အတိတ္က ဝဋ္ေႂကြးတစ္ခ်ိဳ႕ကို ေက်ေက်နပ္နပ္ လက္ခံေပးလိုက္တယ္….

အတိတ္က ဝဋ္ေႂကြးတစ္ခ်ိဳ႕ကို ေက်ေက်နပ္နပ္ လက္ခံေပးလိုက္တယ္….

အတိတ္က ဝဋ္ေႂကြးတစ္ခ်ိဳ႕ကို

ေက်ေက်နပ္နပ္ လက္ခံေပးလိုက္တယ္….

အၿငိဳးအေတး တခ်ိဳ႕ကို

ေက်ေက်နပ္နပ္ ေခ်ဖ်က္ေပးလိုက္တယ္…..

သူတစ္ပါးဆီက ေမွ်ာ္လင့္ခ်က္တစ္ခ်ိဳ႕ကို

ေက်ေက်နပ္နပ္ စြန္႔လႊတ္ေပးလိုက္တယ္….

ၿပီးခဲ့ၿပီျဖစ္တဲ့ အျဖစ္အပ်က္တခ်ိဳ႕ထဲက

အမွားေတြအတြက္

ကိုယ္ကိုယ္တိုင္နဲ႔လူတခ်ိဳ႕ကို

ေက်ေက်နပ္နပ္ ခြင့္လႊတ္ေပးလိုက္တယ္…..

အေၾကာင္းမကင္းလို႔ ဆုံၾကရသူေတြေပၚမွာ

ေက်ေက်နပ္နပ္ တန္ဘိုးထားေပးလိုက္တယ္……

လူတစ္ခ်ိဳ႕ရဲ႕ ေျပာင္းလဲတတ္တဲ့ သဘာဝကို

ေက်ေက်နပ္နပ္ လက္ခံေပးလိုက္တယ္…..

ကိုယ့္ဆီကထြက္သြားခ်င္တဲ့ လူတခ်ိဳ႕ကို

ေက်ေက်နပ္နပ္ ခြင့္ျပဳေပးလိုက္တယ္……

မျမင္ရေသးတဲ့ အနာဂါတ္အတြက္

ႀကိဳတင္မွန္းဆၿပီး စိတ္ပူတတ္တဲ့အက်င့္ကို

ေက်ေက်နပ္နပ္ ေလွ်ာ့ခ်ပစ္လိုက္တယ္……

ဘာအေၾကာင္းနဲ႔ပဲျဖစ္ျဖစ္

အလြယ္တကူ စိတ္မလႈပ္႐ွားမိေအာင္

ေက်ေက်နပ္နပ္ ေလ့က်င့္ယူလိုက္တယ္……

တခါတခါ စိတ္ထဲက ခံစားခ်က္အားလုံးကို

ဘာမွမက်န္ေတာ့တဲ့ထိ

ေက်ေက်နပ္နပ္ ႐ွင္းထုတ္ပစ္လိုက္တယ္…..

အဲဒီေနာက္မွာ…..

ဘာေတြဆက္ျဖစ္လာမယ္လို႔

ထင္ပါသလဲ…?

လြက္လပ္ၿပီးၿငိမ္းေအးေပ်ာ္႐ႊင္တဲ့ဘဝကိုရမယ္လို႔

ကြၽန္ေတာ္ကေတာ့ ေမွ်ာ္လင့္တယ္…..။

Credit- original uploader

Unicode

အတိတ်က ဝဋ်ကြွေးတစ်ချို့ကို ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်….

အတိတ်က ဝဋ်ကြွေးတစ်ချို့ကို

ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်….

အငြိုးအတေး တချို့ကို

ကျေကျေနပ်နပ် ချေဖျက်ပေးလိုက်တယ်…..

သူတစ်ပါးဆီက မျှော်လင့်ချက်တစ်ချို့ကို

ကျေကျေနပ်နပ် စွန့်လွှတ်ပေးလိုက်တယ်….

ပြီးခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တချို့ထဲက

အမှားတွေအတွက်

ကိုယ်ကိုယ်တိုင်နဲ့လူတချို့ကို

ကျေကျေနပ်နပ် ခွင့်လွှတ်ပေးလိုက်တယ်…..

အကြောင်းမကင်းလို့ ဆုံကြရသူတွေပေါ်မှာ

ကျေကျေနပ်နပ် တန်ဘိုးထားပေးလိုက်တယ်……

လူတစ်ချို့ရဲ့ ပြောင်းလဲတတ်တဲ့ သဘာဝကို

ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်…..

ကိုယ့်ဆီကထွက်သွားချင်တဲ့ လူတချို့ကို

ကျေကျေနပ်နပ် ခွင့်ပြုပေးလိုက်တယ်……

မမြင်ရသေးတဲ့ အနာဂါတ်အတွက်

ကြိုတင်မှန်းဆပြီး စိတ်ပူတတ်တဲ့အကျင့်ကို

ကျေကျေနပ်နပ် လျှော့ချပစ်လိုက်တယ်……

ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်

အလွယ်တကူ စိတ်မလှုပ်ရှားမိအောင်

ကျေကျေနပ်နပ် လေ့ကျင့်ယူလိုက်တယ်……

တခါတခါ စိတ်ထဲက ခံစားချက်အားလုံးကို

ဘာမှမကျန်တော့တဲ့ထိ

ကျေကျေနပ်နပ် ရှင်းထုတ်ပစ်လိုက်တယ်…..

အဲဒီနောက်မှာ…..

ဘာတွေဆက်ဖြစ်လာမယ်လို့

ထင်ပါသလဲ…?

လွက်လပ်ပြီးငြိမ်းအေးပျော်ရွှင်တဲ့ဘဝကိုရမယ်လို့

ကျွန်တော်ကတော့ မျှော်လင့်တယ်…..။

Credit- original uploader