ဆံပင္အရွည္ေနွးလို႔စိတ္ညစ္ေနသူေတြအတြက္ တစ္လအတြင္း သိသိသာသာဆံပင္ရွည္လာေအာင္…

ဆံပင္အရွည္ေနွးလို႔စိတ္ညစ္ေနသူေတြအတြက္ တစ္လအတြင္း သိသိသာသာဆံပင္ရွည္လာေအာင္…

ဆံပင္က ဒုတိယမ်က္ႏွာဆိုတာ လူတိုင္းသိၿပီးသား ျဖစ္မွာပါ။ ဆံပင္ပုံစံက ကိုယ္နဲ႔မလိုက္ရင္ လုံးဝမလွတာလည္း အားလုံးအသိပါပဲ …။

ဆံပင္အရွည္ထားခ်င္ေပမယ့္ စိတ္မရွည္တဲ့သူေတြအေနနဲ႔ တစ္လအတြင္း ဆံပင္ရွည္လြယ္ၿပီး ေတာက္ေျပာင္ေစမယ့္ နည္းလမ္းေတြကို Gleanings မွ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) မၾကာခဏ အဖ်ားတိေပးပါ”

ဆံပင္အဖ်ားေလးေတြကို မၾကာခဏ တိေပးတာက ဆံပင္ရဲ႕မက်န္းမာတဲ့အစိတ္အပိုင္းေတြကိုဖယ္ထုတ္လိုက္တာျဖစ္တဲ့အတြက္ ဆံပင္ကို က်န္းမာေတာက္ေျပာင္တဲ့ အသြင္မ်ိဳးျဖစ္ေစပါတယ္ …။

(၂) သဘာဝအသီးအႏွံေတြနဲ႔ ေပါင္းတင္ေပးပါ”

ဆံပင္ရွည္လြယ္ခ်င္သူေတြအေနနဲ႔ သဘာဝအသီးအႏွံေတြနဲ႔ေပါင္းတင္တဲ့နည္းလမ္းေတြကို သုံးေပးသင့္ပါတယ္။ ၾကက္သြန္နီတစ္လုံးကို အတုံးေလးေတြျဖစ္ေအာင္ ႀကိတ္ၿပီး အရည္ညႇစ္လိုက္ပါ …။

ရလာတဲ့အရည္ကို သံလြင္ဆီအနည္းငယ္နဲ႔ေရာၿပီး ဦးေရျပားနဲ႔ဆံပင္အႏွံ႔႐ႊဲေနေအာင္လိမ္းေပးကာ နာရီဝက္ေလာက္ၾကာရင္ ေခါင္းေလွ်ာ္ေပးပါ …။

ဒီနည္းကို တစ္ပတ္ႏွစ္ႀကိမ္လုပ္ေပးရင္ တစ္လၾကာတဲ့ အခါ ဆံပင္သိသိသာသာရွည္လာတာကို ေတြ႕ရပါလိမ့္မယ္ …။

(၃) ေခါင္းေလွ်ာ္တိုင္း ေပါင္းေဆးသုံးေပးပါ”

ေခါင္းေလွ်ာ္တိုင္းဆံပင္ေပါင္းေဆးသုံးေပးတာက ဆံသားေျခာက္ေသြ႕တာ၊ ဆံပင္ေတြညႇိၿပီးျပတ္တာေတြ မျဖစ္ေအာင္ ကာကြယ္ေပးၿပီး ဆံပင္ပိုရွည္ေအာင္ အားေပးပါတယ္ …။

ဒါေၾကာင့္ ေခါင္းေလွ်ာ္တိုင္း ဆံပင္ေပါင္းေဆးကို မျဖစ္မေနသုံးေပးဖို႔ လိုပါတယ္ …။

(၄) သဘာဝအတိုင္းအေျခာက္ခံတဲ့နည္းကိုသုံးပါ”

ဆံပင္ရွည္လြယ္ခ်င္သူေတြက ဆံပင္နဲ႔ဦးေရျပားကို တတ္ႏိုင္သေလာက္အပူမထိေအာင္ ထိန္းသိမ္းသင့္ပါတယ္။ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ တဘက္နဲ႔ေရစင္ေအာင္သုတ္ၿပီး သဘာဝအတိုင္းအေျခာက္ခံတာက အေကာင္းဆုံးပါပဲ …။

အခုေဖာ္ျပခဲ့တဲ့နည္းလမ္းေတြကို ေသေသခ်ာခ်ာလိုက္နာၿပီး လုပ္ေပးမယ္ဆိုရင္ တစ္လအတြင္းဆံပင္အရွည္ျမန္လာတာကို ေတြ႕ရပါလိမ့္မယ္ေနာ္ …။ ။

ေလးစားစြာျဖင့္ ခရက္ဒစ္ – PP

Unicode Version ဖြင့်ဖတ်ရန်

ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်း သိသိသာသာဆံပင်ရှည်လာအောင်…

ဆံပင်က ဒုတိယမျက်နှာဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ဆံပင်ပုံစံက ကိုယ်နဲ့မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိပါပဲ …။

ဆံပင်အရှည်ထားချင်ပေမယ့် စိတ်မရှည်တဲ့သူတွေအနေနဲ့ တစ်လအတွင်း ဆံပင်ရှည်လွယ်ပြီး တောက်ပြောင်စေမယ့် နည်းလမ်းတွေကို Gleanings မှ ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) မကြာခဏ အဖျားတိပေးပါ”

ဆံပင်အဖျားလေးတွေကို မကြာခဏ တိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့အစိတ်အပိုင်းတွေကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆံပင်ကို ကျန်းမာတောက်ပြောင်တဲ့ အသွင်မျိုးဖြစ်စေပါတယ် …။

(၂) သဘာဝအသီးအနှံတွေနဲ့ ပေါင်းတင်ပေးပါ”

ဆံပင်ရှည်လွယ်ချင်သူတွေအနေနဲ့ သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်တဲ့နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။ ကြက်သွန်နီတစ်လုံးကို အတုံးလေးတွေဖြစ်အောင် ကြိတ်ပြီး အရည်ညှစ်လိုက်ပါ …။

ရလာတဲ့အရည်ကို သံလွင်ဆီအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေးပါ …။

ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့ အခါ ဆံပင်သိသိသာသာရှည်လာတာကို တွေ့ရပါလိမ့်မယ် …။

(၃) ခေါင်းလျှော်တိုင်း ပေါင်းဆေးသုံးပေးပါ”

ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေးတာက ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေညှိပြီးပြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး ဆံပင်ပိုရှည်အောင် အားပေးပါတယ် …။

ဒါကြောင့် ခေါင်းလျှော်တိုင်း ဆံပင်ပေါင်းဆေးကို မဖြစ်မနေသုံးပေးဖို့ လိုပါတယ် …။

(၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါ”

ဆံပင်ရှည်လွယ်ချင်သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက်အပူမထိအောင် ထိန်းသိမ်းသင့်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ရေစင်အောင်သုတ်ပြီး သဘာဝအတိုင်းအခြောက်ခံတာက အကောင်းဆုံးပါပဲ …။

အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို သေသေချာချာလိုက်နာပြီး လုပ်ပေးမယ်ဆိုရင် တစ်လအတွင်းဆံပင်အရှည်မြန်လာတာကို တွေ့ရပါလိမ့်မယ်နော် …။ ။

လေးစားစွာဖြင့် ခရက်ဒစ် – PP