Relationship မွာ ခ်စ္သူေကာင္ေလးကို ျဖည့္ဆည္းေပးဖို႔ လိုကို လိုအပ္ေနတဲ့ အရာေလးမ်ား

Relationship မွာ ခ်စ္သူေကာင္ေလးကို ျဖည့္ဆည္းေပးဖို႔ လိုကို လိုအပ္ေနတဲ့ အရာေလးမ်ား

Relationship ဆိုတာ လူႏွစ္ေယာက္ေပါင္းစည္းထားတဲ့ ဆက္ဆံေရးတစ္ခုျဖစ္ပါတယ္။

ဒါေပမဲ့ ေကာင္ေလးနဲ႔ ေကင္မေလးနဲ႔ ယွဥ္လိုက္တဲ့အခါမ်ိဳးမွာ ေကာင္ေလးဖက္က လုပ္ေပးရမယ့္အရာေတြ၊ တာဝန္ေတြက ပိုမ်ားေနတတ္ပါတယ္။ ဒါေပမဲ့လည္း တစ္ခါတစ္ေလက်ရင္ ေကာင္ေလးေတြဟာလည္း ကိုယ့္ေကာင္ေလးဆီကေနၿပီး အလားတူလိုခ်င္တဲ့အရာေလးေတြလည္း ရွိေနပါေသးတယ္။ ဒါေလးေတြကေတာ့..

(1) ပ်င္းလည္းနားေထာင္ေပးပါ

တစ္ခါတစ္ေလမွာ သူ႕ဖက္က ဂိမ္းအေၾကာင္းေတြ၊ ေဘာလံုးပြဲအေၾကာငာ္းေတြကို စိတ္ဝင္တစ္စားနဲ႔ ေျပာေနၿပီဆိုရင္ မိန္းကေလးပဲ ပ်င္းမွာေပါ့။ ဒါေပမဲ့လည္း သူေျပာေနတာေတြကို စိတ္ဝင္တစားနဲ႔ နားေထာင္ေနပါတယ္ဆိုတဲ့ အရိပ္အေယာင္ကို ျပေပးပါ။ အျမဲတမ္းမဟုတ္ေပမယ့္ တစ္ခါတစ္ေလမွာ ဒီလိုေလးေတြ လုပ္ေပးတာဟာ သူ႕ကိုအေလးထားေၾကာင္း ျပသရာေရာက္ပါတယ္။

(2) စၿပီးေတာင္းပန္ပါ

သင့္ဖက္က မွားမွား၊ မွန္မွန္ သူ႕ကိုပဲ စေတာင္းပန္ဖို႔ ေမွ်ာ္လင့္မေနဘဲ တစ္ခါတစ္ေလမွာ သင့္ဖက္ကလည္း စၿပီးေတာင္းပန္တာမ််ိဳးေလးလုပ္ေပးပါ။ Relationship တစ္ခုမွာ အေပးခ်ည္းပဲလည္း လိုခ်င္လုိ႔ မျဖစ္ျပန္ဘူးမဟုတ္လား။

(3) ရုပ္ရည္သြင္ျပင္နဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးပါ

မိန္းကေလးေတြမွ ကိုယ့္ခ်စ္သူေကာင္ေလးရဲ႕ လွလိုက္တာလို႔ အေျပာခံခ်င္ၾကတာမဟုတ္ပါဘူး။ ေကာင္ေလးေတြဟာလည္း ခ်စ္သူေကင္မေလးေတြဆီကေနၿပီး ဒီလို ခ်ီးမြမ္းမႈမ်ိဳးကို ခံခ်င္ၾကပါတယ္။ ငါ့ေကာင္ေလးက ခ်စ္ဖုိ႔ေကာင္းလိုက္တာတုိ႔၊ ဒီအက်ႌေလးနဲ႔ လွတယ္တုိ႔၊ အရမ္းခန္႔တာပဲတုိ႔ စတာေလးေတြကို ေျပာျပေပးပါ။ သူတုိ႔ရဲ႕ ရွက္ေသြးျဖာတဲ့ ပံုစံေလးကိုလည္း ျမင္ႏုိင္တာေပါ့။

(4) ရိုမန္႔တစ္ဆန္တဲ့မက္ေဆ့ေလးေတြ ပို႔ေပးပါ

မေျပာမဆိုဘဲ မက္ေဆ့ကေနၿပီး ကိုယ့္ခ်စ္သူကို ျပံဳးသြားေစႏုိင္မယ့္ စာသားမ်ိဳးေလးေတြကိုလည္း ပို႔ပို႔ေပးပါ။ ဒီလိုပို႔ေပးျခင္းအားျဖင့္ ခ်စ္သူေကာင္ေလးဟာ ေၾသာ္.. င့ါကို သူ႔စိတ္ထဲရွိေနပါလားဆိုၿပီး ပီတိျဖာေစႏုိင္ပါတယ္။

(5) အေပြ႕အဖက္အနမ္းေလးေတြနဲ႔ surprise လုပ္ေပးပါ

Skinship ဟာ ေကာင္ေလးေတြကပဲ အရင္စရမယ္လို႔ မိန္းကေလးေတြအေနနဲ႔ ထင္ေနၾကေပမယ့္လို႔ တကယ္ေတာ့ ေကာင္မေလးေတြဖက္က အရင္စလိုက္တာမ်ိဳးရိွရင္လည္း ခ်စ္သူခ်င္း နစ္နာသြားမွာမဟုတ္ပါဘူး။ ဒီအတြက္ သူတုိ႔မထင္မွတ္ထားတဲ့ အခ်ိန္မ်ိဳးမွာ ရုတ္တရက္ အေပြ႕အဖက္ေလးေတြ အနမ္းေလးေတြ ေပးဖို႔အတြက္လည္း မေမ့ပါနဲ႔ဦး။

(6) သူတုိ႔အသိုင္းအဝုိင္းကိုလည္း အေလးထားပါ

ေကာင္ေလးေတြဟာ ခ်စ္သူေကာင္မေလးကို ပြဲထုတ္ခ်င္တတ္ၾကပါတယ္။ မိသားစု ေဆြမ်ိဳးေတြမွာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းအသိုင္းအဝုိင္းထဲမွာပဲျဖစ္ျဖစ္ေပါ့။ ဒီလိုပြဲထုတ္တဲ့အခါမ်ိဳးမွာ ကိုယ့္ဖက္က အလွအပေရးရာကစလို႔ တျခားေသာ အေျပာအဆို၊ အျပဳအမူပိုင္းမွာပဲ ျပင္ဆင္ၿပီး အလိုက္သင့္ေနေပးမယ္ဆိုရင္ သူတုိ႔ဟာ သင့္ကို ပိုတိုးလို႔ခ်စ္သြားပါလိမ္မယ္။

penny

Unicode

Relationship မှာ ချစ်သူကောင်လေးကို ဖြည့်ဆည်းပေးဖို့ လိုကို လိုအပ်နေတဲ့ အရာလေးများ

Relationship ဆိုတာ လူနှစ်ယောက်ပေါင်းစည်းထားတဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ကောင်လေးနဲ့ ကေင်မလေးနဲ့ ယှဉ်လိုက်တဲ့အခါမျိုးမှာ ကောင်လေးဖက်က လုပ်ပေးရမယ့်အရာတွေ၊ တာဝန်တွေက ပိုများနေတတ်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်လေကျရင် ကောင်လေးတွေဟာလည်း ကိုယ့်ကောင်လေးဆီကနေပြီး အလားတူလိုချင်တဲ့အရာလေးတွေလည်း ရှိနေပါသေးတယ်။ ဒါလေးတွေကတော့..

(1) ပျင်းလည်းနားထောင်ပေးပါ

တစ်ခါတစ်လေမှာ သူ့ဖက်က ဂိမ်းအကြောင်းတွေ၊ ဘောလုံးပွဲအကြောငာ်းတွေကို စိတ်ဝင်တစ်စားနဲ့ ပြောနေပြီဆိုရင် မိန်းကလေးပဲ ပျင်းမှာပေါ့။ ဒါပေမဲ့လည်း သူပြောနေတာတွေကို စိတ်ဝင်တစားနဲ့ နားထောင်နေပါတယ်ဆိုတဲ့ အရိပ်အယောင်ကို ပြပေးပါ။ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတစ်လေမှာ ဒီလိုလေးတွေ လုပ်ပေးတာဟာ သူ့ကိုအလေးထားကြောင်း ပြသရာရောက်ပါတယ်။

(2) စပြီးတောင်းပန်ပါ

သင့်ဖက်က မှားမှား၊ မှန်မှန် သူ့ကိုပဲ စတောင်းပန်ဖို့ မျှော်လင့်မနေဘဲ တစ်ခါတစ်လေမှာ သင့်ဖက်ကလည်း စပြီးတောင်းပန်တာမျိုးလေးလုပ်ပေးပါ။ Relationship တစ်ခုမှာ အပေးချည်းပဲလည်း လိုချင်လို့ မဖြစ်ပြန်ဘူးမဟုတ်လား။

(3) ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ချီးကျူးပါ

မိန်းကလေးတွေမှ ကိုယ့်ချစ်သူကောင်လေးရဲ့ လှလိုက်တာလို့ အပြောခံချင်ကြတာမဟုတ်ပါဘူး။ ကောင်လေးတွေဟာလည်း ချစ်သူကေင်မလေးတွေဆီကနေပြီး ဒီလို ချီးမွမ်းမှုမျိုးကို ခံချင်ကြပါတယ်။ ငါ့ကောင်လေးက ချစ်ဖို့ကောင်းလိုက်တာတို့၊ ဒီအင်္ကျီလေးနဲ့ လှတယ်တို့၊ အရမ်းခန့်တာပဲတို့ စတာလေးတွေကို ပြောပြပေးပါ။ သူတို့ရဲ့ ရှက်သွေးဖြာတဲ့ ပုံစံလေးကိုလည်း မြင်နိုင်တာပေါ့။

(4) ရိုမန့်တစ်ဆန်တဲ့မက်ဆေ့လေးတွေ ပို့ပေးပါ

မပြောမဆိုဘဲ မက်ဆေ့ကနေပြီး ကိုယ့်ချစ်သူကို ပြုံးသွားစေနိုင်မယ့် စာသားမျိုးလေးတွေကိုလည်း ပို့ပို့ပေးပါ။ ဒီလိုပို့ပေးခြင်းအားဖြင့် ချစ်သူကောင်လေးဟာ သြော်.. ငါ့ကို သူ့စိတ်ထဲရှိနေပါလားဆိုပြီး ပီတိဖြာစေနိုင်ပါတယ်။

(5) အပွေ့အဖက်အနမ်းလေးတွေနဲ့ surprise လုပ်ပေးပါ

Skinship ဟာ ကောင်လေးတွေကပဲ အရင်စရမယ်လို့ မိန်းကလေးတွေအနေနဲ့ ထင်နေကြပေမယ့်လို့ တကယ်တော့ ကောင်မလေးတွေဖက်က အရင်စလိုက်တာမျိုးရှိရင်လည်း ချစ်သူချင်း နစ်နာသွားမှာမဟုတ်ပါဘူး။ ဒီအတွက် သူတို့မထင်မှတ်ထားတဲ့ အချိန်မျိုးမှာ ရုတ်တရက် အပွေ့အဖက်လေးတွေ အနမ်းလေးတွေ ပေးဖို့အတွက်လည်း မမေ့ပါနဲ့ဦး။

(6) သူတို့အသိုင်းအဝိုင်းကိုလည်း အလေးထားပါ

ကောင်လေးတွေဟာ ချစ်သူကောင်မလေးကို ပွဲထုတ်ချင်တတ်ကြပါတယ်။ မိသားစု ဆွေမျိုးတွေမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုပွဲထုတ်တဲ့အခါမျိုးမှာ ကိုယ့်ဖက်က အလှအပရေးရာကစလို့ တခြားသော အပြောအဆို၊ အပြုအမူပိုင်းမှာပဲ ပြင်ဆင်ပြီး အလိုက်သင့်နေပေးမယ်ဆိုရင် သူတို့ဟာ သင့်ကို ပိုတိုးလို့ချစ်သွားပါလိမ်မယ်။

penny