖူး ဆုေတာင္းခဲ့ဖူးတဲ့ ဆုေတာင္းေတြေၾကာင့္ အခုဘဝမွာလက္တြဲ ေဖာ္အေနနဲ႔ ျပန္ဆုံေတြ႕တယ္လို႔ ယုံၾကည္ၾကပါတယ္ … ။

သူနဲ႔ပထမဆုံးစေတြ႕တဲ့အခ်ိန္မွာ အရင္ထဲကေတြ႕ခဲ့ဖူးသလို၊ တစ္ေနရာမွာျမင္ဖူးခဲ့သလို စိတ္ထဲမွာရင္းႏွီးေနတဲ့ခံစားခ်က္မ်ိဳး ရလိုက္တာ ျဖစ္ပါတယ္ …။

ျမင္ျမင္ခ်င္းခ်စ္မိတာမ်ိဳးမဟုတ္ရင္ေတာင္ ခဏေလးအတြင္းမွာ အႏွစ္ႏွစ္အလလကခင္မင္ခဲ့ဖူးသလိုမ်ိဳး သံေယာဇဥ္တြယ္ၿပီး ခ်စ္မိသြားတာမ်ိဳးပါ …။

တကယ္ေ႐ွးေရစက္သာဆိုရင္ စိတ္ခ်ပါ သင့္အခ်စ္ကတစ္ဖက္သက္လုံး၀ မဟုတ္ပါဘူး၊ သူဘက္ကလည္း သင့္လိုတစ္ထပ္တည္း ခံစားေနရမွာပါ …။

၂ ။အေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ သူနဲ႔ဆုံေတြ႕ရတာမ်ိဳး”

အစမွာေျပာခဲ့သလိုပါပဲ ေရစက္ပါလာရင္ ေ႐ွာင္လြဲလို႔ မရပါဘူး။ ၾကံဖန္ၿပီးကို ဆုံရမွာပါ။ ပထမဆုံးေတြ႕႐ုံနဲ႔ ရင္းႏွီးတဲ့ခံစားခ်က္မ်ိဳးထက္ သူက ကိုယ့္ေ႐ွ႕ကိုအေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ ခဏ ခဏေရာက္လာတတ္တာမ်ိဳးပါ …။

မ်က္လုံးခ်င္းဆုံေတြ႕တဲ့အခါမ်ိဳးမွာလည္း စကားသာ မေျပာဖူးရင္ မေျပာဖူးမယ္ တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးၿပီးသား ျဖစ္ေနပါၿပီ …။

၃။ Telepathy လို႔ေခၚတဲ့ စိတ္ခ်င္း ဆက္ႏြယ္ေနမႈမ်ိဳး”

ဒီအဆင့္ကေတာ့ ခ်စ္သူေတြျဖစ္ၿပီးမွၾကဳံေတြ႕ရတဲ့အဆင့္ပါ။ မက္ေဆ့ပို႔ေနရင္း တူညီတဲ့စာ ေၾကာင္းေလးေတြပို႔မိတာမ်ိဳး၊ ကိုယ္ကသူ႕ကိုဖုန္းဆက္ဖို႔ဖုန္းဖြင့္လိုက္တဲ့အခ်ိန္ သူ႕ဆီက ဖုန္းလာတာမ်ိဳး …၊

ကိုယ္စားခ်င္တဲ့ အစားအေသာက္ေလးေတြဆို မေတာင္းဆိုပါပဲ သူကဝယ္လာေပးတာမ်ိဳး ၾကဳံရပါလိမ္႔ မယ္ …။

တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ဒါဟာသူနဲ႔ကိုယ့္ၾကားက ႐ွင္းျပဖို႔ခက္တဲ့ စိတ္ခ်င္းဆက္ ႏြယ္ေနမႈမ်ိဳးပဲ ျဖစ္ပါတယ္ …။

၄။ စိတ္ေနသေဘာထားခ်င္း တူေနတာမ်ိဳး”

အေၾကာင္းအရာတစ္ခုကို ေဝဖန္တဲ့အခါမ်ိဳး၊ အမွားအမွန္ခြဲျခားတဲ့ အခါမ်ိဳးေတြမွာေတာင္ သူနဲ႔ကိုယ္က မတိုင္ပင္ထားပါပဲ အျမင္သေဘာထား တူညီေနတာမ်ိဳးပါ။ အျမင္တစ္ဖက္တည္းမွာ ႐ွိေနတတ္တာမ်ိဳးပါ …။ ။

Credit – Orginal Writer

Unicode Version ဖြင့်ဖတ်ရန်

သူနဲ့ကိုယ်နဲ့ ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်(၄)ချက်…

“ရေစက်ဆုံခြင်း ဟုတ်မဟုတ်တော့ ဒီလိုလေး စစ်ကြည့်မယ်”

ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ် ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ …။

ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်း ချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝက ရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ယုံ ကြည်ထားကြပါတယ် …။

သူနဲ့ကိုယ်နဲ့ ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်နော် …။

၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး”

လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ် … ။

သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုး ရလိုက်တာ ဖြစ်ပါတယ် …။

မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ …။

တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံး၀ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်း ခံစားနေရမှာပါ …။

၂ ။အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး”

အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့ မရပါဘူး။ ကြံဖန်ပြီးကို ဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်း မတိုက်ဆိုင်ပါပဲ ခဏ ခဏရောက်လာတတ်တာမျိုးပါ …။

မျက်လုံးချင်းဆုံတွေ့တဲ့အခါမျိုးမှာလည်း စကားသာ မပြောဖူးရင် မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးပြီးသား ဖြစ်နေပါပြီ …။

၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်း ဆက်နွယ်နေမှုမျိုး”

ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီးမှကြုံတွေ့ရတဲ့အဆင့်ပါ။ မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့မိတာမျိုး၊ ကိုယ်ကသူ့ကိုဖုန်းဆက်ဖို့ဖုန်းဖွင့်လိုက်တဲ့အချိန် သူ့ဆီက ဖုန်းလာတာမျိုး …၊

ကိုယ်စားချင်တဲ့ အစားအသောက်လေးတွေဆို မတောင်းဆိုပါပဲ သူကဝယ်လာပေးတာမျိုး ကြုံရပါလိမ့် မယ် …။

တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဒါဟာသူနဲ့ကိုယ့်ကြားက ရှင်းပြဖို့ခက်တဲ့ စိတ်ချင်းဆက် နွယ်နေမှုမျိုးပဲ ဖြစ်ပါတယ် …။

၄။ စိတ်နေသဘောထားချင်း တူနေတာမျိုး”

အကြောင်းအရာတစ်ခုကို ဝေဖန်တဲ့အခါမျိုး၊ အမှားအမှန်ခွဲခြားတဲ့ အခါမျိုးတွေမှာတောင် သူနဲ့ကိုယ်က မတိုင်ပင်ထားပါပဲ အမြင်သဘောထား တူညီနေတာမျိုးပါ။ အမြင်တစ်ဖက်တည်းမှာ ရှိနေတတ်တာမျိုးပါ …။ ။

Credit – Orginal Writer