











သက္ထားခင်(THK)

Credit

Unicode

ငါ့ကိုယ်ငါ ဘာကြီးပါဆိုပြီး မာန်တတ်နေတဲ့ လူတချို့ကို အမှန်တိုင်းမြင်စေချင်တယ်

ကျောခိုင်းထားတယ် ဆိုတာက ယုံကြည်ရသူမို့

နောက်ကျောဓားနဲ့ထိုးဖို့ အခွင့်အရေးပေးခဲ့တာ မဟုတ်ဘူး ။

ပြန်မပြောဘူးဆိုတာက ကိုယ်မှားနေလို့ မဟုတ်ဘူး

ဖြစ်နေတဲ့ပြဿနာကို ပိုမကြီးကျယ်စေချင်လို့ ။

သည်းခံနေတာ နောက်ထပ် အစော်ကားခံဖို့မဟုတ်ဘူး

ကိုယ်ခေါင်းငုံ့ခံလိုက်ရုံနဲ့ ဘာမှမဖြစ်ပါဘူးလေ ဆိုတဲ့အတွေးနဲ့ စိတ်လျှော့ထားတာမို့ ။

အရှုံးပေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့မဟုတ်ဘူး

အနိုင်လိုချင်တာသိလို့ တမင် အလျှော့ပေးလိုက်တာ ။

ငါ့ကိုယ်ငါ ဘာကြီးပါဆိုပြီး မာန်တတ်နေတဲ့

လူတချို့ကို အမှန်တိုင်းမြင်စေချင်တယ် ။

သက္ထားခင်(THK)

Credit