ေယာက်ာၤးေလးေတြ သေဘာက်တတ္ၾကတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕အျပဳအမူမ်ား

ေယာက်ာၤးေလးေတြ သေဘာက်တတ္ၾကတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕အျပဳအမူမ်ား

အမ်ိဳးသားေတြကမားစ္ၿဂိဳဟ္ကလာၿပီး အမ်ိဳးသမီးေတြကဗီးနပ္စ္ၿဂိဳဟ္ကလာတယ္လို႔ဆိုပါတယ္။

က်ားနဲ႔မ မွာ လိုအပ္ခ်က္၊ စိတ္ဆႏၵ နဲ႔ အျပဳအမူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ကြာျခားခ်က္ေတြရွိတာေၾကာင့္ စိတ္ေရာကိုယ္ပါေပ်ာ္႐ႊင္ရတဲ့ႏွစ္ကိုယ္တူဘဝကိုတည္ေဆာက္ၾကဖို႔ဆိုရင္ တစ္ေယာက္သဘာဝတစ္ေယာက္ သိထားၾကဖို႔လိုလာပါတယ္။

သိပ္ခ်စ္ဖို႔ေကာင္းတဲ့အမ်ိဳးသမီးဆိုတာမ်ိဳး ေယာက်ာၤးေလးေတြဘက္ကခံစားလာရဖို႔ သူတို႔ ႀကိဳက္ႏွစ္သက္တတ္တဲ့ အျပဳအမူေလးေတြကို ေျပာျပေပးပါ့မယ္။

သူ႔ကို ပူးကပ္ေပြ႕ဖက္ထားတာမ်ိဳး….

ကိုယ္လက္တြဲေဖာ္နဲ႔ အထိအေတြ႕အရေရာ၊ စိတ္ခံစားမႈအရေရာ နီးကပ္စြာထိေတြ႕ရင္းႏွီးေနရတာမ်ိဳး သူတို႔သိပ္ျမတ္ႏိုးပါတယ္။ သူ႔ရင္ခြင္ထဲ ကိုယ္ကႏူးညံ့စြာတိုးဝင္တာမ်ိဳး၊

သူ႔ပခုံးအေပၚအသာအယာမွီတာမ်ိဳးက သူ႔တို႔အတြက္ကိုယ္နဲ႔ပတ္သက္ၿပီး တစ္ေလာကလုံးကိုပိုင္ဆိုင္ထားရသလိုမ်ိဳး စိတ္ပိုင္းဆိုင္ရာစိတ္ခ်လုံၿခဳံေစမွာပါ။

သူကိုယ့္ကိုနမ္းၿပီးတဲ့အခါ ကိုယ္ၿပဳံးတဲ့အၿပဳံးေလး….

ဒီလိုတုံ႔ျပန္မႈမ်ိဳးက သူအသည္းအႀကီးႀကီးခိုက္ေစမွာပါ။ သူနမ္းတာကို ကိုယ္ကျမတ္ႏိုးပါတယ္ဆိုတဲ့ခံစားခ်က္မ်ိဳးျပန္ရတာမ်ိဳး ေယာက်ာၤးေလးတိုင္းလိုအပ္ၾကပါတယ္။

သူ႔မသိေအာင္သူ႔ကို ကိုယ္ကေငးေနတာမ်ိဳး

အဲ့လိုအခ်ိန္ေတြ သူ႔ကို ကိုယ္ကေငးေနတုန္း ကိုယ့္ကိုသူအငိုက္ဖမ္းမိသြားရင္ သူတအားေပ်ာ္ပါတယ္။ ရထားစီးေနတုန္း၊ ပါတီပြဲေရာက္ေနတုန္း၊

တစ္ေယာက္နဲ႔တစ္ေယာက္ လွမ္းေနတဲ့အခ်ိန္ေတြ အဲ့လိုသံေယာဇဥ္ေဝ့သီေနတဲ့အေငးေလးေတြနဲ႔ သူ႔ကိုျပဳစားထားႏိုင္ပါတယ္။ ဒါ့ထက္ပိုၿပီး သူသိပ္ႀကိဳက္တဲ့ဖီလင္ေတာ့မရွိေတာ့ေလာက္ေအာင္ပဲ။

သူလုပ္သလို ကိုယ္ကလိုက္တုလုပ္တာမ်ိဳး…

သိသိသာသာႀကီးလိုက္လုပ္ရင္ေတာ့ ေခ်ာ္ေတာေငါ့သလို ျဖစ္ကုန္မွာေပါ့။ အသာအယာေလးႏူးညံ့စြာမသိမသာ သူဆံပင္သပ္ရင္ ကိုယ္ကလိုက္သပ္ျဖစ္တာမ်ိဳးေပါ့။ သူ႔ကိုဆြဲေဆာင္ႏိုင္ပါလိမ့္မယ္။

ကိုယ္က႐ိုးသားေပးတာမ်ိဳး…

ေရရွည္လက္တြဲၾကဖို႔ ရည္႐ြယ္ထားရင္ တစ္ဦးေပၚတစ္ဦး ႐ိုးသားၾကတာအေကာင္းဆုံးပါ။ က်ားမ မေ႐ြး တစ္ဖက္သားရဲ႕႐ိုးသားမႈကို တန္ဖိုးထားၾကပါတယ္။

သူေျပာတဲ့ဟာသေတြကို လိုက္ရယ္ေပးတာ

အမ်ိဳးသားေတြ အမ်ိဳးသမီးေတြဆီက အလိုခ်င္ဆုံးထဲကတစ္ခ်က္ပါပဲ။ သူဟာသေျပာတဲ့အခ်ိန္ ကိုယ္ကစိတ္လိုလက္ရ ရယ္ေမာမိရင္ ဖရဏာပီတိ ဂြမ္းဆီထိၿပီး သူတအားေက်နပ္ပါတယ္။

သူ႔ဆံပင္ေလးေတြ ထိုးဖြကစားတာ…

အတူတူ႐ုပ္ရွင္ၾကည့္ေနရင္ပဲျဖစ္ျဖစ္၊ သူကားေမာင္းေနတုန္းပဲျဖစ္ျဖစ္ သူ႔ရဲ႕ဆံပင္ေလးေတြကို အသာအယာထိုးဖြေဆာ့ကစား ယုယပြတ္သပ္ေပးတာက သူ႔ကိုဘယ္ေလာက္တြယ္တာလဲဆိုတာ သူခံစားမိေစပါတယ္။

လြမ္းရင္လြမ္းတဲ့အေၾကာင္းေျပာတာမ်ိဳး…

ခဏခြဲခြာေနရတဲ့အခါမ်ိဳးေတြမွာ ဖုန္းေခၚစာပို႔ၿပီး ဘယ္ေလာက္လြမ္းရေၾကာင္း အလြမ္းေျပဖြင့္ေျပာေပးပါ။ သူ႔ကိုေပ်ာ္႐ႊင္ေစပါတယ္။

ကိုယ္ခႏၶာခ်င္းထိေတြ႕ရတာ သူသိပ္ႀကိဳက္ပါတယ္….

သေဘာကလိင္ကိစၥကိုဆိုလိုတာမဟုတ္ပဲ စိတ္ကူးေပါက္ရင္ေပါက္သလို သူ႔ကိုေပြ႕ဖက္ေပးတာ၊ ပါးေလးကို နမ္းေမႊးေပးတာ၊ သူ႔နဲ႔ေဘးခ်င္းကပ္ထိုင္ေနရင္ …

သူ႔ဒူးေခါင္းေလး၊ ေပါင္ေလးအေပၚ ကိုယ့္လက္ေလးတင္ထားေပးတာ၊ လမ္းသြားေနရင္း လက္နဲ႔သိုင္းဖက္ထားေပးတာမ်ိဳးေတြေပါ့။ လိင္ကိစၥထက္ကိုပိုၿပီး ကိုယ့္ကိုစြဲလမ္းႏွစ္ၿခိဳက္ေစမယ့္အရာေတြပါ။

ခ်ီးက်ဴးေပးပါ….

ကိုယ့္လက္တြဲေဖာ္ေယာက်ာၤးကို အၿမဲခ်ီးက်ဴးေပးဖို႔လိုပါတယ္။ ခ်ီးက်ဴးေပးျခင္းက သူတို႔ကိုအသိအမွတ္ျပဳတဲ့သေဘာျဖစ္ေစၿပီး တကယ္ခ်စ္ျမတ္ႏိုးခံရတဲ့စိတ္ေပ်ာ္႐ႊင္မႈကိုရေစပါတယ္။

သူ႔ကိုသူ႔အရွိအတိုင္း ကိုယ္က ေက်နပ္လက္ခံတဲ့သေဘာျဖစ္ေစၿပီး သူေျပာတာ သူလုပ္တာေလးေတြကို ကိုယ္ကအၿမဲခ်စ္သက္ဝင္ေနပုံ ခံစားရေစတာေၾကာင့္ပါ။

အႀကံဉာဏ္ေတာင္းပါ….

ကိုယ္ကေလးစားလို႔၊ တန္ဖိုးထားလို႔ သူ႔ဆီက ကိုယ္အခက္အခဲအေပၚဘယ္လိုျမင္တယ္၊ ဘယ္လိုေလးလုပ္လို႔ရမလဲဆိုတာ အႀကံဉာဏ္ေတာင္းျဖစ္တယ္ဆိုရင္ ….

ဒါကိုယ့္လက္တြဲေဖာ္အတြက္ အခြင့္ထူးခံ ခံစားမႈပါပဲ။ သူ႔ဆီက အႀကံဉာဏ္ နဲ႔ သူ႔အျမင္ကို အၿမဲေမးေပးပါ။

သူ႔ရဲ႕ ကိုယ္ပိုင္လြတ္လပ္ခ်ိန္ Personal Space ကို နားလည္လက္ခံေပးပါ

လိုအပ္တဲ့အခ်ိန္ ေဘာ္ဒါသင္းပင္းေတြနဲ႔ လြတ္လြတ္လပ္လပ္သြားပါေစ။ သြားဖို႔အားေပးပါ။ ကိုယ္လည္း ကိုယ့္မိန္းကေလးသူငယ္ခ်င္းအခ်င္းခ်င္းဆုံလို႔ရတာပဲ။

တခါတေလမွ ဘာအေၾကာင္းနဲ႔ျဖစ္ျဖစ္ သူတေယာက္တည္းေနခ်င္တဲ့အခါမ်ိဳးေတြဆို ျပႆနာမရွာပဲ နားလည္လက္ခံေပးပါ။ ဒီလိုနားလည္ေပးမႈက သူ႔ကို စိတ္ခ်လုံၿခဳံေစတဲ့ အထူးတလည္ခ်စ္ျမတ္ႏိုးမႈလို႔ သူခံစားရမွာပါ။

Credit : Shwealin

Unicode

ယောကျာင်္းလေးတွေ သဘောကျတတ်ကြတဲ့ မိန်းကလေးတစ်ယောက်ရဲ့အပြုအမူများ

အမျိုးသားတွေကမားစ်ဂြိုဟ်ကလာပြီး အမျိုးသမီးတွေကဗီးနပ်စ်ဂြိုဟ်ကလာတယ်လို့ဆိုပါတယ်။

ကျားနဲ့မ မှာ လိုအပ်ချက်၊ စိတ်ဆန္ဒ နဲ့ အပြုအမူတွေက တစ်ယောက်နဲ့တစ်ယောက်ကွာခြားချက်တွေရှိတာကြောင့် စိတ်ရောကိုယ်ပါပျော်ရွှင်ရတဲ့နှစ်ကိုယ်တူဘဝကိုတည်ဆောက်ကြဖို့ဆိုရင် တစ်ယောက်သဘာဝတစ်ယောက် သိထားကြဖို့လိုလာပါတယ်။

သိပ်ချစ်ဖို့ကောင်းတဲ့အမျိုးသမီးဆိုတာမျိုး ယောကျာင်္းလေးတွေဘက်ကခံစားလာရဖို့ သူတို့ ကြိုက်နှစ်သက်တတ်တဲ့ အပြုအမူလေးတွေကို ပြောပြပေးပါ့မယ်။

သူ့ကို ပူးကပ်ပွေ့ဖက်ထားတာမျိုး….

ကိုယ်လက်တွဲဖော်နဲ့ အထိအတွေ့အရရော၊ စိတ်ခံစားမှုအရရော နီးကပ်စွာထိတွေ့ရင်းနှီးနေရတာမျိုး သူတို့သိပ်မြတ်နိုးပါတယ်။ သူ့ရင်ခွင်ထဲ ကိုယ်ကနူးညံ့စွာတိုးဝင်တာမျိုး၊

သူ့ပခုံးအပေါ်အသာအယာမှီတာမျိုးက သူ့တို့အတွက်ကိုယ်နဲ့ပတ်သက်ပြီး တစ်လောကလုံးကိုပိုင်ဆိုင်ထားရသလိုမျိုး စိတ်ပိုင်းဆိုင်ရာစိတ်ချလုံခြုံစေမှာပါ။

သူကိုယ့်ကိုနမ်းပြီးတဲ့အခါ ကိုယ်ပြုံးတဲ့အပြုံးလေး….

ဒီလိုတုံ့ပြန်မှုမျိုးက သူအသည်းအကြီးကြီးခိုက်စေမှာပါ။ သူနမ်းတာကို ကိုယ်ကမြတ်နိုးပါတယ်ဆိုတဲ့ခံစားချက်မျိုးပြန်ရတာမျိုး ယောကျာင်္းလေးတိုင်းလိုအပ်ကြပါတယ်။

သူ့မသိအောင်သူ့ကို ကိုယ်ကငေးနေတာမျိုး

အဲ့လိုအချိန်တွေ သူ့ကို ကိုယ်ကငေးနေတုန်း ကိုယ့်ကိုသူအငိုက်ဖမ်းမိသွားရင် သူတအားပျော်ပါတယ်။ ရထားစီးနေတုန်း၊ ပါတီပွဲရောက်နေတုန်း၊

တစ်ယောက်နဲ့တစ်ယောက် လှမ်းနေတဲ့အချိန်တွေ အဲ့လိုသံယောဇဉ်ဝေ့သီနေတဲ့အငေးလေးတွေနဲ့ သူ့ကိုပြုစားထားနိုင်ပါတယ်။ ဒါ့ထက်ပိုပြီး သူသိပ်ကြိုက်တဲ့ဖီလင်တော့မရှိတော့လောက်အောင်ပဲ။

သူလုပ်သလို ကိုယ်ကလိုက်တုလုပ်တာမျိုး…

သိသိသာသာကြီးလိုက်လုပ်ရင်တော့ ချော်တောငေါ့သလို ဖြစ်ကုန်မှာပေါ့။ အသာအယာလေးနူးညံ့စွာမသိမသာ သူဆံပင်သပ်ရင် ကိုယ်ကလိုက်သပ်ဖြစ်တာမျိုးပေါ့။ သူ့ကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။

ကိုယ်ကရိုးသားပေးတာမျိုး…

ရေရှည်လက်တွဲကြဖို့ ရည်ရွယ်ထားရင် တစ်ဦးပေါ်တစ်ဦး ရိုးသားကြတာအကောင်းဆုံးပါ။ ကျားမ မရွေး တစ်ဖက်သားရဲ့ရိုးသားမှုကို တန်ဖိုးထားကြပါတယ်။

သူပြောတဲ့ဟာသတွေကို လိုက်ရယ်ပေးတာ

အမျိုးသားတွေ အမျိုးသမီးတွေဆီက အလိုချင်ဆုံးထဲကတစ်ချက်ပါပဲ။ သူဟာသပြောတဲ့အချိန် ကိုယ်ကစိတ်လိုလက်ရ ရယ်မောမိရင် ဖရဏာပီတိ ဂွမ်းဆီထိပြီး သူတအားကျေနပ်ပါတယ်။

သူ့ဆံပင်လေးတွေ ထိုးဖွကစားတာ…

အတူတူရုပ်ရှင်ကြည့်နေရင်ပဲဖြစ်ဖြစ်၊ သူကားမောင်းနေတုန်းပဲဖြစ်ဖြစ် သူ့ရဲ့ဆံပင်လေးတွေကို အသာအယာထိုးဖွဆော့ကစား ယုယပွတ်သပ်ပေးတာက သူ့ကိုဘယ်လောက်တွယ်တာလဲဆိုတာ သူခံစားမိစေပါတယ်။

လွမ်းရင်လွမ်းတဲ့အကြောင်းပြောတာမျိုး…

ခဏခွဲခွာနေရတဲ့အခါမျိုးတွေမှာ ဖုန်းခေါ်စာပို့ပြီး ဘယ်လောက်လွမ်းရကြောင်း အလွမ်းပြေဖွင့်ပြောပေးပါ။ သူ့ကိုပျော်ရွှင်စေပါတယ်။

ကိုယ်ခန္ဓာချင်းထိတွေ့ရတာ သူသိပ်ကြိုက်ပါတယ်….

သဘောကလိင်ကိစ္စကိုဆိုလိုတာမဟုတ်ပဲ စိတ်ကူးပေါက်ရင်ပေါက်သလို သူ့ကိုပွေ့ဖက်ပေးတာ၊ ပါးလေးကို နမ်းမွှေးပေးတာ၊ သူ့နဲ့ဘေးချင်းကပ်ထိုင်နေရင် …

သူ့ဒူးခေါင်းလေး၊ ပေါင်လေးအပေါ် ကိုယ့်လက်လေးတင်ထားပေးတာ၊ လမ်းသွားနေရင်း လက်နဲ့သိုင်းဖက်ထားပေးတာမျိုးတွေပေါ့။ လိင်ကိစ္စထက်ကိုပိုပြီး ကိုယ့်ကိုစွဲလမ်းနှစ်ခြိုက်စေမယ့်အရာတွေပါ။

ချီးကျူးပေးပါ….

ကိုယ့်လက်တွဲဖော်ယောကျာင်္းကို အမြဲချီးကျူးပေးဖို့လိုပါတယ်။ ချီးကျူးပေးခြင်းက သူတို့ကိုအသိအမှတ်ပြုတဲ့သဘောဖြစ်စေပြီး တကယ်ချစ်မြတ်နိုးခံရတဲ့စိတ်ပျော်ရွှင်မှုကိုရစေပါတယ်။

သူ့ကိုသူ့အရှိအတိုင်း ကိုယ်က ကျေနပ်လက်ခံတဲ့သဘောဖြစ်စေပြီး သူပြောတာ သူလုပ်တာလေးတွေကို ကိုယ်ကအမြဲချစ်သက်ဝင်နေပုံ ခံစားရစေတာကြောင့်ပါ။

အကြံဉာဏ်တောင်းပါ….

ကိုယ်ကလေးစားလို့၊ တန်ဖိုးထားလို့ သူ့ဆီက ကိုယ်အခက်အခဲအပေါ်ဘယ်လိုမြင်တယ်၊ ဘယ်လိုလေးလုပ်လို့ရမလဲဆိုတာ အကြံဉာဏ်တောင်းဖြစ်တယ်ဆိုရင် ….

ဒါကိုယ့်လက်တွဲဖော်အတွက် အခွင့်ထူးခံ ခံစားမှုပါပဲ။ သူ့ဆီက အကြံဉာဏ် နဲ့ သူ့အမြင်ကို အမြဲမေးပေးပါ။

သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန် Personal Space ကို နားလည်လက်ခံပေးပါ

လိုအပ်တဲ့အချိန် ဘော်ဒါသင်းပင်းတွေနဲ့ လွတ်လွတ်လပ်လပ်သွားပါစေ။ သွားဖို့အားပေးပါ။ ကိုယ်လည်း ကိုယ့်မိန်းကလေးသူငယ်ချင်းအချင်းချင်းဆုံလို့ရတာပဲ။

တခါတလေမှ ဘာအကြောင်းနဲ့ဖြစ်ဖြစ် သူတယောက်တည်းနေချင်တဲ့အခါမျိုးတွေဆို ပြဿနာမရှာပဲ နားလည်လက်ခံပေးပါ။ ဒီလိုနားလည်ပေးမှုက သူ့ကို စိတ်ချလုံခြုံစေတဲ့ အထူးတလည်ချစ်မြတ်နိုးမှုလို့ သူခံစားရမှာပါ။

Credit : Shwealin